backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နှလုံးရောဂါရှိသူကို ပြုစုစောင့်ရှောက်ရာမှာ အရေးကြီးတဲ့အချက် (၃) ချက်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နှလုံးရောဂါရှိသူကို ပြုစုစောင့်ရှောက်ရာမှာ အရေးကြီးတဲ့အချက် (၃) ချက်

နှလုံးရောဂါသည် လူနာကို စောင့်ရှောက်ရသည်မှာ လွယ် ကူ သောအလုပ်တော့ မဟုတ်ပါဘူး။ ပြုစုစောင့်ရှောက်သူအနေဖြင့် နေ့ရက်တိုင်းတွင် တာဝန်ယူမှုတွေနှင့် လုံးပန်းနေရမှာပါ။

၁။ ကျန်းမာရေးနှင့်ညီညွတ်စေသော စားသောက်မှုပုံစံကို ထိန်းသိမ်းပါ။

နှလုံးရောဂါရှိသော လူနာများသည် အဆီနှင့်ဆီကြော်မုန့်များ စားလို့မရပါဘူး။ လူနာများကို ဆီကြော်မုန့်များ မစားအောင် ထိန်းနိုင်ဖို့ရန် ခက်ခဲပါသည်။ သို့သော်လည်း တတ်နိုင်သမျှ မစားအောင် တင်းကြပ်ရန်မှာ သင့်တာဝန်သာ ဖြစ်ပါသည်။ သူတို့ကို အသီးအနှံ၊ အရွက်နှင့် အဆီမပါသော အသားများ စားသုံးအောင် တိုက်တွန်းပါ။ အလွန်ငန်သော ဟင်းပွဲများသည် နှလုံးရောဂါသည်လူနာများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်ပါသည်။ ထို့ ကြောင့် ဆား စားသုံးမှုပမာဏကို လျော့သင့်ပါသည်။ သူတို့အတွက် အစားအသောက် စီစဉ်ရသည်မှာခက်ခဲလျှင် အာဟာရ ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

၂။ သူတို့နှင့်အတူ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်လက်လှုပ်ရှားခြင်းသည် ကျွန်ုပ်တို့နှလုံးကို ကျန်းမာစေသော တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ နှလုံးလူနာများသည် လေ့ကျင့်လှုပ်ရှားရမည်ကို ကြောက်ရွံ့တတ်ကြသည်။ ထို့ ကြောင့် သင်သူ့ကို လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ တိုက်တွန်းရန် လိုအပ်ပါလိမ့်မည်။ လူနာ၏ရောဂါအခြေအနေပေါ်မူတည်၍ သတ်မှတ်ထားသော လေ့ကျင့်ခန်းအဆင့်တွေ ရှိပါသည်။ လူနာအတွက် သင့်တော်သော လေ့ကျင့်ခန်းအစီအစဉ်ကို ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ အခြေခံစည်းမျဉ်းကတော့ အပေါ့ပါးဆုံး ကိုယ်လက်လှုပ်ရှားမှုနှင့် စတင်၍ တဖြည်းဖြည်း သတ်မှတ်ထားသော အဆင့်ထိ အားကစား ပြုလုပ်သွားရန် ဖြစ်သည်။ သူတို့နှင့်အတူ လေ့ကျင့်ခန်း လိုက်လံပြုလုပ်ခြင်းဖြင့် လူနာ၏ စိတ်ဓါတ်ကို ပိုမိုတက်ကြွစေနိုင်ပါသည်။

၃။ ဆေးဝါးများဖြင့် ကူညီပါ။

အကယ်၍ သင့်လူနာသည် ဆေးသောက်ရန် သတိမေ့တတ်သောသူဆိုလျှင် အမှားအယွင်းကင်းအောင် ဆေးထည့်သောဘူး ဝယ်ပေးခြင်းဖြင့် သင်ကူညီနိုင်ပါသည်။ ဆရာဝန်နှင့် ပြသတိုင်း သောက်ရမည့်ဆေးစာရင်းကို ရေးမှတ်ထားသင့်သည်။ လူနာတစ်ဦးတွင် အထူးကုများစွာနှင့် ပြထားသော ကျန်းမာရေး ကိစ္စများစွာ ရှိနိုင်ပါသည်။ လူနာသုံးစွဲနေသော ဆေးဝါးများကို သိခြင်းအားဖြင့် ဆရာဝန်၏ကုသမှုကို များစွာအထောက်အကူ ပြုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အချို့သောဆေးများသည် အတူတွဲသောက်ပါက အန္တရာယ်ရှိနိုင်သောကြောင့်ဖြစ်သည်။

လူနာရှင်အနေနှင့် တာဝန်ကြီးသည်မှာ ဓမ္မတာပင် ဖြစ် သည်။ ယင်းတာဝန်ကပင် သင့်ကို စိတ်ဖိစီးမှု ပေးနိုင်ပါ သည်။ လူနာရှင် တော်တော်များများသည် သူများကို ဂရုစိုက်နေရသောကြောင့် မိမိကိုယ်ကို ဂရုမစိုက်နိုင် ကြပါဘူး။ သင်နေထိုင်ကောင်းရန် အရေးကြီးသည်ကို နားလည်ဖို့လိုအပ်ပါသည်။ သင်ပင်ပန်းသည်ဆိုလျှင် ခဏအနားယူလိုက်ပါ။ သင်လိုအပ်သောအခါတွင် တခြားသူများကို အကူအညီတောင်းရန် မစိုးရွံ့ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement