နှလုံး ဘက်တီးရီးယားပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

သာမန်ဆေးဖက်ဆိုင်ရာကုထုံး၊ လုပ်ဆောင်မှုများက သွေးထဲသို့ဘက်တီးရီးယားပိုးများပြန့်သွားစေပြီး ၎င်းတို့သည် နှလုံး၏အတွင်းနံရံတွင် သွားတွယ်ကာ နှလုံးရောင်ခြင်းဖြစ်ရသည်။ ထိုသို့ဖြစ်လျှင် ကုသမှုမခံယူပါက နှလုံးအလုပ်မလုပ်နိုင်တော့ကာ သေဆုံးသည်အထိဖြစ်နိုင်သည်။ ထိရောက်သောကုသမှုမျိုးက ဘက်တီးရီးယားကြောင့်ဖြစ်သော နှလုံးအတွင်းနံရံရောင်ခြင်းကို လျှင်မြန်စွာသက်သာပျောက်ကင်းစေပါသည်။

ဘက်တီးရီးယားကြောင့် နှလုံးအတွင်းနံရံရောင်ခြင်း ဘယ်လိုဖြစ်တာလဲ။

နှလုံးအတွင်းနံရံရောင်ခြင်းသည် အများအားဖြင့် သွေးထဲသို့ပြန့်သွားသောဘက်တီးရီးယားများကပုံမှန်မဟုတ်သောနှလုံးအဆို့ရှင်တွင် သွားတွယ်သောကြောင့်ဖြစ်ရသည်။ ၎င်းသည် သွေးလေးဘက်နာကြောင့်နှလုံးအဆို့ရှင် ကျွံခြင်း၊ ထူခြင်းဖြစ်ဖူးသောသူများတွင် ပိုအဖြစ်များသည်ကိုတွေ့ရသည်။
ကျွနုပ်တို့၏သွေးကြောထဲတွင် ပိုးမွှားများသည် အချိန်အခါမရွေးရှိနေတတ်သည်။ သွားဆေးခန်းပြသည့်အခါမျိုး၊ သာမန်ခွဲစိတ်မှု၊ နှင့် ဓါးရှမိသည့်အခါမျိုးတွင် သွေးထဲသို့ပိုးဝင်တတ်သည်။ ထိုအခါ ကျွနုပ်တို့ခန္ဓါကိုယ်ထဲရှိခုခံအားစနစ်ကထိုပိုးကောင်များကိုပြန်လည်တိုက်ခိုက်သည်။ သို့သော် streptococcus၊ enterococcus နဲ့ staphylococcus အနွယ်ဝင်ဘက်တီးရီးယားများကသွေးထဲမှတဆင့် နှလုံးဆီသို့ရောက်သွားကြသည်။
ထိုဘက်တီးရီးယားများသည် ပါးစပ်ထဲ၊ အစာခြေလမ်းကြောင်၊ ဆီးလမ်းကြောင်းနှင့် အသက်ရှုလမ်းကြောင်းတို့တွင် ရှိနေစဉ် လူကိုအန ္တရာယ်မပေးပါ။ ဥပမာသွားချေးချွတ်ခြင်းကဲ့သို့သောသွေးထွက်စေသောကုသမှုမျိုးကသာလျှင် နှလုံးကိုထိခိုက်စေတတ်သည်။ အခြားဖြစ်နိုင်စေသောဥပမာများမှာအာသီးဖြတ်ခြင်း ၊ လေပြွန်မှန်ပြောင်းကြည့်ခြင်းနှင့် ခွဲစိတ်မှုများ၊ ဆီးကျိတ်နှင့် သည်းခြေကျောက်၊ အစာအိမ်အူလမ်းကြောင်းနှင့် ဆီးလမ်းကြောင်းခွဲစိတ်မှုများတို့ဖြစ်သည်။ သွေးကြောတွင်းသို့မူးယစ်ဆေးကဲ့သို့တရားမဝင်သော ဆေးများထိုးလေ့ရှိသောသူများတွင်လည်းနှလုံးအတွင်းနံရံရောင်ခြင်းဖြစ်နိုင်သည်။

ဘယ်သူတွေမှာ နှလုံးအတွင်းနံရံရောင်ခြင်းဖြစ်သလဲ။

သင့်နှလုံးကျန်းမာနေလျှင် ထိုရောဂါဖြစ်ခဲသည်။ လက်တွေ့ကျကျပြောရလျှင် နှလုံးအဆို့ရှင်မကောင်းသူ၊ အဆို့ရှင်အတုတပ်ထားသူ၊ မွေးရာပါ သို့မဟုတ် လေးဖက်နာကြောင့် အဆို့ရှင်များပျက်စီးနေသူ၊ နှလုံးဘယ်ဘက်အပေါ်ခန်းအဆို့ရှင်ကျွံနေသူများတွင် ဘက်တီးရီးယားကြောင့် နှလုံးအတွင်းနံရံရောင်ခြင်းအဖြစ်များသည်။

နှလုံးအတွင်းနံရံရောင်ခြင်းရဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ရောဂါလက္ခဏာများသည် တယောက်နှင့် တယောက်ကွာခြားမှုရှိပြီး သိသာထင်ရှားမှုမရှိပေ။ လူနာသည် တုပ်ကွေးကဲ့သို့ပင် ရက်ရှည်လများချမ်းတုန်ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မလုပ်ချင်မကိုင်ချင်ဖြစ်ခြင်း၊ အားနည်းခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းစသည်တို့ဖြစ်တတ်သည်။ ထိုအခါ ဆရာဝန်က နှလုံးကိုနားကြပ်ဖြင့်နားထောင်ခြင်းဖြင့် ရောဂါကိုသံသယရှိလျှင် သွေးစစ်ခြင်း၊အသံလှိုင်းဖြင့်နှလုံးအက်ကိုးဓါတ်မှန်ရိုက်ခြင်းတို့ပြုလုပ်ကာရောဂါကိုတိတိကျကျသိနိုင်သည်။

နှလုံးအတွင်းနံရံရောင်ခြင်းကို ကာကွယ်နိုင်ပါသလား။

သင့်တွင်နှလုံးရောဂါရှိလျှင် အထက်ပါရောဂါဖြစ်နိုင်ချေရှိမရှိ ဆရာဝန်နှင့်တိုင်ပင်ပါ။ ဖြစ်နိုင်ချေရှိပါက ကာကွယ်ဖို့လိုအပ်သည်။ သင့်သွားဆရာဝန် သို့မဟုတ် သမားတော်အား သင့်အခြေအနေကိုကြိုအသိပေးပါ။ သွားကို တခုခုကုသရန်အစီအစဉ်ရှိပါက မလုပ်မီတစ်နာရီအလိုတွင် ပိုးသတ်ဆေးသောက်ရမည်။ သင့်ဆရာဝန်က သင့်ရောဂါအခြေအနေကိုရေးသားထားသည့် ကဒ်ပြားမျိုးကိုလည်းကိုယ်နှင့်မကွာဆောင်ခိုင်းထားနိုင်သည်။

ဘက်တီးရီးယားကြောင့်ဖြစ်သော နှလုံးအတွင်းနံရံရောင်ခြင်းကို ဘယ်လိုကုမလဲ။

ထိုရောဂါဖြစ်ပြီဆိုလျှင် ပိုးသတ်ဆေးကို ၄-၆ လအထိမှီဝဲရသည်။ ရောဂါအခြေအနေအပေါ်မူတည်ပြီးပထမအကြောထဲထိုးသောပိုးသတ်ဆေးကိုဆေးရုံတွင်ထိုးပြီးသက်သာသွားမှအိမ်မှာသောက်ဆေးဆက်သောက်တာမျိုးဖြင့် ကုသရသည်။ လူနာတွင်ရှိသော ဘက်တီးရီးယားအမျိုးအစားအပေါ်မူတည်ပြီး ပိုးသတ်ဆေးအမျိုးအစားကွာခြားသည်။ ဥပမာ ပင်နီဆလင်ဆေးသည် Streptococcus ကဲ့သို့သော ပိုးကောင်များကိုနိုင်နင်းသည်။ သို့သော် ပိုးကောင်အမျိုးအမည်မသိသေးသော အခြေအနေမျိုးတွင် မူစွယ်စုံရပိုးသတ်ဆေးများကို သုံးရသည်။
လူအများစုတွင် ပိုးကောင်များက လျင်မြန်စွာနှိမ်နင်းနိုင်ကြသည်။ သို့သော် ကံဆိုးစွာဆေးယဉ်ပါးမှုများလည်း အတော်ဖြစ်နေသည်ကိုတွေ့ရသည်။ ထို့ကြောင့် ကုသမှုခံယူနေချိန်တွင် သင့်ဆရာဝန်က သင့်အခြေအနေတိုးတက်မှုကို ဂရုထားလိမ့်မည်။ ရှားရှားပါးပါးအချို့လူနာများသည် ကုသနေချိန်အတွင်း နှလုံးရောဂါပိုဆိုးသွားတတ်သည်။ ထိုအခါ နှလုံးခွဲစိတ်မှုခံယူကာ ကုသရကောင်းကုသရနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

    ရနံ့ကုထုံး (Aromatherapy) ကို essential oil therapy လို့လည်း ခေါ်ကြပါတယ်။ ရှေးရိုးရာနည်းလမ်းတစ်ရပ်ပေါ့။ စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေဖို့ အသုံးပြုပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု

    ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု အကြောင်းကို ပြောပြချင်ပါတယ်။ ဘာလို့လဲဆိုရင် Myth တွေဟာ လူတွေရဲ့ ကျန်းမာရေးကို အများကြီး ဒုက္ခပေးတတ်တာကြောင့်ပါ

    ရေးသားသူ Ye Zon Aung

    ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

    အမျိုးသားတွေဟာ သူတို့ရဲ့ လိင်မှုစွမ်းဆောင်ရည် အားနည်းနေပြီ၊ ကျဆင်းလာနေပြီဆိုတာကို ထုတ်ပြောဖို့ သပ်ပြီး တွန့်ဆုတ်တတ်ကြပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung

    အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

    အမျိုးသမီးတွေမှာ ခံစားရနိုင်ခြေများနေတဲ့ ကျန်းမာရေးပြဿနာတွေက ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သွေးဆုံးတာ၊ ကိုယ်ဝန်ဆောင်တာတွေပါ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    သင့်အတွက် ရွေးချယ်ထားသည်

    ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

    ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
    အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

    အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
    နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

    နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read

    ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read