backup og meta

ရင်တလှပ်လှပ်တုန်စေရတဲ့ အကြောင်းရင်း(၁၁)ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်တလှပ်လှပ်တုန်စေရတဲ့ အကြောင်းရင်း(၁၁)ခု

    ရင်ထဲမှာ တလှပ်လှပ်နဲ့ဖြစ်နေတာ၊ အသက်ရှူရတာ တမျိုးဖြစ်နေတာတွေ ရင်တုန်ပန်းတုန်ခံစားဖူးမှာပေါ့။ နှလုံးနဲ့ပတ်သက်တဲ့လက္ခဏာဆိုရင်တော့ စိုးရိမ်ဖို့ကောင်းပေမယ့် နှလုံးရောဂါကြောင့်မဟုတ်တဲ့ တခြားအကြောင်းရင်းတွေလည်း အများကြီးရှိတယ်ဆိုတာ သိပ်မသိကြပါဘူး။ ရင်တုန်တယ်ဆိုတိုင်း ခရက်ရှ်နဲ့တွေ့လို့ ရင်ခုန်တယ်ချည်း ထင်မနေနဲ့ဦးနော်။ ဒါတွေကြောင့်လည်း ဖြစ်နိုင်တယ် –

    (၁) စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု

    ပြင်းထန်တဲ့စိတ်ခံစားချက်တွေကြောင့် နှလုံးခုန်နှုန်းကိုမြန်စေတဲ့ဟော်မုန်းတွေထုတ်ပေးပါတယ်။ ရုတ်တရက်ကြောက်လန့်စိတ်ကြောင့်ဖြစ်လာတဲ့ ရင်တုန်တာက မိနစ်အနည်းငယ်ကြာနိုင်ပါတယ်။ ချွေးစေးထွက်တာ၊ နှလုံးခုန်မြန်တာ၊ ချမ်းတာ၊ အသက်ရှူရခက်တာတွေဖြစ်လာနိုင်တယ်။

    (၂) ကဖင်း

    မနက်ပိုင်းကော်ဖီသောက်ပြီး နှလုံးခုန်ပိုမြန်နေတာလား။ ကော်ဖီပဲဖြစ်ဖြစ်၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်၊ ချောကလက် စတာတွေကနေရတဲ့ ကဖင်းဓါတ်ကြောင့် နှလုံးခုန်မြန်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကဖင်းသောက်တာများတဲ့သူတွေမှာ ရင်တုန်တတ်တာ မကြာခဏကြုံရပါတယ်။

    (၃) နီကိုတင်း

    စီးကရက်နဲ့တခြားဆေးရွက်ကြီးထုတ်ကုန်တွေမှာ ပါတဲ့ နီကိုတင်းက သွေးဖိအားကိုမြင့်စေပြီး နှလုံးခုန်နှုန်းကိုမြန်စေပါတယ်။ ကိုယ့်ရဲ့နှလုံးကိုကျန်းမာစေချင်တယ်ဆိုရင် ဆေးလိပ်ဖြတ်တာအကောင်းဆုံးပါပဲ။ ရင်တုန်ခြင်းက နီကိုတင်းဖြတ်တဲ့အခါလည်း ဖြစ်တတ်ပေမယ့် အဲဒါမျိုးကျ ဆေးလိပ်ဖြတ်ပြီး ၃/၄ ပတ်အတွင်း သက်သာသွားတတ်ပါတယ်။

    (၄) ဟော်မုန်းအပြောင်းအလဲ

    အမျိုးသမီးတွေဟာ ရာသီလာတဲ့အချိန်၊ ကိုယ်ဝန်ဆောင်ကာလ၊ သွေးဆုံးချိန်နီးလာတဲ့အခါ နဲ့ သွေးဆုံးချိန်တို့မှာ နှလုံးခုန်မြန်နေတတ်ကြပါတယ်။ အကြောင်းရင်းကတော့ ဟော်မုန်းပမာဏကြောင့်ပါပဲ။ ပုံမှန်အားဖြင့် ဒီလိုမြန်လာတာက ယာယီပဲဖြစ်ပြီး စိုးရိမ်ဖို့မလိုပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းရင်လည်း ရင်တလှပ်လှပ်တုန်တတ်ပါတယ်။

    (၅) ဆေးဝါး

    ကိုယ်သောက်သုံးနေတဲ့ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း ရင်တုန်တတ်ပါတယ်။ ဥပမာ – ပဋိဇီဝဆေးဝါးတွေ၊ မှိုပိုးအတွက်ဆေးဝါးတွေ၊ ပန်းနာရင်ကျပ်ဆေး၊ ချောင်းဆိုးအအေးမိသက်သာဆေး၊ အဆီကျဆေး၊ သွေးတိုးထိန်းဆေး၊ သိုင်းရွိုက်ဆေးဝါးတွေ ပါဝင်ပါတယ်။ ဒီဆေးတွေကို တစ်မျိုးတည်း သို့မဟုတ် တစ်မျိုးထက်ပိုပြီးသောက်ထားတယ်ဆိုရင် နှလုံးခုန်နှုန်းကို သက်ရောက်မှုရှိလာတဲ့အခါ ဆရာဝန်နဲ့တိုင်ပင်ပါ။

    (၆) သွေးပေါင်ကျခြင်း

    ဗိုက်ဆာလို့ ကတုန်ကယင်ဖြစ်တာ၊ အားနည်းသွားတာတွေ ဖြစ်ဖူးတယ်မလား။ အစာမရှိလို့ သွေးတွင်းသကြားဓာတ်တွေကျဆင်းတဲ့အခါ adrenaline လို ဟော်မုန်းတွေထွက်စေပါတယ်။ Adrenaline ကြောင့် နှလုံးခုန်သံမြန်စေပါတယ်။

    (၇) သိုင်းရွိုက်ဂလင်းလှုပ်ရှားမှုလွန်ကဲခြင်း

    သိုင်းရွိုက်ဂလင်းလှုပ်ရှားမှုလွန်ကဲခြင်းဆိုတာ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုလွန်ကဲတာဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများရင် နှလုံးခုန်သံတဒုန်းဒုန်းဖြစ်စေနိုင်ပါတယ်။

    (၈) နှလုံးခုန်စည်းချက်ပြဿနာ

    နှလုံးခုန်စည်းချက်နဲ့ပတ်သက်တဲ့ပြဿနာ သို့မဟုတ် ပြဿနာတစ်ခုခုရှိနေရင်လည်း ဒီလိုဖြစ်တာ လက္ခဏာပြနေတာ ဖြစ်နိုင်ပါတယ်။

    (၉) အယ်လ်ကိုဟော

    သောက်တာများရင် ဒါမှမဟုတ် ပုံမှန်သောက်နေကျထက် ပိုတယ်ဆိုရင် နှလုံးခုန်သံမြန်နိုင်ပါတယ်။ တချို့လူတွေမှာဆိုရင် နည်းနည်းလေးပဲသောက်တာနဲ့တောင် နှလုံးခုန်မြန်၊ ရင်တုန်တတ်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်ပြဖို့လိုမလဲ

    ကျန်းမာသူတစ်ယောက်ဆိုရင်တော့ တစ်ခါတလေဖြစ်တာ စိုးရိမ်ဖို့မလိုပါဘူး။ ဒါပေမယ့် –

    • ရင်ဘတ်အောင့်တာ ၊ ဖိထားသလိုခံစားရတာ
    • အသက်ရှူမဝတာ
    • ခေါင်းမူးတာ
    • သတိလစ်မေ့မျောတာ

    ဒီလက္ခဏာတွေပါတွဲပြီး ဖြစ်လာတယ်၊ မကြာခဏဖြစ်တတ်တယ် ဒါမှမဟုတ် အချိန်ကြာကြာဖြစ်တယ် ဆိုရင် ဆရာဝန်ပြပြီး စစ်ဆေးကုသဖို့လိုပါမယ်နော်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement