backup og meta

ကဖင်းဓါတ်ကို ရှောင်နိုင်ရင် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရလာမလဲ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကဖင်းဓါတ်ကို ရှောင်နိုင်ရင် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရလာမလဲ။ ။

    ဒီဆောင်းပါးလေးရဲ့ ခေါင်းစဉ်ကို မြင်လိုက်တာနဲ့ ငါတို့ကို ကဖင်းဓါတ် လုံးဝဖြတ်ခိုင်းတော့မှာ။ ကဖင်းဓါတ်ရဲ့ မကောင်းတဲ့အကြောင်းတွေ တန်းစီပြီးပြောတော့မယ်လို့တော့ မထင်လိုက်ပါနဲ့။ ကဖင်းဓါတ်ဆိုတာကလည်း လုံးဝကို မကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် အရမ်းကြီးကောင်းတဲ့ အထဲမှာလည်း မပါတာကြောင့် ဒီဆောင်းပါးထဲမှာ ကဖင်းဓါတ်ကို ရှောင်ရင် ရနိုင်တဲ့ ကောင်းကျိုးတွေ အကြောင်းပြောပြပေးချင်တာပါ။ ကဖင်းဓါတ်ဆိုတော့ အဓိကက ကော်ဖီနဲ့ အားပြည့်အချိုရည် တွေကို ရှောင်ဖို့ပေါ့ ။ ။

    ကဖင်းဓါတ်ကို မမှီဝဲတာကြောင့် ရလာနိုင်တဲ့ ကောင်းကျိုးတွေ ။ ။

  • စိုးရိမ်ပူပန်မှု လွန်ကဲတာတွေ လျော့ပါးသွားပါလိမ့်မယ် – ကဖင်းဓါတ်က လူကို လန်းဆန်းစေတဲ့ ဓါတ်တစ်ခုဖြစ်တယ်ဆိုတာ အားလုံးသိပြီးကြမှာပါ။ ဒီလို လန်းဆန်း စေတဲ့ အာနိသင်ကြောင့် သူဟာ လူကိုတက်ကြွစေတဲ့ ဟော်မုန်းတွေဖြစ်တဲ့ “fight or flight” ဟော်မုန်းတွေကို ထွက်စေပါတယ်။ ဒီဟော်မုန်းတွေကြောင့် ရင်တုန်တာ၊ စိတ်ပူပန်မှု လွန်ကဲတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ကော်ဖီစွဲသွားတဲ့အခါ သူ့ကို မသောက်ရ မနေနိုင်တော့ဘဲ သူရှိမှ ပြည့်စုံမယ့် ကော်ဖီရဲ့ သားကောင်ဖြစ်သွားတတ်ပါတယ်၊
  • ညဘက်ကို အိပ်ကောင်းစေပါတယ် – အားလုံးသိကြတဲ့အတိုင်း ကဖင်းဓါတ်ရဲ့ နာမည်အကြီးဆုံး ဆိုးကျိုးကတော့ ညဘက်အိပ်မပျော်စေတာပဲ ဖြစ်ပါတယ်။ ဒီတော့ ကဖင်းဓါတ်ကို ရှောင်နိုင်ရင် အိပ်မရတဲ့ ညတွေကို ကျော်ဖြတ်နိုင်ပြီပေါ့။
  • အာဟာရဓါတ်တွေ ပြည့်ဝလာပါလိမ့်မယ် – ကဖင်းမှာပါတဲ့ tannis ဓါတ်က ကယ်လ်ဆီယမ်သံဓါတ်နဲ့ ဗီတာမင် B တို့ စုပ်ယူခြင်းကို နှောင့်ယှက်တာကြောင့် အာဟာရဓါတ်ချို့တဲ့မှုတွေဖြစ်တတ်ပါတယ်။ ကဖင်းဓါတ် မမှီဝဲတဲ့သူတွေ ဆီမှာတော့ ဒီလို ဆိုးကျိုးတွေ မရှိတာကြောင့် ကဖင်းဓါတ်ကို ရှောင်နိုင်ရင် အကောင်းဆုံးပါ။
  • ပိုမိြုဖူဖွေးတဲ့ သွားတွေကို ကော်ဖီသောက်တဲ့သူတွေထက် ပိုင်ဆိုင်နိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ ကော်ဖီဟာ သွားတွေကို အရောင်စွန်းစေတယ်လေ ။
  • အီစတိုဂျင် ဟော်မုန်းအပြောင်းလဲ ဖြစ်တာတွေ နည်းသွားပါတယ် – အမျိုးသမီးတွေ အနေနဲ့ ကဖင်းဓါတ်ကို ရှောင်နိုင်ရင် အကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေမှာ အရေးအကြီးဆုံးဖြစ်တဲ့ အီစတိုဂျင် ဟော်မုန်းကို ကဖင်းဓါတ်က အပြောင်းအလဲ ဖြစ်စေနိုင်လို့ပါ။ အီစတိုဂျင် ဟော်မုန်း အပြောင်းအလဲဖြစ်တာကြောင့် ရင်သားကင်ဆာသားဥအိမ်ကင်ဆာ၊ နဲ့ သားအိမ်နံရံ ထူတာတွေ ဖြစ်တတ်ပါတယ်။
  • ကဖင်းဓါတ်ကို ရှောင်တာကြောင့် ေသွးပေါင်ချိန်လည်း ပုံမှန်အတွင်းမှာ ရှိနေမှာပါ – ကဖင်းဓါတ်က အာရုံကြောစနစ်ကို လှုံ့ဆော်တာကြောင့် သွေးပေါင်ချိန်ကို တက်စေတဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် သွေးတိုး သမားတွေ အနေနဲ့ ကဖင်းဓါတ်ကို ရှောင်တာ အကောင်းဆုံးပါ။
  • ကဖင်းဓါတ်မမှီဝဲတဲ့သူတွေကျတော့ သူတို့ရဲ့ ပျော်ရွှင်မှုကို သူတို့ပဲ ပိုင်ပါတယ်။ – ကဖင်းဓါတ်ဟာ ကိုကင်းမူးယစ်ဆေးလိုပဲ စိတ်ကိုပျော်စေတဲ့ အာနိသင်ရှိပါတယ်။ ဒါပေမယ့် လူကို စွဲလန်းစေတာကြောင့် ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ ကဖင်းဓါတ်အပေါ်မှာမှီနေရသလို ဖြစ်သွားတာကြောင့် ကဖင်းဓါတ်ဖြတ်တဲ့ အချိန်ကျရင်သင် ပြဿနာတက်တော့မှာပါ။
  • ကဖင်းဓါတ်က သောက်နေတုန်းကတော့ ခေါင်းကို ကြည်စေသလို ထင်ရပေမယ့် သူ့ကို ဖြတ်လိုက်ပြီဆိုရင်တော့ သင့်ခေါင်းကိုက်အောင်လုပ်တဲ့ တရားခံဟာ သူဖြစ်သွားမှာပါ။
  • အရွယ်တင်ချင်တဲ့သူတွေ ဆိုရင်တော့ ကဖင်းဓါတ်ကို ရှောင်တာကသာ အကောင်းဆုံးပါ။ ကဖင်းဓါတ်ဟာ ကော်လာဂျင်ထုတ်လုပ်မှုကို နှောင့်ယှက်တာကြောင့်ပါ။ ဒီတော့ ကဖင်းဓါတ်ကို ရှောင်လေလေ အရွယ်တင်နုပျိုလေလေ ဖြစ်မှာပါ။
  • ဒါတွေကတော့ ကဖင်းဓါတ်ကို ရှောင်နိုင်တဲ့သူတွေပဲ ရမှာဖြစ်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ကဖင်းဓါတ်က လုံးဝကို မကောင်းဘူးလို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့်လည်း ရှောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့ ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement