backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မွေးရာပါနှလုံးရောဂါရှိသည့်သင့်ကလေးကို ဘယ်လိုဂရုစိုက်မလဲ


Dr. Kaung Thar မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မွေးရာပါနှလုံးရောဂါရှိသည့်သင့်ကလေးကို ဘယ်လိုဂရုစိုက်မလဲ

မိဘများနေဖြင့် မွေးရာပါနှလုံးရောဂါရှိသည့်ကလေးငယ်ကို ပြုစုရခြင်းသည်ခက်ခဲပါသည်။ ဤဆောင်းပါးသည် သင့်ကလေးကိုစောင့်ရှောက်ပုံနှင့် မိဘများတွေ့ကြုံရမည့်အခက်အခဲများကို ဖြေရှင်းနိုင်ရန် အကြံပြုချက်များပေးပါမည်။

သင့်ကလေးဆေးရုံတွင်ရှိနေစဉ်

သင့်ကလေးသည် ဆေးရုံတွင်ခွဲစိတ်ရန်ရှိနေစဉ်တွင် သူတို့သည် အကြောဆေးသွင်းခြင်း၊ အောက်ဆီဂျင်တိုင်းခြင်း၊ အသက်ရှူစက်မှတစ်ဆင့်အောက်ဆီဂျင်ရှူခြင်း၊ ရင်ဘတ်မှအရည်စုပ်ထုတ်ခြင်းစသည့် ကုသမှုများခံယူရမည်။

ထိုလုပ်ဆောင်မှုများသည် ကလေးများသာမက မိဘများကိုပါကြောက်လန့် စိုးရိမ်စေသည်။ အောက်ပါအချက်အလက်များက မိဘများက ကလေးများကို စောင့်ရှောက်ရန်ကူညီနိုင်ပါသည်။

• ကလေးနှင့်ရင်းနှီးသောအရာဝတ္ထုများ ယူလာပါ။ ဥပမာ -အကြိုက်ဆုံးဝက်ဝံရုပ်၊ ကစားစရာများ(သို့) သက်တောင့်သက်သာဖြစ်စေသော စောင်များဖြစ်သည်။

• တတ်နိုင်သမျှ ကလေးနှင့် အတူနေပေးပါ (သို့) ကလေးနား မကြာခဏ သွားနေပေးပါ။

• သူတို့မိသားစုဝင်များ၏ နေ့စဉ်အကြောင်းကို ပြောပြပါ။(သို့) အကြိုက်ဆုံးသီချင်းကိုဆိုပေးပါ။

• သူနာပြုများကို သင့်ကလေး၏အကျင့်များ၊ နေ့စဉ်အချိန်ဇယား၊ သင့်ကလေးအသုံးပြုလေ့ရှိသော စကားလုံးများကို ပြောပြထားပါ။

• ဆေးရုံဝန်ထမ်းများကို အကူအညီတောင်းကာ သင့်ကလေးကိုဂရုစိုက်ရန် မှန်ကန်သောနည်းလမ်းကို မေးမြန်းပါ။

အောက်ဆီဂျင်ပြဿနာများကို ကိုင်တွယ်ခြင်း။

မွေးရာပါနှလုံးချို့ယွင်းမှု အချို့က သင့် ကလေး၏ ခန္ဓါကိုယ်တွင် အောက်ဆီဂျင်ပြတ်လပ်ကာ

ပြာနှမ်းမှုကိုဖြစ်စေသည်။ အရေပြားတွင် ပြာတာတာအရောင်ပြောင်းလာခြင်းသည် အောက်ဆီဂျင်ပြတ်လပ် ပြာနှမ်းခြင်း၏ လက္ခဏာဖြစ်သည်။

သင့်ကလေးတွင် ဤပြဿနာရှိပါက သင့်လုပ်သင့်သည့် ပထမဆုံးနှင့် အရေးကြီးဆုံးသောအရာမှာ သင့်ကလေးကိုငြိမ်အောင်လုပ်ပေးပါ။ ထို့နောက် ကလေးကို သူ့ဒူးခေါင်းနှင့် ရင်ခေါင်းကို ထိထားပေးပါ။ ကလေး၏ ပုံစံပြောင်းပြီးနောက် မသက်သာဘဲပိုဆိုးလာပါက အောက်ဆီဂျင်ပေးဖို့လိုအပ်သည်။ အောက်ဆီဂျင် ပေးရန် သင့်တော်သောနည်းမှာ နှာခေါင်းပေါက် အဝင်ဝမှတစ်ဆင့် ပိုက်ဖြင့် ပေးခြင်းဖြစ်သည်။ သင့်ကလေးကို လိုအပ်သည့် အောက်ဆီဂျင်ပမာဏကို ဆရာဝန်များက ဆုံးဖြတ်ပေးပါလိမ့်မည်။

သင့်ကလေးကိုနွေးထွေးအောင် ထားပေးပါ၊ လှုပ်ရှားမှုလည်းလျော့ချပါ။ ပြာနှမ်းခြင်းမှကင်းဝေးအောင် အစားအနည်းငယ်ကို ခဏခဏကျွေးပေးပါ။ ဤပြဿနာဖြစ်ပါက ဆရာဝန်ကို အမြဲတမ်းသတင်းပို့ပါ။

ဆေးပေးခြင်း

သင့်ကလေး ကို ဆေးဝါးများပေးရန် လုံခြုံသောနည်းလမ်းကို သိထားခြင်းသည် အရေးကြီးပါသည်။ အကြောင်းမှာ နှလုံးဆေးများကို မှားယွင်းပေးမိပါက ဆိုးဝါးသော နောက်ဆက်တွဲများ ဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ဆေးပမာဏနှင့် ကလေးကို ဘယ်လိုပေးရမလဲဆိုသည်ကို အပြည့်အဝနားလည်ရန်လိုပါသည်။ သင်သည် နည်းလမ်းများမသိရှိပါက ကျန်းမာရေးကျွမ်းကျင်သူများကို အကူအည်ီတောင်းခြင်းသည် ကောင်းမွန်သောအကြံဉာဏ်ဖြစ်သည်။ ကလေးကိုဆေးတိုက်ရာတွင် မိဘများဂရုစိုက်ရမည့် အခြားအရာများမှာ-

• ဆေး၏ဘေးထွက်ဆိုးကျိုးများ

• အချိန်ဇယားကျော်သွားပါက ဘာလုပ်ရမလဲ

• ကလေးက ဆေးကိုထွေးထုတ်လျှင် (သို့) အန်လျှင် ဘာလုပ်ရမလဲ

• သင့်ကလေး၏ ကျန်းမာရေးသည် ဆေးသောက်ပြီး ပြန်ကောင်းလာသောအခါ။

သင့်ကလေးကို အစားကောင်းကောင်းစားခိုင်းပါ။

အာဟာရသည် နှလုံးရောဂါရှိသည့် ကလေး၏ ကျန်းမာရေးတိုးတက်မှုတွင် အရေးကြီးသော အခန်းကဏ္ဍ မှပါဝင်နေသည်။ မွေးရာပါ နှလုံးရောဂါရှိသည့် ကလေးများသည် အစာစားသောအခါ ပင်ပန်းခြင်းကို ပို၍ခံစားရနိုင်သည်။ ထိုသို့ဖြစ်ခြင်းက ကယ်လိုရီ အလုံအလောက် မရခြင်းကိုဖြစ်စေနိုင်သည်။ စင်စစ်တွင် သူတို့သည် အခြားကလေးများထက် ကယ်လိုရီ ပို၍အသုံးလိုပါသည်။

မိဘများသည် သင့်ကလေး၏ ဗိုက်ဆာသည့် လက္ခဏာများဖြစ်သည့် လက်သီးကိုဆုပ်ထားခြင်း၊ ဂနာမငြိမ်ခြင်းတို့ကို သိရှိအောင် လေ့လာထားရမည်။ ထို့ပြင် လမစေ့ဘဲ စောမွေးလာသော ကလေးများအတွက် အထူးပြုလုပ်ထားသော ပျော့သောနို့သီးခေါင်းကို အသုံးပြုသင့်သည်။ ထို့ပြင် နို့ဘူးသုံးသောအခါ သင့်ကလေးကို လေတက်အောင် လေထုတ်ပေးပါ။ အရေးကြီးသည်မှာ သင့်ကလေးကို အစာနည်းနည်းနှင့် ခဏခဏကျွေးရမည်ဖြစ်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Kaung Thar မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement