brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သွေးထဲမှာ LDL ကိုလက်စထရော အရမ်းနည်းတိုင်းလည်း မကောင်းပါ

သွေးတွင်းကိုလက်စထရော များတာရဲ့ အကျိုးဆက်က ပြင်းထန်တယ်လို့ တောက်လျောက်သိလာခဲ့တယ်နော်။ ဒီအယူအဆက အကြွင်းမဲ့မှန်တယ်လို့ ထင်လား။လေ့လာမှုအသစ်အရကတော့ သွေးတွင်းကိုလက်စထရော နည်းလွန်းတာကလည်း မကောင်းဘူးလို့ ဆိုပါတယ်။ သွေးထဲမှာ LDL ကိုလက်စထရော အရမ်းနည်းတိုင်းလည်း မကောင်းပါဘူး လို့ မကြာသေးခင်က လေ့လာတွေ့ရှိခဲ့ပါတယ်။

သွေးထဲမှာ LDL ကိုလက်စထရော အရမ်းနည်းတိုင်းလည်း မကောင်းပါ

သွေးထဲမှာ LDL ကိုလက်စထရော အရမ်းနည်းတိုင်းလည်း မကောင်းပါ

ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

သွေးတွင်းကိုလက်စထရောတိုင်းက ဆိုးတာလား……

သွေးတွင်းကိုလက်စထရောတိုင်းက မဆိုးပါဘူး။ သွေးတွင်းကိုလက်စထရောမှာကိုက

  • သွေးတွင်းက အကျိုးပြုကိုလက်စထရော (HDL)
  • သွေးတွင်းက အကျိုးမပြု ကိုလက်စထရော (LDL)
  • သွေးတွင်းက အကျိုးမပြု ကိုလက်စထရော (VLDL) ဆိုပြီး အမျိုးမျိုးကွဲပြားနေပါသေးတယ်။

လေ့လာတွေ့ရှိမှုအသစ်

လေ့လာစမ်းသပ်ချက် အသစ်တစ်ရပ်မှာ သုတေသီတွေက လူအယောက် ၁၀၀၀၀၀ကျော်ကို လေ့လာခဲ့တာပါ။ ဒီလေ့လာမှုအတွင်း တွေ့ရှိခဲ့ရတာက သွေးတွင်းမှာ အကျိုးမပြုကိုလက်စထရော (LDL) နည်းလွန်းနေတာက ဦးနှောက်သွေးကြောပေါက်တာကြောင့် လေဖြတ်ခံရနိုင်ခြေ များနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ သွေးထဲမှာ LDL ကိုလက်စထရော အရမ်းနည်းတိုင်းလည်း မကောင်းပါဘူး။

အစောပိုင်းလေ့လာမှုတွေအရကတော့ သွေးတွင်းမှာ အကျိုးမပြု ကိုလက်စထရောတွေ များနေမှုက သွေးကြောထဲမှာ အဆီတွေဖြစ်စေတာကြောင့် သွေးကြောကျဉ်းတာ၊ သွေးကြောပိတ်ဆို့တာတွေဖြစ်စေပြီး နှလုံးရောဂါခံစားရတာ၊ ရုတ်တရက်နှလုံးရပ်တာနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကြောင့် သေဆုံးနိုင်ခြေများတယ်လို့ တွေ့ရှိခဲ့တာပါ။

သွေးတွင်းကိုလက်စထရောများတာက ရောဂါတွေကို ဖြစ်စေနိုင်တာမှန်ပေမယ့် အရမ်းနည်းလွန်းရင်လည်း သွေးကြောတွေရဲ့ နံရံကို အားနည်းစေတာကြောင့် သွေးကြောပေါက်ပြီး လေဖြတ်နိုင်ပါတယ်။

အခုနှစ်အစောပိုင်းက ထုတ်ပြန်ခဲ့တဲ့လေ့လာမှုရဲ့တွေ့ရှိချက်အရကတော့သွေးတွင်းမှာ LDL ကိုလက်စထရောနည်းလွန်းမှုက အသက် ၄၅ နှစ်အထက် အမျိုးသမီးတွေမှာလေဖြတ်နိုင်ခြေ များသလို ကိုယ်တွင်းသွေးယိုစိမ့်မှုဖြစ်နိုင်ခြေလည်း များနေတယ်ဆိုတာပါ။

ကျန်းမာနေစေဖို့ သွေးတွင်းကိုလက်စထရော သင့်တင့်မျှတအောင် ထိန်းသိမ်းကြစို့

လေ့လာမှုအရ သိလိုက်ရတာက ခန္ဓာကိုယ်တွင်းမှာ အကျိုးပြုကိုလက်စထရော (HDL)ရော အကျိုးမပြု ကိုလက်စထရော (LDL) ပါ မျှတနေမှ ဦးနှောက်သွေးကြောပေါက်တာကြောင့်ဖြစ်တဲ့ လေဖြတ်တာကို အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။

အခုထုတ်ပြန်ခဲ့တဲ့ လေ့လာမှုမှာ လေဖြတ်တာ၊ ရုတ်တရက် နှလုံးရပ်တာ၊ ကင်ဆာနဲ့ အခြားသော ရောဂါဖြစ်ခဲ့ဖူးတာမျိုး မရှိသူ ၉၆၀၄၃ ဦးကို လေ့လာခဲ့ပါတယ်။လေ့လာမှုမလုပ်ခင်မှာ သွေးတွင်းကိုလက်စထရောတွေကို တိုင်းတာရယူခဲ့ပြီး လေ့လာမှုကို ၉ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။

လေ့လာမှုအတွင်း သွေးတွင်းမှာ ကိုလက်စထရောနည်းတာက ကောင်းကျိုးများသလား၊ ဆိုးကျိုးရှိနိုင်လားဆိုတာကို သေချာလေ့လာခဲ့ပါတယ်။ လေ့လာမှုရလဒ်အနေနဲ့ တွေ့ရှိခဲ့ရတာက သွေးတွင်းမှာ အကျိုးမပြုကိုလက်စထရော (LDL) ပမာဏ ၇၀ milligrams per deciliter (mg/dl) နဲ့ ၇၀milligrams per deciliter (mg/dl) ထက်နည်းနေသူတွေက လေဖြတ်နိုင်ခြေ ပုံမှန်ထက် ပိုများနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

သွေးတွင်းမှာ အကျိုးမပြုကိုလက်စထရော (LDL) ပမာဏက ၅၀milligrams per deciliter (mg/dl)အောက်နည်းနေမယ်ဆိုရင် ဦးနှောက်သွေးကြောပေါက်တာကြောင့်လေဖြတ်တာကို ခံစားရနိုင်ခြေက သွေးတွင်းမှာ အကျိုးမပြုကိုလက်စထရော (LDL) ပမာဏက ၇၀ milligrams per deciliter (mg/dl) နဲ့ ၉၉milligrams per deciliter (mg/dl) ကြားမှာရှိနေသူတွေထက် ၁၆၉ ရာခိုင်နှုန်းပိုများနေတယ်လို့တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် သွေးတွင်းကိုလက်စထရောကို အရမ်းမများစေဖို့ ဂရုစိုက်သင့်သလို အရမ်းမနည်းစေဖို့လည်း ဂရုစိုက်ပေးသင့်ပါတယ်။ သွေးတွင်းကိုလက်စထရောနည်းလို့ လေဖြတ်တာက များလို့ လေဖြတ်တာထက်တော့ နည်းပါတယ်။ ခေတ်သစ်လူနေမှုစနစ်နဲ့ စားသောက်မှုပုံစံအရ ကိုလက်စထရောနည်းတာနဲ့ များတာမှာ များဖို့ အလေးသာနေတဲ့အတွက် ကိုလက်စထရောကို ဆင်ဆင်ခြင်ခြင် စားဖို့တော့ လိုပါတယ်။

သွေးထဲမှာ LDL ကိုလက်စထရော အရမ်းနည်းတိုင်းလည်း မကောင်းပါဘူး လို့ ပြောရတဲ့ အကြောင်းအရင်းကို သိရှိလောက်ပြီ ထင်ပါတယ်။

သွေးတွင်းကိုလက်စထရော မျှတပါစေ

သွေးတွင်းကိုလက်စထရောကို အရမ်းမများစေဖို့ ဂရုစိုက်သင့်သလို အရမ်းမနည်းစေဖို့လည်း ဂရုစိုက်ပေးသင့်ပါတယ်။ သွေးတွင်းကိုလက်စထရောနည်းလို့ လေဖြတ်တာက များလို့ လေဖြတ်တာထက်တော့ နည်းပါတယ်။ ခေတ်သစ်လူနေမှုစနစ်နဲ့ စားသောက်မှုပုံစံအရ ကိုလက်စထရောနည်းတာနဲ့ များတာမှာ များဖို့ အလေးသာနေတဲ့အတွက် ကိုလက်စထရောကို ဆင်ဆင်ခြင်ခြင် စားဖို့တော့ လိုပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 29/06/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။