backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နှလုံးကျန်းမာရေးအတွက် ဖြည့်စွက် ဓါတ်စာများ အကြောင်း


Dr. Phio Thiha မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နှလုံးကျန်းမာရေးအတွက် ဖြည့်စွက် ဓါတ်စာများ အကြောင်း

လူတွေက နှလုံးကျန်းမာရေးအတွက် ဗီတာမင်တွေနဲ့ ဖြည့်စွက်ဓါတ်စာတွေ စားကြပါတယ်။ ဘယ်ဖြည့်စွက်ဓါတ်စာက အကောင်းဆုံး ဖြစ်မလဲ။ သင့်အနေနဲ့ တစ်နေ့ ဘယ်လောက်လောက် စားပေးသင့်သလဲ။ အခု သင့်နှလုံးအတွက် ကောင်းတဲ့ ဖြည့်စွက်ဓါတ်စာ စာရင်းကို ဖော်ပြမှာ ဖြစ်ပါတယ်။

အပင်များတွင် ပါဝင်သော စတီရော ဓါတ်

အပင်များတွင် ပါဝင်သော စတီရောဓါတ်မှာ အူများမှ ကိုလက်စထရော စုပ်ယူမှုကို တားဆီးခြင်းအားဖြင့် သွေးတွင်း ကိုလက်စထရော ပမာဏကို ကျစေပါတယ်။

ကိုအင်ဇိုင်း ကြူ ၁၀

Coenzyme Q10မှာ ဆဲလ်များရဲ့ ပျက်စီးထိခိုက်မှုကို ကာကွယ်ရာမှာ ကူညီပေးတဲ့ Antioxidant နဲ့ ဆင်တူပါတယ်။ အချို့သော လေ့လာမှုများက ကိုအင်ဇိုင်း ကြူ ၁၀ ဖြည့်စွက်ဓါတ်စာများက သွေးပေါင်ချိန်ကို အနည်းငယ် ကျစေပြီး နှလုံးအားနည်းရောဂါ ကုသရာမှာ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

ကိုအင်ဇိုင်း ကြူ ၁၀ မှာ စတက်တင်လို့ ခေါ်တဲ့ ကိုလက်စထရောဆေးတွေ သောက်နေတဲ့ တချို့လူတွေမှာ ဖြစ်တဲ့ ကြွက်သားနာကျင်ခြင်းကို ကုသရာမှာလည်း အထောက်အကူပေးပါတယ်။

အမျှင်ဓါတ်

အမျှင်ဓါတ်ကလည်း ကိုလက်စထရောကို ကျစေပါတယ်။ ဒါကြောင့် နှလုံးရောဂါနဲ့ လေဖြတ်တာတွေရဲ့ အန္တရာယ်ကို လျှော့ချပေးတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

ရေမှာ ပျော်ဝင်တဲ့ အမျှင်တွေက ကိုလက်စထရောနဲ့ အူထဲမှာ သွားပေါင်းပြီး ခန္ဓါကိုယ်က မစုပ်ယူနိုင်အောင် လုပ်ပေးတာပါ။

နှမ်းစေ့ဆီ

နှမ်းစေ့နဲ့ နှမ်းစေ့ဆီတွေဟာ ကိုလက်စထရောကို ကျစေပါတယ်။ ဒါပေမယ့် နှလုံးရောဂါ အန္တရာယ်ကို လျော့ကျစေလားဆိုတာတော့ ခုထိ မရှင်းလင်းသေးပါဘူး။

ဖောလစ် အက်ဆစ်

ဖောလစ်အက်ဆစ်နဲ့ ဗီတာမင် ဘီတွေဟာ နှလုံးရောဂါနဲ့ ချိတ်ဆက်နေတဲ့ အမိုင်နိုအက်ဆစ် ဟိုမိုစစ်စတင်းလယ်ဗယ် ကို လျော့ကျစေပါတယ်။ ဒါပေမယ့် ဖောလစ်အက်ဆစ်ဟာ နှလုံး အမောဖောက်တာ၊ လေဖြတ်တာတွေ ခဏခဏ ပြန်ဖြစ်စေတဲ့ နှုန်းကို လျော့ကျစေလားဆိုတာတော့ သက်သေမပြနိုင်သေးပါဘူး။

မဂ္ဂနီဆီယမ်

မဂ္ဂနီဆီယမ်က သွေးပေါင်ချိန်ကို ပုံမှန်အနေအထား ထိန်းသိမ်းပေးပြီး တခါတလေ ဆရာဝန်တွေကပါ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းတွေကို ပုံမှန်ဖြစ်အောင် ကုသတဲ့နေရာမှာ သုံးပါတယ်။

အိုမီဂါ ၃ ဖက်တီးအက်ဆစ်

ငါးကြီးဆီဟာလည်း သွေးပေါင်ချိန်နဲ့ ထရိုင်ဂလစ်စရိုက် အဆီတွေကို ကျစေတယ်လို့ သုတေသနတွေက ဆိုပါတယ်။ ငါးကြီးဆီဟာ နှလုံးရောဂါကြောင့် အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ ဘေးကနေ လျှော့ချပေးပါတယ်။

တစေးဆန်နီ

တစေးဆန်နီဟာ ကိုလက်စထရော၊ ထရိုင်ဂလစ်စရိုက် အဆီတွေနဲ့ မကောင်းတဲ့ LDL ကိုလက်စထရောတွေကို ကျစေတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ တစေးဆန်နီမှာ ပါဝင်တဲ့ မိုနာကိုလင် ကေ ဟာ ကိုလက်စထရောဆေးတွေထဲမှာ ပါဝင်တဲ့ တက်ကြွဓါတ်တွေနဲ့ ထပ်တူ တူညီပါတယ်။

ဗီတာမင်များနဲ့ သံဓါတ်များအတွက် စိတ်ချရတဲ့ ပမာဏ

ဗီတာမင်နဲ့ သံဓါတ်တွေကို သင်ဘယ်လောက်ထိ စားသုံးသင့်ပါသလဲ။ သင့်အတွက် စိတ်ချရတဲ့ အများဆုံး ဗီတာမင် ပမာဏကို ဆန်းစစ်ဖို့နဲ့ နေ့စဉ် ဘယ်လောက် စားသင့်တယ်ဆိုတာ သင့်ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။

သတိပြုစရာများ

အချို့ ဖြည့်စွက်ဓါတ်စာတွေက သင်သောက်နေတဲ့ ဆေးဝါးတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ဆရာဝန်ကို ဘယ်လို ဖြည့်စွက်ဓါတ်စာတွေ သင်သောက်သုံးနေလဲဆိုတာ အသိပေးရပါမယ်။ အစားအသောက် သုံးစွဲမှု နည်းပါးခြင်းအတွက် ဓါတ်စာတွေအပေါ်မှာပဲ မှီခိုနေဖို့လည်း မသင့်ပါဘူး။

ဗီတာမင်နဲ့ ဖြည့်စွက်ဓါတ်စာများ ခက်ဆစ် – ယေဘုယျ အဓိပ္ပါယ်ဖွင့်ဆိုချက်

ယခုဖော်ပြထားသော ခက်ဆစ်အဓိပ္ပါယ်မှာ ယေဘုယျ အသုံးအနှုန်းများ ဖြစ်ပါတယ်။ အသေးစိတ် ဖွင့်ဆိုချက်များကို ရှာဖွေလေ့လာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Phio Thiha မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement