သွေးထဲမှာ LDL ကိုလက်စထရော အရမ်းနည်းတိုင်းလည်း မကောင်းပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

သွေးတွင်းကိုလက်စထရောများတာရဲ့ အကျိုးဆက်ကပြင်းထန်တယ်လို့တောက်လျောက်သိလာခဲ့တယ်နော်။ ဒီအယူအဆက အကြွင်းမဲ့မှန်တယ်လို့ထင်လား။လေ့လာမှုအသစ်အရကတော့သွေးတွင်းကိုလက်စထရောနည်းလွန်းတာကလည်း မကောင်းဘူးလို့ဆိုပါတယ်။

သွေးတွင်းကိုလက်စထရောတိုင်းကဆိုးတာလား……

သွေးတွင်းကိုလက်စထရောတိုင်းကမဆိုးပါဘူး။ သွေးတွင်းကိုလက်စထရောမှာကိုက
  • သွေးတွင်းက အကျိုးပြုကိုလက်စထရော (HDL)
  • သွေးတွင်းက အကျိုးမပြု ကိုလက်စထရော (LDL)
  • သွေးတွင်းက အကျိုးမပြု ကိုလက်စထရော (VLDL) ဆိုပြီး အမျိုးမျိုးကွဲပြားနေပါသေးတယ်။

လေ့လာတွေ့ရှိမှုအသစ်

လေ့လာစမ်းသပ်ချက်အသစ်တစ်ရပ်မှာ သုတေသီတွေက လူအယောက် ၁၀၀၀၀၀ကျော်ကိုလေ့လာခဲ့တာပါ။ ဒီလေ့လာမှုအတွင်းတွေ့ရှိခဲ့ရတာကသွေးတွင်းမှာ အကျိုးမပြုကိုလက်စထရော (LDL) နည်းလွန်းနေတာက ဦးနှောက်သွေးကြောပေါက်တာ ဒါမှမဟုတ် ဦးနှောက်သွေးကြောပိတ်ဆို့မှုကြောင့်လေဖြတ်ခံရနိုင်ခြေ ပုံမှန်ထက်ပိုများနေတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။

အစောပိုင်းလေ့လာမှုတွေအရကတော့သွေးတွင်းမှာ အကျိုးမပြု ကိုလက်စထရောတွေ များနေမှုကသွေးကြောထဲမှာ အဆီတွေဖြစ်ပေးမှုကြောင့်သွေးကြောကျဉ်းတာ၊သွေးကြောပိတ်ဆို့တာတွေဖြစ်စေပြီး နှလုံးရောဂါခံစားရတာ၊ ရုတ်တရက်နှလုံးရပ်တာ နဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကြောင့်သေဆုံးနိုင်ခြေများတယ်လို့တွေ့ရှိခဲ့တာပါ။

ဒါကြောင့် အခုလေ့လာမှုမတိုင်ခင်ကအထိသွေးတွင်းကိုလက်စထရောများတာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ခံစားရမှာကို စိုးရိမ်ပြီး အဆီတွေကိုလျှော့စားခဲ့ကြတယ်ဟုတ်။သွေးတွင်းကိုလက်စထရောများတာကရောဂါတွေကိုဖြစ်စေနိုင်တာမှန်ပေမယ့် အရမ်းနည်းလွန်းရင်လည်းလေဖြတ်နိုငတာကြော်င့ အလွန်အကျွံတော့ မရှောင်စေချင်ပါဘူး။

အခုနှစ်အစောပိုင်းက ထုတ်ပြန်ခဲ့တဲ့လေ့လာမှုရဲ့တွေ့ရှိချက်အရကတော့သွေးတွင်းမှာ LDL ကိုလက်စထရောနည်းလွန်းမှုက အသက် ၄၅ နှစ်အထက် အမျိုးသမီးတွေမှာလေဖြတ်နိုင်ခြေများသလို ကိုယ်တွင်းသွေးယိုစိမ့်မှုဖြစ်နိုင်ခြေတော်တေ်လေးများနေတယ်ဆိုတာပါ။

ကျန်းမာနေစေဖို့ ကိုလက်စထရော သင့်တင့်မျှတအောင် ထိန်းသိမ်းကြစို့

လေ့လာမှုအရ သိလိုက်ရတာက ခန္ဓါကိုယ်တွင်းမှာ အကျိုးပြုကိုလက်စထရော (HDL)ရော အကျိုးမပြု ကိုလက်စထရော (LDL) ပါမျှတနေမှ ဦးနှောက်သွေးကြောပေါက်တာကြောင့်ဖြစ်တဲ့လေဖြတ်တာနဲ့ ဦးနှောက်သွေးကြောပိတ်တာကြောင့်ဖြစ်တဲ့လေဖြတ်တဲ့ပြဿနာတွေကို အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။

အခုထုတ်ပြန်ခဲ့တဲ့လေ့လာမှုမှာလေဖြတ်တာ၊ ရုတ်တရက်နှလုံးရပ်တာ၊ ကင်ဆာနဲ့အခြားသောရောဂါဖြစ်ခဲ့ဖူးတာမျိုးမရှိသူ ၉၆၀၄၃ ဦးကိုလေ့လာခဲ့ပါတယ်။လေ့လာမှုမလုပ်ခင်မှာသွေးတွင်းကိုလက်စထရောတွေကို တိုင်းတာရယူခဲ့ပြီးလေ့လာမှုကို ၉ နှစ်ကြာလုပ်ဆောင်ခဲ့ပါတယ်။လေ့လာမှုအတွင်းသွေးတွင်းမှာ ကိုလက်စထရောနည်းတာကကောင်းကျိုးများသလား၊ ဆိုးကျိုးရှိနိုင်လားဆိုတာကိုသေချာလေ့လာခဲ့ပါတယ်။လော့မှုရလဒ်အနေနဲ့တွေ့ရှိခဲ့ရတာကသွေးတွင်းမှာ အကျိုးမပြုကိုလက်စထရော (LDL) ပမာဏ ၇၀milligrams per deciliter (mg/dl) နဲ့၇၀milligrams per deciliter (mg/dl) ထက်နည်းနေသူတွေကလေဖြတ်နိုင်ခြေပုံမှန်ထက်ပိုများနေတယ်လို့တွေ့ရှိခဲ့ရပါတယ်။သွေးတွင်းမှာ အကျိုးမပြုကိုလက်စထရော (LDL) ပမာဏက ၅၀milligrams per deciliter (mg/dl)အောက်နည်းနေမယ်ဆိုရင် ဦးနှောက်သွေးကြောပေါက်တာ ဒါမှမဟုတ် ဦးနှောက်သွေးကြောပိတ်တာကြောင့်လေဖြတ်တာကို ခံစားရနိုင်ခြေက သွေးတွင်းမှာ အကျိုးမပြုကိုလက်စထရော (LDL) ပမာဏက ၇၀milligrams per deciliter (mg/dl) နဲ့ ၉၉milligrams per deciliter (mg/dl) ကြားမှာရှိနေသူတွေထက် ၁၆၉ ရာခိုင်နှုန်းပိုများနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့်သွေးတွင်းကိုလက်စထရောကို အရမ်းမများစေဖို့ ဂရုစိုက်သင့်သလို အရမ်းမနည်းစေဖို့လည်း ဂရုစိုက်ပေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးကျန်းမာရေး အကြောင်း

ကလေးကျန်းမာရေး ဆိုတာက ကလေးတစ်ယောက် သန္ဓေတည်တဲ့ အချိန်ကနေစပြီး ဆယ်ကျော်သက်အရွယ်ရောက်လာသည်အထိ မိဘတွေဘက်က ဂရုစိုက် စောင့်ကြည့်ပေးရမယ့် အရာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးကျန်းမာရေး ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာ ခံစားရနိုင်ခြေများနေတဲ့ ကျန်းမာရေးပြဿနာတွေက ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သွေးဆုံးတာ၊ ကိုယ်ဝန်ဆောင်တာတွေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရိုးကင်ဆာ (Bone Cancer)

အရိုးကင်ဆာက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ တင်ပဆုံရိုးနဲ့ လက်မောင်းရိုးနဲ့ ခြေထောက်ရိုးတွေမှာ အဖြစ်များပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

myths-about-cancer ကင်ဆာနဲ့ ပတ်သက်ပြီး

ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
how-hope-affects-your-health မျှော်လင့်ချက်ထား

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
ဂျိမ်းစဘွန်း ရုပ်ရှင်ထဲကလို သေနတ်ထိ ပေမယ့် အသက်ရှင်တာမျိုး ဖြစ်နိုင်လား......

သေနတ်ထိ ပေမယ့် အသက်ရှင်အောင် လူတွေကို ဘယ်လိုကူညီနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 9, 2021 . 2 mins read
အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read