backup og meta

အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား

    ဝက်ခြံလို့ဆိုလိုက်ရင် လူတိုင်းလိုလို ကြုံဖူးမယ်ဆိုတာ သေချာသလာက်ပဲနော်။ အခုချိန်မှာ ဝက်ခြံ မရှိတော့ဘူးဆိုရင်တောင် အရင်က ဖြစ်ဖူးတယ်ဆိုတဲ့သူရယ်။ အရင်ကတည်းက ပေါက်တာ အခုထိကို မပျောက်ဘူးဆိုတဲ့ သူရယ်။ တစ်ခုခုလေး မှားလိုက်တာနဲ့ ဝက်ခြံက ထွက်လာတော့တာပဲဆိုတဲ့သူရယ်ပါ။ ဝက်ခြံက အဖြစ်အများဆုံး အရေပြား ပြဿနာ တစ်ခုဖြစ်ပြီး အသက်အရွယ်မရွေး အချိန်ရာသီမရွေး ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာ ဖြစ်နိုင်ပါတယ်။

    အိပ်ရေးပျက်တဲ့အခါ ဝက်ခြံ ပိုထွက်လာတာကို  ကြုံဖူးမှာပေါ့။ ဒါက တိုက်ဆိုင်မှု သက်သက် မဟုတ်ပါဘူး။ အိပ်ရေးပျက်တာကြောင့် ထွက်လာတဲ့ ဝက်ခြံတွေပါ။ အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား …. ဘာကြောင့် ထွက်ရတာလဲဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။

    ဝက်ခြံ ပေါက်လာခြင်း ဖြစ်စဉ်

    အရေပြားပေါ်မှာ ချွေးပေါက်လေးတွေရှိနေပြီး ဒီချွေးပေါက်လေးတွေမှာ အဆီ၊ ဘက်တီးရီးယား နဲ့ အရေပြားပေါ်က ဆဲလ်သေတွေ၊ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ၊ ဖုန်မှုန့်တွေ ပိတ်ဆို့သွားတဲ့အခါ ဝက်ခြံလေးတွေဖြစ်လာကြတာပါ။

    ဒါကိုမှ ညှစ်မယ်၊ ကုတ်မယ်၊ ဖဲ့မယ်ဆိုရင် အမာရွတ်တွေ ကျန်တာ၊ ဝက်ခြံတွေ ပိုးဝင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

    အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား

    အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား

    အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား ….. ဆိုတော့ ထွက်မှာပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    အိပ်ရေးပျက်တာက စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်မှာ ထွက်လာတဲ့ ကော်တီစော ဟော်မုန်းပမာဏကို တိုးစေနိုင်ပါတယ်။ ဒီလို ကော်တီစော ပမာဏတိုးလာတာက အရေပြားမှာ အဆီတွေကို ဖြစ်စေပြီး အရေပြားပေါ်က ချွေးပေါက်လေးတွေ ရောင်ရမ်းလာပါတယ်။ ဒီလိုကနေ အရေပြားကို ပိုးဝင်ကူးစက်ပါတော့တယ်။

    ဒီလို ပိုးဝင်ကူးစက်တာက ပြည်ဖုလေးတွေ ဖြစ်စေပြီး ဝက်ခြံ ဖြစ်လာတာပါ။ ဝက်ခြံကို ဖြစ်စေတဲ့ အခြား အကြောင်းအရင်းတွေလည်း ရှိပေမယ့် ဝက်ခြံဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုက အိပ်ရေးပျက်တာပါ။

    အိပ်ရေးပျက်ရင် ဘာကြောင့်ဝက်ခြံထွက်ရတာလဲဆိုတော့

    ခန္ဓာကိုယ်ထဲမှာ ကော်တီစော ဟော်မုန်း များတာက ကိုယ်ခံအားကို ထိခိုက်စေနိုင်သလို ခန္ဓာကိုယ်မှာ ရောင်ရမ်းတာတွေကို ဖြစ်စေပါတယ်။ ဒီလိုကနေ အရေပြားရောင်ရမ်း ပိုးဝင်ပြီး ဝက်ခြံတွေ ဖြစ်လာတာပါ။

    အိပ်ရေးပျက်တာက ခန္ဓာကိုယ် တစ်ခုလုံးကို ထိခိုက်စေတာ မှန်ပေမယ့် အထိခိုက်ဆုံး အပိုင်းက အသားအရေပါ။ အိပ်ရေးပျက်ပါ များလာတဲ့အခါ အရေပြားက နီမြန်းတာ၊ အဆီပြန်တာ၊ ရောင်ရမ်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ရင်ဘတ်တွေ ကျောကုန်းတွေမှာရောပေါ့။ အိပ်စက်မှုက အရေပြားအတွက် အတော်လေး အရေးပါပါတယ်။ ဒီလို ပြောရတာက အိပ်စက်ချိန်မှာ ကိုယ်တွင်းက ကော်တီစော ဟော်မုန်းပမာဏ ကျဆင်းပြီး ခန္ဓာကိုယ်ရော အရေပြားပါ အနားရတာပါ။ ဒီလို အနားရမှာ အနာကျက်တာ၊ ဆဲလ်အသစ်ဖြစ်တာတွေကို ဖြစ်ပေါ်စေတာပါ။

    ကော်တီစော ဟော်မုန်းက အရေပြားပေါ်က အဆီဂလင်းတွေကို အဆီထုတ်လုပ်မှု များစေပြီး အရေပြားအဆီပြန်တာကြောင့် ချွေးပေါက်တွေ ပိတ်တာကနေတဆင့် ဝက်ခြံတွေ ဖြစ်လာစေတာပါ။

    အိပ်ရေးပျက်တာက ကိုယ်တွင်းဟော်မုန်းတွေကို ဟန်ချက်ပျက်စေရုံတင် မဟုတ်ပါဘူး။ ဦးနှောက်ထဲက chemicals တွေကိုလည်း ကမောက်ကမ ဖြစ်စေပါတယ်။ အိပ်ရေးပျက်တဲ့အခါ စိတ်ဖိစီးတာ၊ စိုးရိမ်စိတ် များတာတွေ ဖြစ်လာပြီး ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေ ဖြစ်လာတာကြောင့် အရေပြားပေါ်က ပြင်ပက အရာတွေကို ကာကွယ်ပေးတဲ့ အရေပြားပေါ်က အရံအတား စနစ်ကို ပျက်စီးစေပြီး ချွေးပေါက်တွေထဲကို ပြင်ပက အညစ်အကြေးတွေ၊ ဘက်တီးရီးယားတွေ ဝင်ရောက်တာကြောင့်  ဝက်ခြံတွေ ဖြစ်လာတာပါ။

    ကိုယ်ခံအား စနစ်က ကိုယ်တွင်းကို ရောဂါတွေ မဝင်လာနိုင်အောင် တားဆီးပေးသလို အရေပြားကိုလည်း ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ပိုးမွှားတွေ အန္တရာယ်ကနေ တားဆီးပေးပါတယ်။

    အိပ်ရေးပျက်တာကကြောင့် ကိုယ်ခံအားနည်းသွားတဲ့အခါ ပိုးမွှားတွေကို ကာကွယ်နိုင်စွမ်း ကျသွားတာကြောင့် အရေပြားပေါ်က မွေးညှင်းပေါက်လေးတွေထဲမှာ ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေ ဝင်ရောက်ပိတ်ဆို့ပြီး ဝက်ခြံတွေ ဖြစ်လာရတာပါ။ အရေပြားကို ပိုးဝင်ကူးစက်တာတွေကိုလည်း ကာကွယ်နိုင်စွမ်း ကျသွားပါတယ်။

  • ကျန်းမာရေးနဲ့မညီညွတ်တာတွေကို စားမိတာ

  • အိပ်ရေးပျက်တဲ့အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အသင့်စား၊ အမြန်စား အစားအစာတွေကို စားတာ၊ အချိုကဲတာတွေကို စားမိတာတွေကြောင့် အရေပြားမှာ အဆီတွေပြန်ပြီး ဝက်ခြံ ဖြစ်လာတာပါ။

    ဝက်ခြံဖြစ်တတ်သူလေူတွေအတွက် အမှာစကား

    “အိပ်ရေးဝဝ အိပ်ခြင်းက ကိုယ်ခံအားကောင်းစေပြီး ရောဂါတွေ ကင်းစေဖို့ ထောက်ကူပေးသလို ဝက်ခြံတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။”

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement