ဘာကြောင့် အိပ်ပျော်ဖို့ ခက်နေတာလဲ …….. တစ်ည တစ်ည အိပ်ရာပေါ်မှာ လူးလိုက် လှိမ့်လိုက်နဲ့ အိပ်မရဖြစ်နေပြီလား။ တစ်ခါတစ်လေမှာ စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာ အမူအကျင့်တွေကြောင့်ပဲဖြစ်ဖြစ် ခုလို အိပ်မရတာမျိုးတွေဖြစ်နေတတ်ပါတယ်။
ဘာကြောင့် အိပ်ပျော်ဖို့ ခက်နေတာလဲ …….. တစ်ည တစ်ည အိပ်ရာပေါ်မှာ လူးလိုက် လှိမ့်လိုက်နဲ့ အိပ်မရဖြစ်နေပြီလား။ တစ်ခါတစ်လေမှာ စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာ အမူအကျင့်တွေကြောင့်ပဲဖြစ်ဖြစ် ခုလို အိပ်မရတာမျိုးတွေဖြစ်နေတတ်ပါတယ်။
ဘာကြောင့် အိပ်ပျော်ဖို့ ခက်နေတာလဲ ……. တကယ်တမ်းအားဖြင့် အိပ်မပျော်ဘူးဆိုတာက စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါတယ်။ ညဘက် အိပ်မပျော်တဲ့ဝေဒနာကို (Insomnia) လို့ခေါ်ကြပါတယ်။ Insomnia ကတော့ ပုံမှန် အိပ်မပျော်တဲ့ နာတာရှည်ဝေဒနာတစ်မျိုးဖြစ်ပြီးတော့ –
တကယ်လို့ ကိုယ့်မှာ ဒီလိုလက္ခဏာတွေ မရှိဘဲ ပုံမှန်အခြေအနေမျိုးနဲ့ အိပ်စက်ဖို့ ခက်နေတာ၊ အိပ်မပျော်ဖြစ်နေတာဆိုရင်တော့ တခြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေကြောင့်ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် တစ်ခါတစ်လေမှာ Insomnia ကြောင့်မဟုတ်ဘဲ အိပ်ရခက်ခဲတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒီလိုဆိုရင်တော့ ကိုယ့်ရဲ့ အနေအထိုင် အပြုအမူတွေနဲ့ သက်ဆိုင်တဲ့ ပြဿနာဆိုတာကို ရှင်းရှင်းလင်းလင်းသိထားဖို့ လိုအပ်ပါတယ်။
ဒီလို အိပ်စက်ရခက်ခဲနေတာဟာ အောက်က အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
၁။ Sleep apnea (အိပ်နေစဉ် အသက်ရှူရပ်ခြင်း ဝေဒနာ) ခံစားနေရတာ
၂။ အပြင်းအထန် ကိုယ်အလေးချိန်လျှော့ချနေမိတာ
၃။ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်မှုနည်းပါးတာ
၄။ နာကျင်မှုဝေဒနာ တမျိုးမျိုး ခံစားနေရတာ
၅။ Restless legs syndrome (ခြေထောက်လှုပ်ရှားချင်စိတ်ကို မထိန်းနိုင်သော အာရုံကြောရောဂါတစ်မျိုးပါ)
၆။ စိတ်ဓာတ်ကျနေတာ
၁၁။ နှလုံးရောဂါခံစားနေရတာ
၁၂။ ဆီးချိုဝေဒနာခံစားနေရတာ တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဒီလိုပြဿနာတွေကြောင့် အိပ်စက်လို့မရဖြစ်နေတယ်ဆိုရင် အောက်ပါနည်းလမ်းတွေကို အသုံးပြုပြီး သက်သာအောင် ကုစားနိုင်ပါတယ်။
အထက်ပါနည်းလမ်းတွေကတော့ အိပ်ရာထက်မှာ လူးလှိမ့်ပြီး အိပ်ရခက်နေသူတွေကို ကောင်းမွန်စွာအိပ်စက်နိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။
အိပ်စက်ခြင်းဟာ လူတစ်ယောက်ရဲ့ လူမှုရေး၊ ကျန်းမာရေး အားလုံးနဲ့ ချိတ်ဆက်နေတာမို့ ကောင်းကောင်းအိပ်ပျော်ဖို့ လုံလုံလောက်လောက် အိပ်စက်ဖြစ်ဖို့ သိပ်အရေးကြီးပါတယ်။ တစ်နေ့ကို ပျမ်းမျှ ၈ နာရီလောက် အိပ်စက်ဖြစ်ဘူးဆိုရင် နေ့စဉ်လူနေမှုဘဝမှာ ထိခိုက်မှုတွေဖြစ်လာနိုင်တာမို့ အိပ်မပျော်တဲ့ ဝေဒနာခံစားနေရရင် အမြန်ဆုံး ပျောက်ကင်းအောင် ကုသကြပါလို့ တိုက်တွန်းချင်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။