သင် အိပ်ရင် ဟောက်တတ်ပါသလား။ ဒါလေးတွေ စမ်းကြည့်ပါ။ သက်သာပါလိမ့်မယ်။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

အိပ်ရင် ဟောက်တတ်တဲ့သူတွေကို အနားမှာ ထားမအိပ်ချင်ကြတာ လူတိုင်းပါ။ သူကတော့ အိပ်မောကျပြီး ကိုယ်ကတော့ သူ့ အသံကြားြ့ီး တစ်ညလုံး မအိပ်နိုင် ဘဲနဲ့ လူးလိမ့်နေရရော။ ဒီလို ဟောက်တတ်တဲ့သူတစ်ယောက် ကိုယ့်အနားမှာ ရှိနေပြီ ဆိုလို့ကတော့ ခုပြောပြတဲ့ နည်းတွေနဲ့ သူ့ဟောက်တာကို ပျောက်အောင် လုပ်ရင်လုပ်။ မလုပ်ရင်တော့ အိပ်ရေးပျက်မှာက ကိုယ်ပဲ ဖြစ်နေလိမ့်မယ်။

ဟောက်တတ်တဲ့သူတွေ မဟောက်အောင် ဘယ်လိုလုပ်လို့ရလဲ ။ ။

၁။ ကိုယ့်ရဲ့ အိပ်နေတဲ့ ပုံစံကို ပြောင်းပြီးအိပ်ပါ။ ။

ပက်လက်လှန် အိပ်ရင် လျှာက လည်ချောင်းနားကို သွားပိတ်နေသလိုဖြစ်ပြီး လေဝင်ပေါက်ကျဉ်းသွားတတ်လို့ ဟောက်တာဖြစ်ပါတယ်။ ဒါကြောင့် စစချင်းအိပ်တဲ့အချိန်မှာတည်းက စောင်းအိပ်ရင် ဟောက်တာ သက်သာပါလိမ့်မယ်။ ဒါမှမဟုတ် အိပ်တည်းက ကိုယ့်ကျောဘက်မှာ ဖက်လုံး ခံအိပ်ရင်လည်း ဘေးကို စောင်းနေတတ်လို့ ဟောက်တာ သက်သာပါလိမ့်မယ်။

၂ ။ ကိုယ်အလေးချိန် လျှော့ချပါ။ ။

ဝတတ်တဲ့သူတွေဟာ ပိန်တဲ့သူတွေထက်စာရင်ပိုဟောက်တတ်ကြပါတယ်။ ကိုယ်အလေးချိန်တက်လာလို့ လည်ပင်းမှာ များလာတဲ့ အဆီတွေကြောင့် လေဝင်ပေါက်ကျဉ်းသွာပြီး ဟောက်တတ်ကြပါတယ်။ ဝတဲ့သူ တွေက ဟောက်တတ်တယ်ဆိုပေမယ့်လည်း ပိန်တဲ့သူတွေက လုံးဝ မဟောက်ဘူးလို့တော့ မဆိုလိုပါဘူး။ ကိုယ်က ပိန်တုန်းက မဟောက်တတ်ဘဲ ဝတော့မှာ ဟောက်တတ်လာတယ်ဆိုရင်တော့ ကိုယ်အလေးချိန် လျှော့ချလိုက်တာနဲ့ ဟောက်တာကို သက်သာစေမှာပါ။

၃ ။ အရက် ဖြတ်ပါ။

အရက်တို့၊ အိပ်ဆေးတို့ဆိုတာ သင့်လည်ပင်းတစ်ဝိုက်နဲ့ အာခေါင်က ကြွက်သားတွေကို ပြေလျော့စေတာကြောင့် သင့်ကို ပိုပြီး ဟောက်စေတတ်ပါတယ်။ အိပ်ရာမဝင်ခင် ၄ နာရီ ၅နာရီ လောက်အလိုတည်းက အရက် သောက်ထားရင် အိပ်တဲ့အချိန်မှာ ဟောက်တာပိုဆိုးတတ်ပါတယ်။ ဒါပေမယ့် နဂိုတည်းက မဟောက်တတ်တဲ့သူတွေကတော့ အရက်သောက်ပြီးလည်း ဟောက်တာမျိုး မဖြစ်တတ်ပါဘူး။

၄ ။ အိပ်ချိန်မှန်ပါစေ။ ။

အိပ်ချိန်လုံလောက်အောင် မအိပ်ဘဲ အလုပ်ပင်ပင်ပန်းပန်းလုပ်ထားတဲ့သူတွေ အိပ်ရင်ကြွက်သားတွေ ပိုပြီး ပျော့ဖတ်နေတတ်တာကြောင့် အသက်ရှူလမ်းကြောင်း ကျဉ်းသွားပိတ်သွားပြီး ပိုဟောက်တတ်ကြပါတယ်။

၅ ။ ခေါင်းအုံး ပြောင်းလိုက်ပါ။

သင့်အိပ်ရာပေါ်မှာ ရှိနေတဲ့ ဓါတ်မတည့်တာကို ဖြစ်စေတဲ့ ပိုးမွှားတွေ၊ ကြောင့် နှာစေးနှာပိတ်ြဖစ်စေပြီး အသက်ရှူလို့ မကောင်းတော့လို့ ဟောက်တတ်ပါတယ်။ ဒါကြောင့် အိပ်ရာကို သန့်သန့်ရှင်းရှငိးထားပါ။ ပျော့တဲ့ ခေါင်းအုံးထက်စာရင် မာတဲ့ခေါင်းအုံးကို သုံးပါ။

၆ ။ ရေဓါတ်ပြည့်နေပါစေ ။ ။

အာခေါင်ခြောက်နေတဲ့အခါ လည်ပင်းတစ်ဝိုက်က ကြွက်သားတွေ ပိုကပ်နေနိုင်တာကြောင့် လေဝင်ပေါက်ကျဉ်းသွားပြီး ပိုဟောက်တတ်ပါတယ်။ ဒါကြောင့် ရေဓါတ်ြပည့်ဝအောင်လို့ ဟောက်တတ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ တစ်နေ့ကို ရေ ၁၁ ဖန်ခွက်သောက်သင့်ပြီး အမျိုးသားတစ်ဦးကတော့ ရေ ၁၆ ဖန်ခွက်သောက်သင့်ပါတယ်။

ဒါတွေကတော့ ကိုယ်ကဟောက်တတ်ရင်ပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်သားတွေ ဟောက်တတ်ရင်ပဲဖြစ်ဖြစ် ဟောက်တာကို သက်သာအောင် လုပ်လို့ ရတဲ့ နည်းလမ်းတစ်ချို့ဖြစ်ပါတယ်။ ဒီနည်း အကုန်လုံးက ဟောက်တာကို လုံးဝ မပျောက်စေရင်တောင် သက်သာသွားအောင် လုပ်နိုင်တာကြောင့် စမ်းကြည့်တာ မမှားဘူးနော် ။ ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးမှု။ ကာကွယ်ဆေးထိုးမယ်ဆိုရင် မထိုခင်နဲ့ ထိုးပြီး အနည်းဆုံး ၄၅ ရက် ကြာတဲ့အထိ အရက်သောက်သုံးမှုကို ရှောင်ရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

အမျိုးသားတွေဟာ သူတို့ရဲ့ လိင်မှုစွမ်းဆောင်ရည် အားနည်းနေပြီ၊ ကျဆင်းလာနေပြီဆိုတာကို ထုတ်ပြောဖို့ သပ်ပြီး တွန့်ဆုတ်တတ်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဘေဘီလေးက ကြက်သွန်နီ (onions) စားလို့ရရဲ့လား။ ဘယ်အရွယ်မှာ စစားလို့ ရတာလဲ။ ဒီမေးခွန်းက မေမေတိုင်း မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတစ်ရပ်ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 20, 2021 . 2 mins read

ရုရှားကိုဗစ်ကာကွယ်ဆေးထိုးဖို့ အရက်ရှောင်ရတော့မှာလား။

မြန်မာနိုင်ငံကို ရောက်လာနိုင်တဲ့ ရုရှားက ကိုဗစ်ကာကွယ်ဆေး Sputnik Vကို ထိုးမယ်ဆိုရင် အရက်ရှောင်ရမှာလားဆိုတာ ဒွိဟဖြစ်စရာ ကိစ္စပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

drinking-too-much-during-the-pandemic

အကျပ်အတည်းကာလဆိုပြီး ပိုသောက်မိနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်တာ ဘာကြောင့်လဲ။

ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်တာ ဘာကြောင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
လမ်းလျှောက်ရလို့ ဖိနပ်ပေါက် တဲ့အခါ

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read