သတ်သေချင်တဲ့ အတွေးတွေဟာ အင်မတန် လွှမ်းမိုးလွယ်ပြီး အန္တရာယ်လည်း များတဲ့အတွက် တစ်ယောက်တည်း ကြိတ်ပြီးမရင်ဆိုင်ပါနဲ့။ သင့်မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကို ရင်ဖွင့်တိုင်ပင် အကူအညီတောင်းပါ။ စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ အမြန်ဆုံးဆွေးနွေးပါ။ အကူအညီတောင်းတယ်ဆိုတာ ရှက်စရာ မဟုတ်ပါဖူး။ ဘာလို့လဲဆိုတော့ အကူအညီရှာဖွေတယ်ဆိုတာ သင့်အနေနဲ့ အသက်ရှင်နေထိုင်ချင်သေးတယ် ဆိုတာကိုပြသတာ ဖြစ်တဲ့အတွက် သင်ဟာ ကြံ့ခိုင်တယ်ဆိုတဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။
(၂) ချစ်ခင်ယုံကြည်ရတဲ့ သူငယ်ချင်း ဒါမှမဟုတ် ချစ်သူကို ရင်ဖွင့်ပါ။
သင်တစ်ယောက်တည်း အတွေးတွေနဲ့ လုံးလည်ရိုက်နေတဲ့အခါ တကယ်တမ်းသတ်သေဖြစ်ဖို့ အခွင့်အလမ်းက အရမ်းကို များလာပါတယ်။ ဒါကြောင့် ဒီလိုအတွေးတွေဝင်လာရင် တစ်ယောက်တည်း ဘယ်တော့မှ မနေပါနဲ့၊ အခြေအနေတွေ ပိုဆိုးလာတတ်လို့ပါ။ သင်ချစ်ခင်ယုံကြည်ရသူတစ်ယောက်ယောက်ကို ဖုန်းဆက်ပါ ဒါမှမဟုတ် လူချင်းတွေ့ဆုံပြီး သင်ခံစားနေရတာတွေကို သူတို့နဲ့ ဝေမျှပါ။ တစ်ခါတစ်လေမှာ ကိုယ့်ကို တကယ်ဂရုစိုက်ပြီး ကိုယ်ပြောတာတွေကို နားထောင်ပေးမယ့် သူတစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရရင် တကယ်ကို ပေါ့ပါးပြီး နေလို့ကောင်းသွားတတ်ပါတယ်။ ဒါ့အပြင် သင်လည်း သတ်သေချင်တဲ့ အတွေးတွေနဲ့ တစ်ကိုယ်တည်း အထီးကျန်မနေတော့ဖူးပေါ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။