• သင့်ကိုယ်ကို ပိုပြီးဂရုစိုက်ပါ။ ဈေးဝယ်ထွက်ပါ။
• တခြားလူတွေနှင့် ပိုမိုဆက်သွယ်ပါ။
• သင့်စိတ်ဖိစီးမှုနှင့် ပူပန်မှုတွေကို စနစ်တကျဖြေရှင်းပါ။
• သင့်ဒေါသတွေကို ထိန်းချုပ်ပါ။ သင်ဟာ ဘယ်အခြေအနေမှာမဆို စိတ်တိုနိုင်ပါတယ်။ ဒါဟာ ထိခိုက်မှုကို တုံ့ပြန်တဲ့ သဘာဝနည်းလမ်းဖြစ်တယ်။ ဒါပေမယ့် ဒေါသကို မလွှတ်ပေးတာက သင့်ဘဝအတွက် ပိုမိုကောင်းမွန်စေပါတယ်။
• သင့်ငွေရေးကြေးရေးကို စနစ်တကျအစီအစဉ်ချ ကိုင်တွယ်ပါ။ ငွေကြေးပြဿနာတွေက သတ်သေမှုကိုဖြစ်စေတဲ့အတွက် သင့်ငွေကြေးကို ဘယ်လိုထိန်းချုပ်ရမလဲ သင်ယူပါ။
• တခြားလူတွေနှင့် ဆက်ဆံပါ။ လိုအပ်လျှင် အကူအညီတောင်းခံပါ။
• အနားယူဖို့ သင်ယူပါ။ ကြိုက်နှစ်သက်တဲ့ သီချင်းနားထောင်ပါ။ ကြိုက်နှစ်သက်တဲ့ စာအုပ်ဖတ်ပါ။ အပြင်ကိုထွက်လည်ပါ။
ကုသမှုခံယူပါ။
ကုသမှုကို မငြင်းဆန်ပါနဲ့။ တချို့ဆေးတွေ ကုထုံးတွေက သင့်ကို သတ်သေလိုတဲ့အတွေးတွေကနေ ကူညီနိုင်ပါတယ်။ ဆရာဝန် သို့ ကုထုံးတစ်မျိုးမျိုးကို ရှာဖွေပါ။ ဒါတွေက သင့်ကိုသတ်သေလိုမှု လျော့ကျစေပါလိမ့်မယ်။ သင်ဟာ သင့်ပြဿနာတွေကို အသိဆုံးလူတစ်ယောက်ဖြစ်တဲ့အတွက် သင့်ကုသမှုကို အမြဲချိန်ဆပါ။
အကောင်းမြင်စိတ်မွေးပါ။
သင်ဟာ အကူညီမဲ့တယ်လို့ခံစားရချိန်၊ မျှော်လင့်ချက်မဲ့နေတဲ့အချိန်တွေမှာ အကောင်းမြင်ဖို့ခက်ပါတယ်။ ဒါပေမယ့် ရှေ့မှာတောက်ပတဲ့ အနာဂတ်ရှိတာကို ယုံကြည်ပါ။ ဘဝကိုရှင်သန်သင့်တဲ့အချက်တွေကို ရှာဖွေပါ။ သင့်ဘဝက အမြဲတန်ဖိုးရှိတယ်လို့ နားလည်ပါ။ သင့်မိသားစုနှင့် သူငယ်ချင်းတွေက သင်နှင့်အတူအမြဲရှိပါတယ်။ သင်မလုပ်ဖူးသေးတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်တွေလည်း ရှိနေပါသေးတယ်။ ဘဝရဲ့စိန်ခေါ်မှုတွေက သင့်ကိုပိုပြီးသန်မာစေပါတယ်။ ကောင်းမွန်သော အကူအညီရပြီး မကြာမီမှာ သင်ပိုပြီးကောင်းမွန်တာကို ခံစားရနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။