(၅) ကလေးကို စကားပိုတတ်စေတယ်
ကိုယ့်မှာ ကလေးရှိတယ်ဆိုရင် ကလေးရှေ့တတွတ်တွတ်စကားပြောရေရွတ်နေတာနဲ့တင် ကလေးက စကားတတ်မြန်လာနိုင်ပါတယ်။ အမြဲကြားနေရတဲ့စကားတွေကနေ စပြီးသင်ယူတတ်တဲ့အရွယ်မို့ သင်ဖို့ကောင်းတဲ့စကားတွေဖြစ်ဖို့တော့လိုပါတယ်။ ဆဲဆိုတာ၊ပြစ်တင်တာ၊ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေသုံးတာ မဖြစ်ဖို့ သတိထားပါ။
(၆) ကိုယ့်ကိုယ်ကို ယုံကြည်မှု မွေးမြူနိုင်တယ်
အသံထွက်ရေရွတ်ကြည့်ခြင်းအားဖြင့် ကိုယ့်အတွေးတွေကို တစ်စချင်းဖြည်ထုတ်နိုင်တော့ ပြဿနာတစ်ခုဖြေရှင်းနိုင်ဖို့ပိုလွယ်သွားနိုင်တယ်။ သူများတွေက လုပ်ဖော်ကိုင်ဖက်တွေ၊ စီနီယာတွေကို အပူကပ်တိုင်ပင်နေရချိန်မှာ ကိုယ်ကတော့ ဘယ်သူမှသိစရာမလိုဘဲ အခြေအနေတွေ ကိုယ်တိုင်သုံးသပ်၊ စဉ်းစား၊ ဆုံးဖြတ်ချက်ချနိုင်နေမှာလေ။
တစ်ယောက်တည်းစကားပြောတယ်ဆိုတိုင်း ရူးနေတာမဟုတ်ပါဘူးနော်။ ငါများရူးနေပြီလားလို့တွေးမိသေးတယ်ဆို သင်တကယ်မရူးပါဘူးတဲ့။ ဘယ်အရူးကမှ ကိုယ့်ကိုယ်ကို ရူးတယ်မထင်ကြလို့ပါပဲ။အတွေးတွေ အရမ်းရှုပ်နေတဲ့အချိန်မှာလေ တစ်ယောက်တည်း သီးခြားစကားပြောရင်းဖြေရှင်းကြည့်ပါ။ပေါ့ပါးလာပါလိမ့်မယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။