backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

စိတ်ဓါတ်တက်ကြွနေအောင်ဘယ်လိုနေမလဲ


Dr. Thant Zin မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

စိတ်ဓါတ်တက်ကြွနေအောင်ဘယ်လိုနေမလဲ

စိတ်ဓါတ်တက်ကြွနေအောင်ဘယ်လိုနေမလဲ

သင့်အနေနဲ့ ပြောင်းလဲဖို့အချိန်တန်ပြီလို့ ဆုံးဖြတ်လိုက်တာနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်သွားဖို့ လွယ်လွယ်ကူကူစတင်နိုင်မှာပါ။ ဒါပေမယ့် စပြီးတဲ့နောက်မှာဆက်လုပ်ဖို့ကတော့ လူတော်တော်များများအတွက် စိတ်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။

အခက်အခဲတစ်ခုစ နှစ်ခုစတွေ့နိုင်တာပုံမှန်ပါပဲ။ ဒါကိုကိုင်တွယ်ဖို့ အစီအစဉ်တော့ ရှိရပါမယ်။

အလုပ်တွေပိပြီးလေ့ကျင့်ခန်းအတွက် လုံးဝအချိန်မပေးနိုင်တဲ့နေ့မျိုး ကြုံလာနိုင်ပါတယ်။

ဒီလိုကြုံရရင် အရှိအတိုင်းလက်ခံပြီးအကောင်းဖက်ကတွေးပေးဖို့ပါပဲ။ နောက်တစ်နေ့မှာပုံမှန်ပြန်လုပ်နိုင်မှာပါ။

မိမိကိုယ်ကိုအကောင်းမြင်အောင် ဘယ်လိုအားပေးမလဲဆိုတဲ့အကြောင်းလေ့လာပါ။ ဒီအချက်ဟာအခက်အခဲတွေကိုကျော်ဖြတ်ဖို့ အမှန်တကယ် အထောက်အကူုပြုပါတယ်။

သင့်လှုပ်ရှားမှုများကိုမှတ်တမ်းလုပ်ထားပါ

သင့်လှုပ်ရှားမှုများကိုမှတ်တမ်းတစ်ခုထားပြီးသင်ပုံမှန်လုပ်စရာရှိတာတွေ လုပ်ဖြစ်နေအောင် ကြိုးစားပါ။

ဒီလိုလုပ်ခြင်းကြောင့် သင်ဟာဘယ်အချိန်တွေမှာလေ့ကျင်ခန်းအတွက် အချိန်မပေးနိုင်သလဲ၊ ဘယ်အချိန်တွေမှာအချိန်ပေးနိုင်သလဲဆိုတာအထောက်အကူပြုပါလိမ့်မယ်။

မှတ်တမ်းတစ်ခုဟာသင့်ရဲ့လုပ်ပုံကိုင်ပုံတွေကိုပိုမြင်သာစေပြီးပုံမှန်လုပ်ငန်းဆောင်တာတွေကိုဘယ်လိုပိုကောင်းအောင်လုပ်မလဲဆိုတာချိန်ဆနိုင်ပါတယ်။

  • တစ်ပတ်တာအတွင်းမှာလေ့ကျင့်ခန်းအချိန်မပေးနိုင်အောင် အလုပ်များတဲ့နေ့ရှိသလား။
  • ပြေးမယ့်အစားရေကူးတာဟာသင့်အတွက်အချိန်ပိုကုန်စေပါသလား။
  • သင် ပိုပြီးလုပ်ချင်တဲ့ လေ့ကျင့်ခန်းတွေ ရှိပါသလား။

ငြီးငွေ့နေပြီလား။ အောက်ဖော်ပြပါထဲကတစ်ခုကို ကြိုးစားကြည့်ပါ။

ငြီးငွေ့မှု ဟာသင်ကြုံရတဲ့အခက်အခဲတစ်ခုဖြစ်နိုင်ပါတယ်။

(၁) ပုံမှန်လုပ်ငန်းဆောင်တာတွေကိုပေါင်းစပ်လိုက်ပါ

သင့်ပုံမှန်လုပ်ဆောင်စရာတွေကိုသင်နှစ်ခြိုက်တဲ့ လှုပ်ရှားမှုတွေနဲ့ပေါင်းစပ်မိဖို့ အရေးကြီးပါတယ်။ လုပ်စရာရှိတာတွေ ပေါင်းစပ်လိုက်ရင် သင့်ကိုယ်ခန္ဓါရဲ့မတူညီတဲ့ကြွက်သားအားလုံးကိုအလုပ်ပေးရာရောက်နိုင်ပါလိမ့်မယ်။

သင်ဟာအာကစားရုံထဲမှာနေ့တိုင်းမိနစ်သုံးဆယ်လုပ်နေရတာကို ငြ်ီးငွေ့လာပြီဆိုကြပါစို့။ အပြောင်းအလဲအနေနဲ့ နှလုံးလေ့ကျင့်ခန်းလုပ်တဲ့ဆီတစ်ပတ်မှာတစ်ရက်သွားလိုက်ပါ။ နောက်တစ်ရက်မှာလမ်းမြန်မြန်လျှောက်တာ၊ သူငယ်ချင်းနဲ့ စက်ဘီးစီးတာမျိုးလုပ်ပါ။

ဘယ်လိုပဲလုပ်ရခက်ခဲနေပါစေ၊ သင့်လှုပ်ရှားမှုတွေကိုအမျိုးမျိုးပြောင်းလဲပေးတာဟာကိုယ်ခန္ဓါရဲ့ ကြွက်သားတစ်ခုခုကိုအလွန်အကျွံသုံးရလို့ ဒဏ်ဖြစ်တာမျိုးလည်းမရှိတော့ပါဘူး။

(၂) လေ့ကျင့်ဖော် ရှာပါ

တစ်ယောက်ယောက်နဲ့ ဒါမှမဟုတ် အုပ်စုလိုက်လုပ်ရတာတွန်းအားတစ်ခုဖြစ်ပါတယ်။

အပေါင်းအသင်းတစ်ယောက်ယောက်နဲ့ဖြစ်ဖြစ် အုပ်စုလိုက်ဖြစ်ဖြစ် သင့်ကိုပိုပြီးစိတ်ပါလက်ပါ လုပ်ဖြစ်စေပါတယ်။

ပိုပြီးတော့လည်းပျော်စရာကောင်းပါတယ်။

(၃) သင်ပျော်တာလုပ်ပါ

သင်ပျော်တဲ့လှုပ်ရှားမှုတွေကိုရွေးချယ်ပါ။ အချိန်ဇယားထဲထည့်ဆွဲပါ။ သင် သုံးနိုင်တဲ့ငွေကြေးအတိုင်းအတာအတွင်းမှာ ဖြစ်ရပါမယ်။ ဒါမှ သင် စိတ်ပါလက်ပါ လုပ်နိုင်မှာပါ။

လမ်းလျှောက်တာဖြစ်ဖြစ် ရေကူးတာဖြစ်ဖြစ် လေ့ကျင့်ခန်းတစ်ခုခုကိုရွေးချယ်ပါ။ ကြွက်သားတောင့်တင်းလာစေမယ့် လေ့ကျင့်ခန်းအချို့ (အလေးမခြင်းကဲ့သို့)လုပ်ပါ။

နောက်ထပ်ပြင်ဆင်ထားရမှာကတော့ ပြင်ပမှာဘယ်လိုလေ့ကျင့်ခန်းတွေလုပ်မယ်ဆိုတာနဲ့ ရာသီဥတုမကောင်းချိန်မှာအခန်းတွင်းမှာဘယ်လိုလေ့ကျင့်ခန်းလုပ်မယ်ဆိုတာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Thant Zin မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement