ဖွင့်ထုတ်ဝန်ခံလိုက်တဲ့ စစချင်း အချိန်မှာတော့ အခက်ခဲဆုံး အချိန် ဖြစ်နေနိုင်ပါတယ်။ တစ်လောကလုံးကို အသိမပေးခင်မှာ ကိုယ်နဲ့ အရင်းနှီးဆုံး သူတွေနဲ့ အရင် ပြောဆိုကြည့်ဖို့ ကြိုးစားသင့်ပါတယ်။ မိဘ ဒါမှမဟုတ် ဝမ်းကွဲဆွေမျိုး တစ်ဦးဦးဖြစ်ဖြစ်၊ သူငယ်ချင်း ဒါမှမဟုတ် ဆရာ၊ ဆရာမဖြစ်ဖြစ် ကိုယ်ယုံကြည်ရသူလည်း ဖြစ်၊ ကိုယ့်ကို အကူအညီပေးမယ့် သူလည်း ဖြစ်တဲ့ လူတစ်ယောက်ယောက်ကို ရွေးပါ။
မေးလာနိုင်မယ့် မေးခွန်းတွေလည်း ကြိုစီထားဖို့ လိုပါတယ်။ သင်ပြောပြလိုက်တဲ့ လူတွေက သင့်ရဲ့ ဘဝသစ်အကြောင်းကို ပိုသိချင်ကြပါလိမ့်မယ်။ ဒါ့ကြောင့် တတ်နိုင်သလောက် အချက်အလက်တွေ စုပြီး အရာအားလုံးကို အစွမ်းကုန် ရှင်းပြလိုက်ပါ။ ဒါပေမယ့် သူတို့ရဲ့ တုံ့ပြန်မှုက မကောင်းခဲ့ရင် ဒီကိစ္စကို လက်ခံပေးနိုင်ဖို့ သူတို့ကို အချိန်ပေးလိုက်ပါ။ သူတို့အနေနဲ့ လက်ခံပေးဖို့ကို အတင်း မတိုက်တွန်းပါနဲ့။ ဒီလိုမှ မဟုတ်ရင် ပိုလို့တောင် ခါးခါးသီးသီး ငြင်းပယ်ခံရနိုင်ပါတယ်။
ကိုယ့်ရဲ့နာမည် ဒါမှမဟုတ် ဝတ်ပုံစားပုံကို ပြောင်းလဲဖို့ ရည်ရွယ်ထားတယ် ဆိုရင် ပိုပြီး စိတ်ရှည်ဖို့ လိုပါတယ်။ လူတွေက သင့်ကို သိလာခဲ့တာ ကြာပြီမို့ သင့်ရဲ့ဘဝသစ် ကို လိုက်နားလည် လက်ခံပေးဖို့ မလွယ်လှပါဘူး။ သင်တောင်မှ ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ အချိန် အတော် ယူခဲ့ရတာ မဟုတ်လား။ စိတ်ရှည်ပါ ၊ဇွဲရှိပါ။ လူတွေက သင့်ကို နာမ်စားမှားခေါ်နေတဲ့အခါ သူတို့ကို သတိပေးပြီး ပြင်ခေါ်ခိုင်းဖို့ မဝံ့မရဲ ဖြစ်မနေပါနဲ့။ ရိုးသားတဲ့ အမှားလည်း ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်က နာမည်ပြောင်းထားတဲ့အတွက် နောက်ပိုင်း ဥပဒေနဲ့ ပတ်သက်ပြီး ပြဿနာ ဖြစ်မလာစေဖို့ ဥပဒေရေးရာ စာရွက်စာတမ်းတွေကို အသစ် ပြင်ဆင်ဖို့ မမေ့ပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။