ကြောက်ရွံ့မှုတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပြီလား ……. ကြောက်ရွံ့မှုဆိုတဲ့ အရာက လူတိုင်းမှာ ရှိတတ်ကြစမြဲပါ။ သက်ရှိအရာဝတ္ထု တစ်ခုခုကိုဖြစ်စေ၊ စိတ်ခံစားချက်ကို ဖြစ်စေ၊ မမြင်ရတဲ့ တစ္ဆေသရဲတွေ၊ မဖြစ်လာသေးတဲ့ အနာဂတ်တွေ၊ အတိတ်ကအရိပ်မည်းတွေ အစရှိသဖြင့်ပေါ့။ ကြောက်ရွံ့မှုဆိုတာ ထူးဆန်းတဲ့အရာတစ်ခုတော့ မဟုတ်ပေမဲ့ လူတော်တော်များများက ဒီကြောက်ရွံ့မှုတွေကို ရင်မဆိုင်ဘဲ ထွက်ပြေးဖို့ ကြိုးစားတတ်ကြတာပါ။ ကိုယ်ကြောက်တဲ့ အရာတစ်ခုကို ရှောင်ပြေးလိုက်တဲ့အခါ ကြောက်ရွံ့မှုဟာ ပျောက်သွားတာမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ စိတ်ကိုပါ ပိုပြီးကြောက်လာစေဖို့၊ ရှောင်ပြေးဖို့ကို ပိုပြီးလှုံ့ဆော်ပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။