စိတ်ဖိစီးမှုများရင် ဒီရောဂါတွေဖြစ်နိုင်တယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 8, 2020 . 3 mins read
Share now

တစ်နေ့တစ်နေ့ အလုပ်တွေနဲ့လုံးပန်းရင်း မခေါ်ဘဲရောက်လာတဲ့ ဧည့်သည်ကိုလည်းမောင်းထုတ်ရခက်နေတတ်တယ်နော်။ ဒါကတော့ ကိုယ်က မတောင့်တတောင် ကိုယ့်ဆီရောက်လာတတ်တဲ့ စိတ်ဖိစီးမှုလေ။ စိတ်ဖိစီးမှုက သိမ်းထားလို့ကောင်းတဲ့အရာမဟုတ်ပါဘူး။ ကြာကြာသိမ်းလေ ကိုယ့်မှာထိခိုက်ရတာတွေ များလာလေလေပါပဲ။ စိတ်ဖိစီးမှုကြောင့် ဘာတွေဖြစ်နိုင်လဲ ဆက်ကြည့်လိုက်ရအောင်နော်။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှုဆိုတာက ခန္ဓာကိုယ်မှာပြောင်းလဲမှုတွေဖြစ်လာတဲ့အခါဖြစ်ပေါ်တတ်တဲ့ သာမန်တုံ့ပြန်မှုတစ်ခုပေါ့။ ဒီပြောင်းလဲမှုကို ခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာ အရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်းတုံ့ပြန်တတ်ပါတယ်။ စိတ်ဖိစီးမှုက စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုကို အပြောင်းအလဲတွေဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုဆိုတာမျိုးကနေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလိုတောင်ဖြစ်နေတတ်ပါသေးတယ်။နေ့စဉ်ထိတွေ့ဆက်ဆံနေတဲ့ ပတ်ဝန်းကျင်ကြောင့်၊ ကိုယ်ရဲ့အတွေးတွေနဲ့ ကိုယ့်ရဲ့ အပြုအမူတွေကြောင့် စိတ်ဖိစီးမှုဝင်နိုင်ပါတယ်။

စိတ်ဖိစီးမှုကြောင့် ခံစားရနိုင်တဲ့ရောဂါများ

လူတွေရဲ့ ခန္ဓာကိုယ်က စိတ်ဖိစီးမှုကို ခံစားတုံ့ပြန်နိုင်စွမ်းရှိကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြာကြာသိမ်းထားမလဲဆိုတာကတော့ ကိုယ့်ရဲ့ စိတ်ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေမှာပါ။ လူတစ်ယောက်ဟာနေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုကို ခံစားလာရမယ်ဆိုရင်တော့ အပြုသဘောမဆောင်နိုင်တော့ဘဲ အပျက်သဘောဆောင်လာပြီး ခန္ဓာကိုယ်မှာရောဂါတွေဝင်လာတော့တာပေါ့။ စိတ်ဖိစီးမှုများလာတဲ့အခါ ဒီရောဂါတွေခံစားလာရနိုင်ပါတယ်။

နှလုံးရောဂါ – ကာလရှည်ကြာစိတ်ဖိစီးတာကြောင့်သွေးပေါင်ချိန်မြင့်ရာကနေနောက်ပိုင်းမှာ နှလုံးရောဂါခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုက နှလုံးခုန်နှုန်း နဲ့ သွေးစီးဆင်းမှုကို တိုးစေနိုင်ပြီးသွေးတွင်းကိုလက်စထရောများလာစေတာကြောင့် နှလုံးကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

ပန်းနာရင်ကျပ် -လေ့လာမှုတွေအရ စိတ်ဖိစီးမှုက ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ကာလရှည်ကြာစိတ်ဖိစီးမှုက ပန်းနာရင်ကျပ်ရောဂါ ခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။

အဝလွန် – စိတ်ဖိစီးမှုများတာက ကိုယ်တွင်းမှာကော်တီစောဟော်မုန်းပမာဏကို တိုးစေပြီး ဝမ်းဗိုက်၊ တင်ပါးနဲ့ခြေထောက်တွေမှာ အဆီတွေစုစေရာကနေတဆင့်နောက်ဆုံးမှာ အဝလွန်တာအထိဖြစ်စေနိုင်ပါတယ်။

ဆီးချို – အချိုစားများမှ ဆီးချိုဖြစ်တာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုကြောင့် ဆီးချိုဖြစ်နိုင်သလို ဆီးချိုရှိသူတွေမှာလည်း ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်မှုပုံစံတွေဖြစ်လာစေပြီးသွေးတွင်းအချိုဓာတ်ကိုမြင့်တက်စေမှုကနေတဆင့် ဆီးချိုရောဂါကို ခံစားရစေပါတယ်။

ခေါင်းကိုက် – စိတ်ဖိစီးမှုများလာတဲ့အခါ အရင်ဆုံးခံစားရမှာကခေါင်းကိုက်တာပါ။ စိတ်ဖိစီးမှုများတာကခေါင်းကိုက်စေတဲ့အပြင်ခေါင်းတစ်ခြမ်းကိုက်ရောဂါကိုပါခံစားရစေနိုင်ပါတယ်။

စိတ်ဓာတ်ကျ – ကာလရှည်ကြာစိတ်ဖိစီးမှုက စိတ်ဓာတ်ကျတာကိုဖြစ်စေနိုင်တယ်ဆိုတာက အဆန်းကြီးတော့မဟုတ်ပါဘူး။နေ့စဉ်ထိတွေ့နေရတဲ့ ပတ်ဝန်းကျင်ကနေ စိတ်ဖိစီးမှုကို ခံစားနေရသူတွေက အခြားသူတွေထက် စိတ်ဓါတ်ကျမှုကို ခံစားရနိုင်ခြေ ၈၀ ရာခိုင်နှုန်းပိုများနေနိုင်ပါတယ်။

အစာအိမ်အူလမ်းကြောင်းပြဿနာ -အစာမကြေတာ၊ ရင်ပူတာတွေက စားလိုက်တဲ့ အစားအစာတွေကြောင့်ဖြစ်နိုင်သလို ကာလရှည်ကြာ ပိုက်ထားခဲ့ရတဲ့ စိတ်ဖိစီးမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် စားလိုက်တိုင်း အာဟာရဖြစ်ပြီး အစာခြေစနစ် ကျန်းမာနေစေဖို့ စိတ်ဖိစီးမှုကိုမြန်မြန်အဝေးလွှင့်ပစ်ပါနော်။

အယ်လ်ဇိုင်းမားရောဂါ (စိတ်ချို့ယွင်းမှုရောဂါတစ်မျိုး) -လေ့လာမှုအရ စိတ်ဖိစီးမှုကြောင့် အယ်လ်ဇိုင်းမားရောဂါခံစားရနိုင်ခြေပိုများစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကရောဂါရှိသူတွေမှာလည်း ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုလျှော့ချနိုင်လေလေရောဂါခံစားရနိုင်ခြေနည်းလေလေပါ။

အိပ်စက်မှုထိခိုက်နိုင်တယ် – စိတ်ဖိစီးရင် ဘယ်လောက်အိပ်အိပ် အိပ်မပျော်ပါဘူး။ ညဘက်ကောင်းကောင်းအိပ်မပျော်တာကြာလာတဲ့အခါ စိတ်ခံစားမှုတွေမကောင်းသလို မှတ်ဉာဏ်တွေပါထိခိုက်လာပါတော့တယ်။ ဒီလိုမျိုး အိပ်ရေးပျက်ညတွေများလာတာက ခန္ဓာကိုယ်က စိတ်ဖိစီးမှုကို နှင်ထုတ်ရာမှာ အခက်တွေ့သထက်တွေ့စေတော့ပါတယ်။

အနာကျက်နှေးမယ် – စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်မှာကောတီစောပမာဏတွေများလာပြီး အနာကျက်မှုဖြစ်စဉ်ကို အဟန့်အတားဖြစ်စေပါတယ်။ ကိုယ်ခံအား အားနည်းလာပြီး အနာကျက်မှုဖြစ်စဉ်နှေးကွေးလာစေတော့ပါတယ်။

ခဏခဏဖျားနာမယ် – ခဏခဏဖျားနာတာကလည်း ကိုယ်တွင်းမှာ စိတ်ဖိစီးမှုများနေတာကြောင့် ကိုယ်ခံအားနည်းလာလို့ ဖြစ်ရတာပါ။

အိုမင်းရင့်ရော်စေနိုင်တယ် – စိတ်ဖိစီးမှုက လူရဲ့ရုပ်သွင်ပြင်ကိုထိခိုက်စေနိုင်ပါတယ်။နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုကိုရှောင်လွှဲခွင့်မရဘဲ ရင်ဆိုင်နေရသူတွေမှာ ရှိရင်းစွဲအသက်ထက် ၉ နှစ် ကနေ ၁၇ နှစ်အထိ အိုမင်းရင့်ရော်နိုင်တယ်လို့လေ့လာမှုရလဒ်တွေအရသိရပါတယ်။

အရွယ်မတိုင်ခင်သေဆုံးမယ် – စိတ်ဖိစီးမှုက ကိုယ်ရော စိတ်ကိုပါထိခိုက်စေနိုင်ပါတယ်နော်။နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုကို ရင်ဆိုင်ရသူတွေဟာ အခြားသူတွေက် အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေ ၆၃ ရာခိုင်နှုန်းအထိမြင့်တက်နေပါတယ်နော်။

စိတ်ဖိစီးမှုကို ဒီလိုဖြေလျှော့ပါ

စိတ်ဖိစီးမှုဆိုတာက ကိုယ်ကကြာကြာမွေးထားလို့ရှိနေတာပါ။ ဒါကြောင့် စိတ်ဖိစီးမှုကြောင့် ကိုယ်ရော စိတ်ပါ မထိခိုက်စေဖို့ ဒီနည်းလေးတွေသုံးပြီး စိတ်ဖိစီးမှုနဲပ ခပ်ကင်းကင်းနေလိုက်ပါ။

  • အပြုသဘောဆောင်တဲ့ သဘောထားရှိပါစေ
  • ကိုယ်မလုပ်ဆောင်နိုင်တဲ့ အခြေအနေကို လက်သင့်ခံတတ်ပါစေ
  • တရားထိုင်တာ၊ယောဂကစားတာ၊ ထိုက်ချိ ကစားတာလိုမျိုး စိတ်အပန်းပြေစေတဲ့ အားကစားလုပ်ဖြစ်အောင်ဂရုစိုက်ပါ
  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ဖြစ်အောင်ဂရုစိုက်ပါ
  • ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတတ်ပါစေ
  • အချိန်တွေကို အကျိုးရှိရှိအသုံးချတတ်ပါစေ
  • စိတ်ဝင်စားတဲ့အရာတွေအတွက် အချိန်ပေးတတ်ပါစေ
  • လုံလောက်တဲ့ အိပ်စက်အနားယူမှုရှိပါစေ
  • အရက်နဲ့ဆေးလိပ်လိုမျိုးအရာတွေကို စိတ်ဖြေစရာအဖြစ် အသုံးမပြုပါနဲ့
  • ချစ်ခင်ရသူတွေနဲ့ အချိန်ပေးတွေ့ဆုံပေးပါ

ဒီနည်းလေးတွေသုံးလို့ စိတ်ဖိစီးမှုကို ဘိုင့်ဘိုင်လို့ နှုတ်ဆက်ပြီးရောဂါကင်းကင်းနဲ့ ကျန်းမာပျော်ရွှင်တဲ့နေ့စဉ်ဘဝလေးကို ပိုင်ဆိုင်လိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပန်းနာရင်ကြပ် ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ပန်းနာရင်ကြပ် ရောဂါက ညဘက်မှာလည်း အမောထဖောက်တတ်ပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကို လေ့လာထားပြီး ကာကွယ်နည်းတွေကိုပါ သိထားဖို့လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကြောက်လန့်ဖွယ်ရာ စိတ်ကျဝေဒနာ

စိတ်ကျရောဂါ ဟာ စိတ်ပိုင်းဆိုင်ရာရောဂါပဲ မဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးမှာ တခြားရောဂါတွေကိုပါ ဖြစ်လာစေပါတယ်။ မိမိကိုယ်ကို သတ်သေခြင်းလည်း ဖြစ်စေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဖျားနေရင် အမြန်ဆုံး သက်သာစေဖို့

နေထိုင်မကောင်းရင်တောင် နေမကောင်းဘူးလို့ ကျယ်ကျယ် မညည်းတွားရဲဘူး။ အကြောင်းကတော့ ဖျားနာ ဖျားတယ်ဆိုရင် လူအများ သတ်မှတ်လိုက်တာက ကိုဗစ်ဆိုတဲ့ ခန့်မှန်းမှုကိုး။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သွေးလေးဖက်နာရောဂါနဲ့ ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်တွေက ဘာတွေလဲ။

သွေးလေးဖက်နာ လေးဖက်နာရောဂါ အရိုးအဆစ်တွေပုံပျက် အရိုအဆစ်အမြစ်တွေရောင်ရမ်း Autoimmune အဆစ်တွေတောင့်တင်း ဆေးလိပ်သောက် အဝလွန်ခုခံအားကမောက်ကမဖြစ် နာတာရှည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 13, 2020 . 2 mins read
ကိုဗစ်ကာလမှာ ဝိတ်ချသင့်သလား

ကိုဗစ်ကာလမှာ ဝိတ်ချသင့်သလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read
ကိုဗစ်အနံ့ပျောက်လူနာ အနံ့ပြန်ရစေဖို့

ကိုဗစ်အနံ့ပျောက်လူနာ အနံ့ပြန်ရစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 3 mins read
ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 10, 2020 . 2 mins read