home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ခြင်အန္တရာယ်က ကာကွယ်ဖို့ အကောင်းဆုံးခြင်ဆေးရွေးချယ်ကြမယ်

ခြင်အန္တရာယ်က ကာကွယ်ဖို့ အကောင်းဆုံးခြင်ဆေးရွေးချယ်ကြမယ်

နေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာကိုဖြေရှင်းဖို့နည်းလမ်းကောင်းတစ်ခုပြောပြပေးချင်ပါတယ်။ ရာသီဥတုက မိုးတွင်းစပြီဆိုတော့ ခြင်တွေပိုများပြီး ခြင်ကိုက်ခံလာရတာပေါ့။ ခြင်ကိုက်တဲ့အခါ အရေပြားမှာယားယံမှုတွေဖြစ်မယ်၊ အဖုအပိမ့်တွေထမယ်။ ဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ခြင်တွေဆီကနေဇီကာ၊ ငှက်ဖျား နဲ့ သွေးလွန်တုပ်ကွေးလိုမျိုးရောဂါတွေ ကူးစက်ခံရနိုင်ပါသေးတယ်။ နှစ်စဉ်ခြင်ကနေတဆင့်ကူးစက်တဲ့ရောဂါတွေကြောင့် ကမ္ဘာ့လူဦးရေ သန်း ၇၀၀ကျော် နီးပါး ဝေဒနာ တွေခံစားနေကြရပါတယ်။

ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အလွယ်ကူဆုံးနဲ့ အမြန်ဆုံးဖြစ်မယ့်နည်းလမ်းကခြင်ဆေးသုံးရမှာပေါ့။ခြင်ဆေးသုံးပေါ့ဆိုပေမယ့် ဘယ်လိုခြင်ဆေးမျိုးက ပိုပြီးထိရောက်မှုရှိမလဲဆိုတာကတော့စဉ်းစားရခက်တယ်နော်။ခြင်ဆေးကို ဘယ်လိုများရွေးရမလဲ စဉ်းစားရကြပ်နေရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

ခြင်ဆေးမရွေးခင်သိထားသင့်တဲ့ အရာတွေက

ခြင်ဆေး၊ အင်းဆက်တွေကို နှိမ်နှင်းပေးတဲ့ဆေးတွေ ရွေးချယ်တဲ့အခါ အခုပြောပြမယ့် အချက်လေးတွေကို ကြည့်ပြီးရွေးချယ်ရင် ပိုအဆင်ပြေမှာပါ။

DEET

ခြင်ဆေးတွေနဲ့ ပိုးသတ်ဆေးအများစုမှာ အဓိကပါဝင်နေတဲ့ ဓာတု ပိုးသတ်ဆေးတစ်မျိုးပါ။ ဒီဓာတုပိုးသတ်ဆေးက အခြားပိုးသတ်ဆေးတွေထက် ပိုပြီးထိရောက်မှုရှိပါတယ်။ခြင်ကိုက်မခံရအောင်ကာကွယ်မှုပိုကောင်းပြီး အချိန်တော်တော်ကြာတဲ့အထိခြင်နဲ့အင်းဆက်တွေအန္တရာယ်ကနေကာကွယ်ပေးပါတယ်။

Permethrin

Permethrin ကလည်း ပိုးသတ်ဆေးတစ်မျိုးပါပဲ။ လူ့အသားအရေမှာ အသုံးပြုဖို့အတွက် စိတ်ချရတဲ့အဆင့်တော့မဟုတ်ပါဘူး။ ဒီဆေးကိုအသုံးပြုချင်တယ်ဆိုရင်တော့ အဝတ်တွေ၊ခြင်ထောင်နဲ့ အခြားသောအရာတွေမှာ စွတ်ပြီး အသုံးပြုတာကောင်းပါတယ်။ အသားအရေမှာ တိုက်ရိုက်အသုံးမပြုသင့်ပါဘူး။ ခြင်အန္တရာယ်ကနေတော့ အပြည့်အဝ ကာကွယ်ပေးနိုင်တာပါ။

Picaridin

ဒီပိုးသတ်ဆေးက ငှက်ဖျားရောဂါသယ်ဆောင်တဲ့ခြင်တွေကို ထိထိရောက်ရောက်နှိမ်နှင်းနိုင်ပါတယ်။ အင်းဆက်တိုင်းကိုတော့ နှိမ်နှင်းပေးနိုင်စွမ်းမရှိပါဘူး။ DEET နဲ့မတူတာတစ်ခုက Picaridin ကအနံ့ မရှိပါဘူး။

Citronella

Citronella ကို နှစ်အတော်ကြာအတွင်း အကြိမ်များစွာလေ့လာခဲ့ပါတယ်။ ဒါက အခြား အရာတွေလောက် အစွမ်းမထက်ပေမယ့် သဘာဝပစ္စည်းတွေကနေ ထုတ်လုပ်ထားတာဖြစ်တာကြောင့် အရေပြားပေါ်မှာ အသုံးပြုလို့ရပါတယ်။ အချိန်အကြာကြီးတော့မခံဘူးပေါ့။ မိနစ် ၃၀ ကနေ အများဆုံးမိနစ် ၆၀ အထိပဲအစွမ်းရှိပါတယ်။

PMD

ဒါက သဘာဝပစ္စည်းတစ်မျိုးပါ။ West Nile virusကို သယ်ဆောင်ထားတဲ့ခြင်တွေကို နှိမ်နှင်းပေးနိုင်စွမ်းရှိပါတယ်။ ၆ နာရီကြာ ခြင်ကိုက်မခံရအောင်ကာကွယ်ပေးနိုင်ပြီး အသားအရေမှာပါ အသုံးပြုလို့ရတဲ့အထိ ဘေးကင်းတဲ့ ခြင်နှိမ်နှင်းရေးဆေးတစ်မျိုးပါ။

Dimefluthrin

ခြင်ရော အင်းဆက်တွေကိုပါ နှိမ်နှင်းပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ခြင်နဲ့အင်းဆက်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် အသုံးပြုနိုင်သလို နှိမ်နင်း ထိန်းချုပ်ဖို့အတွက်လည်း အသုံးပြုလို့ရပါတယ်။ လူ့အရေပြားမှာ တိုက်ရိုက်အသုံးပြုလို့မရပေမယ့် နေအိမ်အတွင်းပိုင်းမှာရော၊ အပြင်ဘက်မှာပါ အသုံးပြုလို့ရပါတယ်။

ခြင်ဆေးရွေးတဲ့အခါ အခုပြောခဲ့တဲ့ အရာတွေပါဝင်တာကိုရွေးချယ်တာက အဆင်ပြေဆုံးဖြစ်မှာပါ။ ဒါပေမယ့် တစ်ခုအမြဲတမ်းသတိထားရမှာက ဒီပစ္စည်းတွေရဲ့ အချိုးအစားက အရမ်းနည်းလွန်း အရမ်းများလွန်းရင် မကောင်းပါဘူး။ အရမ်းနည်းလွန်းရင် ခြင်ဆေးက အကျိုးအာနိသင်မရှိသလို အရမ်းများလွန်းရင်လည်း လူအတွက် အန္တရာယ်ရှိနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 2 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။