သာယာတဲ့ အိမ်ထောင်ဘဝလေး ဖြစ်ဖို့ဆိုတာ တစ်ဦးအပေါ် တစ်ဦး နားလည်ဖို့၊ စာနာဖို့၊ လိုအပ်တာလေးတွေ ကူညီဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ ဒါမှလည်း မေတ္တာတွေက ဘယ်တော့မှ ခမ်းခြောက်မသွားဘဲ အိမ်ထောင်သက် ကြာလာလေ၊ အချစ် ပိုတိုးလာလေ ဖြစ်မှာပေါ့။ ဒီဆောင်းပါးမှာတော့ အိမ်ထောင်ရေး သာယာ အဆင်ပြေစေဖို့ အလုပ်ကနေ ပင်ပင်ပန်းပန်း ပြန်ရောက်လာတဲ့ ကိုယ့်ခင်ပွန်း ရွှေရင် အေးရစေဖို့ ဘာတွေ ဆောင်ရ၊ ရှောင်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။