backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Post-traumatic stress disorder (PTSD) (ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ))

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 29/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်။

ဆိုတာဘာလဲ။

ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ)

ဆိုသည်မှာစိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုဖြစ်ပြီး အရင်ဖြစ်ခဲ့သော ဆိုးဝါးသည်အ့တွေ့အကြုံများကြောင့်ဖြစ်သည်။ ထိခိုက်မှုဖြစ်စေသောအခြေအနေသည် မျိုးစုံနှင့်လာနိုင်သည်။ သို့သော် လူအချို့တွင် ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ)

သည် အရမ်းနာကျင်သို့မဟုတ်လန့်သွားပြီး ဥပမာ ကားတိုက်ခြင်းသို့မဟုတ် စစ်ပွဲအပြီးတွင်မှဖြစ်တတ်သည်။ ထိုထိခိုက်မှုအကြောင်းအချိန်ပြည့်တွေးနေခြင်းဖြစ်တတ်ပြီးသင့်ဘဝကိုထိခိုက်နိုင်သည်။ ပြန်ပြောင်းလဲမှုလုပ်ရန်ခက်သော်လည်းစိတ်သက်သာစေရန်နည်းလမ်းများတော့ရှိသည်။

ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ)

ဟာဘယ်လောက်ထိအဖြစ်များသလဲ။

ဒီရောဂါဟာအဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အဘယ်ကြောင့်ဆိုသော် မိန်းကလေးများကပြောင်းလဲမှုကိုပိုစိတ်ခံစားမှုပြင်းခြင်းနှင့် စိတ်ခံစားမှုများခြင်းတို့ကြောင့်ဖြစ်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးများတွင်ပင်ဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ။

ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ)

ရဲ့ ရောဂါလက္ခဏာတွေကဘာတွေလဲ။

ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ)

ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ပီတီအက်ဒီဖြစ်စေသော အကြောင်းအရာတစ်ခုကိုမတွေးပဲမနေနိုင်အောင်ဖြစ်လိမ့်မည်။ ပီတီအက်ဒီရှိပါက ဖြစ်ခဲ့သောထိခိုက်မှုကို စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်း အိမ်မက်ဆိုးများမက်ခြင်းဖြင့်ထပ်ခါထပ်ခါပြန်ခံစားနေရတတ်သည်။

ပတ်ဝန်းကျင်နှင့်ဆက်ဆံရခြင်းကိုရှက်လာမည်။ သင့်အားထိခိုက်စေခဲ့သော သူများကိုမတွေ့ခြင်တော့ခြင်း လူတွေ နေရာတွေ အတွေးများ ဖြစ်နေသောလက်ရှိအခြေအနေများကိုရှောင်ခြင်းတို့ပြုလုပ်လာလိမ့်မည်.။ ထိုသို့ရှောင်ခြင်းက မိသားစုသူငယ်ချင်းများနှင့်ခွဲနေလိုခြင်း ကိုစိတ်ဝင်စားဖူးသော လှုပ်ရှားမှုများကိုပါစိတ်မဝင်စားတော့ခြင်းတို့ဖြစ်တတ်သည်။

အရင်ကထက်စိတ်ခံစားမှုပြင်းနေသည်ကိုတွေ့ရသည်။ ဆိုလိုသည်မှာ သင်ခံစားလွယ်ခြင်း ပိုစိတ်ဓါတ်ကျလွယ်ခြင်း နှင်စိတ်အပြောင်းအလွှဲမြန်ခြင်းတို့ဖြစ်တတ်သည်။

အခြားသူနှင့်ဆက်ဆံရာတွင်လည်းပြသာနာဖြစ်တတ်သည်။ စိတ်အရမ်းကြွခြင်း ခစားချက်များအကုန်ထုတ်ဖော်ခြင်း ပြန်ကောင်းသွားခြင်းစသည်ဖြင့်ပါဝင်နိုင်သည်။

အိပ်ပျော်ရန်ခက်ခဲခြင်း အာရုံစိုက်ရန်ခက်ခဲခြင်းတို့လည်းဖြစ်တတ်သည်။

ရုပ်ပိုင်းဆိုင်ရာတွင်သွေးပေါင်ချိန်တက်ခြင်း နှလုံးခုန်နှုန်းမြန်ခြင်း အသက်ရူမြန်ခြင်း ကြွက်သားများတောင့်ခြင်း ပျို့ခြင်း ဝမ်းလျောခြင်းတို့ဖြစ်တတ်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

လူတော်တော်များထိုစိတ်ပိုင်းဆိုင်ရာအခြေအနေဖြစ်ပါက ရှက်ခြင်း နှင့်ဆရာဝန်နှင့်မတွေ့လိုခြင်းတိုဖြစ်တတ်သည်။ သို့သော် ပီတီအက်ဒီသည်ကုသ၍ရသည်။ စောစီးစွာကုသမှုခံပါက ပိုစောစောပျောက်ကင်းနိုင်သည်။ အောက်ပါတို့ရှိပါကဆရာဝန်ကိုဆက်သွယ်ပါ။

ထိခိုက်မှုနှင့်ပတ်သတ်သည့်စိတ်အနှောက်ဖြစ်စေသောအတွေးများခံစားချက်များကိုတစ်လကျော်ထိခံစားနေရခြင်း

မကောင်းသောအတွေး ခံစားချက်များကပြင်းထန်နေခြင်း

သင့်ပုံမှန်ဘဝပြန်နေရန်ခက်ခခြင်း

သင့်ကိုယ်သင်ထိခိုက်အောင်လုပ်လိုခြင်း သို့မဟုတ် သတ်သေလိုခြင်း။

ဖြစ်ပွားမှုအကြောင်းရင်းများ။

ဘာတွေက ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ)

ဖြစ်ပွားစေသလဲ။

ဖြစ်စေသောအကြောင်းကိုမသိပါ။ သို့သော သင်ဖြတ်ကျော်ခဲ့ရသော အတွေ့အကြုံ သည် အသက်အန္ဓါထိခြိမ်းခြောက်ခြင်း အလွန်ပြင်းထန်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်းတို့ဖြစ်ပါက ဖြစ်သည်ဟု ယူဆကြသည်။

အခြားတစ်ဖက်တွင် ပီတီအက်ဒီကိုအရောပုံစံဖြင့်တွေ့နိုင်သည်။

မွေးရာပါစိတ်ကျန်းမာရေးအခြေ ဥပမာ ဒေါသထွက်လွယ်စိတ်ဓါတ်ကျလွယ်ခြင်း

ငယ်ရွယ်စဉ်ကလေးဘဝက ထိခိုက်ခံစားခဲ့ရမှုပြင်းခြင်း

သင့်ပုံစံ သင့်စိတ်ရှည်မှုရရှိခဲ့သည်မတူခြင်း

သင့်ဦးနှောက်မှ ဓါတုနှင့်ဟော်မှန်းထိန်းချုပ်ပုံမတူခြင်း

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

ဘယ်အရာတွေက ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ)

ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ)

ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အဓိကအားဖြင့် ခက်ခဲသောအတွေ့အကြုံများနှင့်တွေ့ခဲ့ရပါကပိုဖြစ်နိုင်သည်။ သို့သော် အောက်ပါအခြေအနေများဖြစ်ပြီးနောက်ဖြစ်တတ်သည်။

ပြင်းထန်သောသို့မဟုတ် ကြာရှည်သောထိခိုက်မှုအပြီး

ကလေးဘ၀ ထဲက ထိုထိခိုက်မှုမျိုးခံစားရခြင်း ဥပမာ ကလေးအနိုင်ကျင့်ခံစားခြင်း ပစ်ပယ်ခံရခြင်း

အလုပ်အကိုင် ဥပမာ စစ်ပိုင်းဆိုင်ရာ ရှေ့တန်းတိုက်သူများ

စိတ်ပိုင်းဆိုင်ရာရောဂါဥပမာ ဒေါသထွက်လွယ်စိတ်ဓါတ်ကျလွယ်ခြင်း

မိသားစု သူငယ်ချင်းများက ထောက်ပံ့မှုအားနည်းခြင်း

မိသားစုမျိုးရိုးတွင်စိတ်ပိုင်းဆိုင်ရာပြသာနာ ဥပမာ ပီတီအက်ဒီသို့မဟုတ် စိတ်ဓါတ်ကျခြင်းရှိခြင်း

စိတ်ဖိစီးမှုများသောအချိန်များဘဝတွင်တွေ့ကြုံနိုင်သော်ခည်း အချို့တွင် ပီတီအက်ဒီကိုပိုဖြစ်စေသည်။ အောက်ပါဖြစ်ရပ်များကြောင့်ပိုဖြစ်တတ်သည်။

တိုင်ပွဲထိခိုက်ခြင်း

ငယ်စဉ်ကတည်းကပစ်ပယ်ခံရခြင်း အနိုင်ကျင့်ခံရခြင်း

လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရခြင်း

ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်ခံရခြင်း

လက်နက်ဖြင့်ချိန်းခြောက်ခံရခြင်း

အခြားထိခိုက်မှုများကလဲဖြစ်စေတတ်သည် ဥပမာ မီးမတော်မဆမှု သဘာဝဘေးအန္ဓါရာယ် ဒါးမြတိုက်ခံရခြင်း ကားတိုက်ခံရခြင်း လေယာဉ်ပျက်ကျြခ်ငး ပြန်ပေးဆွဲခံရခြင်း အသက်သေနိုင်သောရောဂါများ အကြမ်းဖက်သူများနှင့်အသက်အန္ဓါရာယ်ချိန်းခြောက်သောအခြားအခြေအနေများ

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ)

ဟုတ်မဟုတ်ကိုဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ထိခိုက်မှုတစ်လမကျော်မချင်း ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ)ဟု အတည်မပြုပါ။ ထိခိုက်ပြီးတစ်လအတွင်း အပေါ်တွင်ဖော်ပြထားသောလက္ခဏာများရှိကဆရာဝန်နှင့်တိုင်ပင်သင့်သည်။ လက္ခဏာများရှိက ဆရာဝန်မှ ရောဂါသမိုင်းကြောင်းနှင့် ရုပ်ပိုင်းဆိုင်ရာစမ်းသက်မှုများလုပ်လိမ့်မည်။ ဓါတ်ခွဲခန်းဆိုင်ရာစမ်းသက်မှုများမရှိသော်လည်း အခြားရုပ်ပိုင်းဆိုင်ရာရောဂါကြောင့်ဖြစ်ခြင်းမဟုတ်သည်ကိုဖယ်ရန်သုံးလိမ့်မည်။

ရုပ်ပိုင်းဆိုင်ရာရောဂါမတွေ့ပါက စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူ နှင့်စိတ်ရောဂါကုဆရာဝန်ထံ သို့လွဲလိမ့်မည်။ သူတို့မှ အထူးပြုလုပ်ထားသောမေးမြန်းချက်နှင့် ကိရိယာများသုံး၍ စိတ်ဒေါသဆိုင်ရာရောဂါများရှာလိမ့်မည်။ ရောဂါလက္ခဏာများက ပီအက်တီဒီလို့ဖော်ပြလျင်ပင် တစ်လကျော်မှရောဂါသေချာသည်ဟုသတ်မှတ်သည်။

ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ)

ကိုဘယ်လိုကုသလဲ။

ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ)

ကုသမှုကို သင့်ဘဝပုံမှန်ပြန်ရောက်ရန်လိုအပ်သည်။ ပထမဆုံးကုထုံးမှာ စိတ်ပိုင်ဆိုင်ရာကုထုံးဖြစ်ပြီး တခါတရံ ဆေးနှင့်တွဲထိန်းသည်။ ထိုကုထုံးများပေါင်းပေးပါက လက္ခဏာများသက်သာသွားလိမ့်မည်။ သင့်လက္ခဏာကိုသင့်ဟာသင်ထိန်းနည်းဖြင့်လည်းပိုသက်သာလာနိုင်သည်။ လက္ခဏာများပြန်ကြွလာပါက သင်မည်သို့ထိန်းချုပ်ရမည်ကိုဆရာဝန်ကသင်ပေးလိမ့်မည်။ ထို့အပြင် ထိုကုထုံးများက ထိခိုက်မှုအတွေ့အကြုံအတွက်ပြသာနားများဥပမာ စိတ်ဓါတ်ကျခြင်း ဒေါသထွက်ခြင်းနှင့် ဆေးသုံးခြင်း အရက်စွဲခြင်း တို့ကုသရာတွင်လည်းအထောက်အကူပြုနိုင်သည်။

ဖြစ်နေသောပြသာနာ နှင့် ဖြေရှင်းမှုရှာဖွေရန်နည်းလမ်းများစွာရှိသည် ဥပမာ အမှန်အမှားခွဲကုထုံး ဖွင့်ဖော်ထုတ်ကုထုံး နှင့် မျက်လုံးလှုပ်ရှားမှုထိန်းခြင်းတို့ပါဝင်နိုင်သည်။

အမှန်အမှားကုထုံးက အဘယ်ကြောင့်သင်ထိုမကောင်းသောမှတ်ဉာဏ်တွင်ညှပ်နေသည်ကိုအမှတ်ရစေသည်။ ဖွင့်ဖော်ထုတ်ကုထုံးက သင့်အဘယ်ကိုကြောက်နေသည်ကိုသေချာသိနိုင်ပြီးကုသမှုကိုသေချာစေသည်။ မျက်လုံးလှုပ်ရှားမှုကုထုံးက ထိုမှတ်ဉာဏ်များပေါ်လာကမည်သို့ရင်ဆိုင်ရမည်ကိုသိစေသည်။

ဆေးကုထုံးအနည်းငယ်လိုနိုင်သည်။ စိတ်ဓါတ်ကျခြင်း ဒေါကထွက်ခြင်းကိုကူညီသော စိတ်ဓါတ်တက်စေသောဆေး များ ပရာဇိုဆင်က သင်အိပ်မရခြင်းနှင့်အိမ်မက်ဆိုးများခဏခဏမက်ခြင်းကိုသက်သာစေနိုင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ)

ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ)

ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

ကုထုံးအတိုင်းလိုက်နာပါ စိတ်ရှည်ပါ။

ပီတီအက်ဒီ အကြောင်းလေ့လာပါ။ ထိုသို့လုပ်ခြင်းက သင့်ခံစားချက်ကိုနားလည်စေပြီး မည်သို့တုံပြန်ရမည်ကိုပိုသိစေသည်။

အနားအပြည့်အဝယူပါ ကျန်းမာသောအစာကိုစားပါ လေ့ကျင့်ခန်းလုပ်ပါ စိတ်အပန်းဖြေရန်အချိန်ယူပါ။

ကက်ဖီးနှင့် နီကိုတင်းကိုရှောင်ပါ။ စိတ်ကြောင့်ကြမှုကိုပိုဆိုးစေသည်။

အရက်ဆေးများမသုံးပါနှင့်။ ပြန်ကောင်းရန်ပိုကြာစေနိုင်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 29/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement