brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Phobias (အကြောက်လွန်ခြင်း) တို့၏ အကျိုးဆက်

Phobias (အကြောက်လွန်ခြင်း) တွေက သဘာဝအတိုင်း ဖြစ်လာတာတွေ ရှိသလို အရာဝတ္ထုတွေ၊ နေရာတွေနဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်ပေါ်ခံစားလာရနိုင်ပါတယ်။ ကြောက်လန့်ခြင်းတွေက စိုးရိမ်ပူပန်မှုတွေနဲ့ မတူပါဘူး။ အကြောက်လွန်မှုက သူစိတ်ထဲက ကြောက်နေတဲ့ အရာကို မြင်တိုင်း အရမ်း ထိတ်လန့်တာမျိုး ဖြစ်နိုင်သလို ကြောက်လန့်တဲ့ အခြေအနေကို တွေ့ကြုံရတိုင်း အရမ်း ထိတ်လန့်တာမျိုးပါ။

Phobias (အကြောက်လွန်ခြင်း) တို့၏ အကျိုးဆက်

အကြောက်လွန်ခြင်းတွေက ထိခိုက်စေတာမျိုး မရှိဘူးလို့ ထင်စရာရှိပေမယ့် တကယ်ကတော့ အကြောက်လွန်ခြင်းက လူတွေရဲ့ နေ့စဉ်ဘ​ဝ လှုပ်ရှားမှုတွေမှာ ထိခိုက်တာတွေရှိသလို ဆက်ဆံရေးတွေ အပေါ်မှာလည်း ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

ဒီတော့ အကြောက်လွန်ခြင်း (Phobias) တွေက ဘယ်လိုတွေများ ထိခိုက်စေနိုင်သလဲဆိုတာကို ပြောပြပေးသွားမယ်။

အကြောက်လွန်ခြင်း (Phobias) တွေက ဘယ်လိုတွေများ ထိခိုက်စေနိုင်သလဲ

အကြောက်လွန်ခြင်း (Phobias) တွေကြောင့် အခုလို ထိခိုက်စေနိုင်ပါတယ်။

ပြင်းထန်တဲ့ စိုးရိမ်မှုတွေကြောင့် အရွယ်မတိုင်ခင် သေစေနိုင်တယ်

အကြောက်လွန်ခြင်းတွေက အရွယ်မတိုင်ခင် သေဆုံးစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ အကြောက်လွန်ခြင်းက ပြင်းထန်လေလေ ထိခိုက်ခံစားရနိုင်ခြေက များလေလေပါ။

အကြောက်လွန်ခြင်းက အချိန်တိုင်းမှာ စိတ်ထဲရှိနေတာကြောင့် အမြဲလိုလို စိုးရိမ်ပူပန်နေပြီး ပညာရေး၊ လုပ်ငန်းခွင် တိုးတက်ရေးတွေကို ထိခိုက်စေနိုင်သလို နေ့စဉ် လုပ်ဆောင်မှုတွေအပေါ်မှာပါ ထိခိုက်စေနိုင်ပါတယ်။ အကြောက်လွန်ခြင်းကြောင့် ဘဝရှင်သန်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။

အထီးကျန်မယ်

အကြောက်လွန်မှုကြောင့် နေထိုင်မှုပုံစံမှာ အကန့်အသတ်တွေဖြစ်လာရာကနေ လူမှုဆက်ဆံရေးမှာပါ အထီးကျန်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုကနေ မိသားစုတွေကြားက ဆက်ဆံရေးတွေ ဝေးကွာလာတာ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အလှမ်းဝေးလာတာတွေ ဖြစ်လာပြီး ကြာလာလေလေ သီးသန့်ဆန်လာပြီး အထီးကျန်ဆန်လာနိုင်ပါတယ်။

ကသိကအောက် ဖြစ်စေတယ်

အကြောက်လွန်ခြင်းက စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အခြေအနေတွေကို ဖန်တီးလိုက်ပါတယ်။ ဥပမာ ပြောပြရရင် သင်က ခွေးကြောက်တတ်တယ်။ အချစ်ဆုံး သူငယ်ချင်းက ခွေးမွေးထားတယ်။ ဒါကြောင့် သူ့အိမ်ကို သွားမလည်ဖြစ်တော့ဘူး။ အလည်ခေါ်ရင်လည်း ခွေးရှိတယ် မလာချင်ဘူးလို့ ပြောရင်းက ဆက်ဆံရေးတွေမှာ ကသိကအောက် ဖြစ်လာပါတယ်။

မဖြစ်မနေ သွားလည်တဲ့အခါမှာလည်း ကိုယ်က ခွေးကြောက်တတ်တဲ့သူတိုတော့ ခွေးက လာနှုတ်ဆက်ရင် တုံ့ပြန်မိတဲ့ အပြုအမူက သူ့အတွက် စိတ်အနှောင့်အယှက် ဖြစ်စေတာမျိုး ဖြစ်နိုင်ပါတယ်။

ထိန်းချုပ်ဖို့ ခက်မယ်

အချို့သော ထိန်းချုပ်ရခက်တဲ့ အနေအထားတွေက စိတ်ရောကိုယ်ပါ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ နေ့တိုင်းမှာ ဒီလို အနေအထားတွေနဲ့ နေထိုင်ဖို့က ကိုယ်တိုင်အတွက်ရော အနီးဝန်းကျင်က သူတွေအတွက်ပါ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

ကူကယ်ရာမဲ့သလို ခံစားရမယ်

အကြောက်လွန်မှုကို ခဏခဏကြုံရတယ်။ အကြောက်လွန်မှုကြောင့် အလုပ်ခွင်မှာ ထိခိုက်မှုတွေ ရှိလာမယ်။ လူမှုဆက်ဆံရေးမှာ ထိခိုက်မှုတွေ ရှိလာမယ်။ ပျော်ရွှင်မှုတွေအပေါ်မှာပါ ထိခိုက်လာမယ်ဆိုရင် ရေရှည်မှာ အားလုံးနဲ့ ကင်းကွာလာပြီး ကြောက်လန့်မှုတွေကို တစ်ယောက်တည်း ရင်ဆိုင်ရရင်းက ရေရှည်မှာ ကူကယ်ရာမဲ့သလို ခံစားလာရနိုင်ပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/09/2021 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။