သိုင်းရွိုက်ရောဂါ သိုင်းရွိုက်ဂလင်းလုပ်ဆောင်ချက် လွန်ကဲခြင်း ကလည်း ကိုယ်နံ့ဆိုးခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေနိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းက ချွေးထွက်စေပါတယ်။ ဒီလုပ်ဆောင်ချက်က လွန်ကဲလာရင် ခန္ဓာကိုယ်က ချွေးပိုထုတ်ပေးရပါတယ်။ သိုင်းရွိုက်အခြေအနေကို တစ်နှစ်တစ်ကြိမ် သို့မဟုတ် နှစ်နှစ်တစ်ကြိမ် လုပ်ဆောင်ချက် ပုံမှန်ဟုတ်မဟုတ် စစ်ဆေးသင့်ပါတယ်။ Hyperthyroidism ကို ကုသလို့ရပါတယ်။ ကိုယ့်မှာ ပုံမှန်မဟုတ်ဘဲ ချွေးထွက်များနေပြီး ချွေးနံ့ ပြင်းလာတာ သတိထားမိရင် ဆရာဝန်ပြသင့်ပါတယ်။
သိုင်းရွိုက်ကြောင့် ချွေးထွက်ခြင်းက ညဘက်မှာ ဖြစ်လေ့ရှိတာကြောင့် နှလုံးအဆို့ ဒါမှမဟုတ် အရိုးမှာ ဖြစ်တတ်တဲ့ ပြင်းထန်တဲ့ရောဂါတွေ ဝင်ရောက်လာနိုင်ပါတယ်။
ဆီးချိုရောဂါဟာ ချွေးနံ့ပြင်းခြင်းရဲ့ အဖြစ်များတဲ့အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူ တစ်ယောက်က သွေးတွင်းသကြားဓာတ်ကို ဂရုတစိုက် မထိန်းသိမ်းဘူး ဆိုရင် ketoacidosis လို့ခေါ်တဲ့ အခြေအနေဖြစ်လာစေနိုင်ပါတယ်။ ketoacidosis ဖြစ်လာသူဟာ ချဉ်စူးစူးအနံ့မျိုး ကိုယ်နံ့ရှိလာနိုင်ပါတယ်။ ketoacidosis ဟာ ဆိုးရွားတဲ့ ဆီးချိုအဆိပ်တက်ရောဂါတစ်မျိုး ဖြစ်ပြီး ချက်ချင်း ဆရာဝန် နဲ့ပြသင့်ပါတယ်။
ချွေးနံ့ မထွက်အောင် ဘယ်လိုလုပ်ရမလဲ
ခန္ဓာကိုယ်မှာဟော်မုန်းပြောင်းလဲတတ်တဲ့အချိန်ဖြစ်တဲ့ ဆယ်ကျော်သက်မြီးကောင်ပေါက်အရွယ်မှာ ချွေးနံ့က အဆိုးဆုံးဖြစ်တတ်ပါတယ်။ ဒါပေမယ့် လူကြီးတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ချွေးနံ့ဆိုးလာတဲ့အခါ အနံ့အုပ်အောင်ချွေးနံ့ပျောက်ဆေး၊ ဘော်ဒီစပရေးနဲ့ ရေမွှေးတွေ သုံးကြပါတယ်။
ချွေးထွက်များပြီး ဘက်တီးရီးယားတွေ ရှိနေနိုင်တဲ့သူတွေမှာ တစ်နေ့နှစ်ကြိမ် ရေချိုးသင့်ပါတယ်။ သန့်ရှင်းတဲ့ ချည်သားအဝတ်အစားနဲ့ အတွင်းခံတွေကိုဝတ်ရင်ပိုကောင်းပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။