backup og meta

အစွဲအလမ်းလွန်စိတ်ဝေဒနာကို ဘယ်လိုဖြေရှင်းမလဲ

Obsessive compulsive disorder (OCD) ဆိုတာစိုးရိမ်ကြောင့်ကြမှုရောဂါတစ်မျိုးဖြစ်ပြီးပြန့်ကြဲနေတဲ့အတွေးတွေကြောင့်မကျေနပ်ခြင်း၊စိတ်ထဲစွဲနေခြင်းအပေါ်မူတည်ပြီးရောဂါသတ်မှတ်ပါတယ်။OCD ကိုဆေးနည်းတွေ၊စိတ်ပညာကုထုံးတွေနဲ့ကုသနိုင်ပါတယ်။

OCD ကိုထိန်းချုပ်ဖို့သင့်ဘာသာသင်အသုံးပြုနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ အခုပြောပြသွာူမှာကဘယလိုထိန်းချုပ်ရမလဲဆိုတဲ့အချက်လေးတွေပါ။

OCD နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုတီးမိခေါက်မိလေ့လာပါ။

OCD ဆိုတာစိုးရိမ်ကြောင့်ကျခြင်းရောဂါတစ်မျိုးလို့နားလည်ထားခြင်းက OCD ကိုထိန်းချုပ်နိုင်ဖို့ပထမဆုံးခြေလှမ်းပါ။လေ့လာမှုတွေအရလူဦးရေစုစုပေါင်းရဲ့၂ရာခိုင်နှုန်းလောက်ကသူတို့ဘဝရဲ့တစ်ချိန်ချိန်မှာ OCD ကိုခံစားရတာတွေ့ရပါတယ်။ ရောဂါလကဏာတွေကတော့အသက်၁၉ လောက်မှာစပေါ်ပြီးဒါတွေကသင့်ဘဝကိုနည်းအမျိုးမျိုးနဲ့ပြသနာရှာပါလိမ့်မယ်။

သင့်ရဲ့စိုးရိမ်ကြောင့်ကြခြင်းအကြောင်းသင်နားလည်ထားပါ။

ဘယ်အခြေအနေတွေကသင့်ကိုစိုးရိမ်ကြောင့်ကြမှုဖြစ်စေလဲဆိုတာ တွေးကြည့်ပါ။ သင်ကိုယ်တိုင်သင့်ရဲ့အကြောက်တရားကလက်တွေ့မကျမှန်းသိပေမယ့်တကယ်ကြုံလာတဲ့အခါရပ်တန့်လို့မရပါဘူး။ သင့်ကိုစိုးရိမ်ကြောင့်ကြမှုဖြစ်စေတဲ့အတွေးတွေကိုရေးမှတ်ထားပြီးတစ်ခုချင်းစီကိုရှင်းပါ။ သူတို့ကလက်တွေ့ကျတာတွေဘဖြစ်ဖြစ်လက်တွေ့မကျတာတွေဘဖြစ်ဖြစ်အလုပ်ဖြစ်ပါတယ်။ အရင်ကဘာတွေဖြစ်ဖူးလဲဆိုတာတွေစဉ်းစားပြီးဘာကသင့်ကိုစိုးရိမ်ကြောင့်ကြစေလဲရှာကြည့်ပါ။

သင့်ရဲ့အခြေအနေကိုကောက်ချက်ချနိုင်စွမ်းကိုစိန်ခေါ်ပါ။

သင့်ရဲ့အကြောက်တရားတွေကိုတွေးကြည့်ပြီးဒါတွေကလက်တွေ့ကျလား ? ဒါမှမဟုတ်တခြားအချက်တွေနဲ့ရောထွေးပြီးကြောက်တာလား ? သိအောင်လုပ်ပါ။ ဒါ့အပြင်သင့်အတွေးတွေကတိကျလား၊ဒီအတွေးရဲ့မကောင်းတဲ့ဘက်မှာဘာရှိလဲစတာတွေကိုပါစဉ်းစားကြည့်ပါ။ သင့်အကြောက်တရားနဲ့သင်စိန်ခေါ်ပြီးယှဉ်ပြိုင်နေချိန်မှာတခြားအတွေးအသစ်တွေတွေးပြီး အကြောက်တရားကိုအနိုင်ယူပါ။

OCD ကသင့်ဘဝကို နှောင့်ယှက်နေတယ်ဆိုတာလက်ခံပါ။

  • သင့်ရဲ့စိုးရိမ်ကြောင့်ကြမှုကိုထိန်းချုပ်ဖို့ကလက်ခံတတ်ဖို့ကပထမခြေလှမ်းပါ။
  • မှတ်စုလေးတစ်ခုဆောင်ထားပါ။
  • သင့်ကိုစိုးရိမ်ကြောင့်ကျစေတဲ့မလိုချင်တဲ့အတွေးတွေ၊အလိုလိုရောက်လာတဲ့အတွေးတွေကိုရေးမှတ်ထားပါ။ ဒါ့အပြင်ဒီအတွေးတွေကိုတိုက်ထုတ်ဖို့သင်ဘာနည်းလမ်းတွေသုံးလဲဆိုတာကိုလည်းသတိပြုပါ။
  • သင့်ရဲ့စိတ်အစွဲကြီးမှုကိုတဖြည်းဖြည်းချင်းဖြတ်ပါ။

ဥပမာပြောရရင်သင့်အဝတ်လျှော်စက်ကိုပိတ်ထားလားမပိတ်ထားလားဆိုတာ၁၀ကြိမ်လောက်လှည့်ကြည့်နေမိတယ်ဆိုပါတော့။ ဒါကိုတစ်ဖြည်းဖြည်းနဲ့၈ကြိမ်၅ကြိမ်၃ကြိမ် နောက်ဆုံး၁ကြိမ်ဘဲကြည့်တော့တဲ့ထိကြိုးစားကြည့်ပါ။ တကယ်လို့ OCD ကမသက်သာလာဘူးဆိုရင်ဆရာဝန်ဆီသွားပြီးတခြားဆေးနည်းတွေတောင်းတာဘဖြစ်ဖြစ်စိတ်ဆရာဝန်ဆီသွားပြီးသင့်အခြေအနေနဲ့ကိုက်ညီမယ့်မိမိကိုယ်မိမိကူညီနိုင်မယ့်နည်းလမ်းတွေကိုတောင်းပါ။

သင့်ရဲ့လုပ်ရိုးလုပ်စဉ်တွေကို နှေးကြည့်ပါ။

ဥပမာပြောရရင်သင်တစ်ခုခုကိုထိထားရင်ချက်ချင်းလက်ဆေးရမယ်ဆိုရင်ချက်ချင်းမဆေးသေးဘဲ၁မိနစိ၃မိနစ်၅မိနစ်ကြာအောင် စောင့်ပြီးမှဆေးကြည့်ပါ။ ဒီလိုဘဲအဖြစ်အပျက်တစ်ခုခုနဲ့သင့်ရဲ့လုပ်ရိုးလုပ်စဉ်ကြားကအချိန်ကို နောက်ဆုံးဘာမှမလုပ်ရလဲအဆင်ပြေတဲ့အထိနှေးသွားပါ။ စိတ်စွဲနေတဲ့အတွေးတွေရှိနေတဲ့သူတစ်ဦးချင်းစီကသူတို့ရဲ့ဘဝမှာသက်တောင့်သက်သာမရှိကြပါဘူး။ သင်ဘာဘဲလုပ်လုပ်၊အဆင်ပြေအောင်မလုပ်နိုင်တော့ပါဘူး။ ဒါပေမယ့အကူအညီရှိပါတယ်။ ကုသမှုနဲ့ကိုယ်တိုင်ပြုလုပ်ရတဲ့နည်းလမ်းတွေကသင့်ကို OCD မဖြစ်စေတော့ဘဲပုံမှန်ဘဝကိုပြန်ရစေပါလိမ့်မယ်။

Hello Health Group does not provide medical advice, diagnosis or treatment.

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Obsessive-compulsive Disorder. http://www.webmd.com/mental-health/tc/obsessive- compulsive-disorder-
ocd-topic- overview. Accessed January 1 st , 2017.
Obsessive-compulsive Disorder. http://www.helpguide.org/articles/anxiety/obssessive-compulsive-
disorder-ocd.htmObsessive-compulsive Disorder. http://www.webmd.com/mental-health/tc/obsessive- compulsive-disorder-

disorder-ocd.htm

ယခုပုံစံ

07/06/2022

Kyaw Thura Htun မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

ဆက်စပ် အကြောင်းအရာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Kyaw Thura Htun မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement