backup og meta

စိတ်ဓါတ်ကျတာကို ပိုဆိုးစေနိုင်တဲ့ အကြောင်းအရင်း ၅ ခု

စိတ်ဓါတ်ကျတာကို ပိုဆိုးစေနိုင်တဲ့ အကြောင်းအရင်း ၅ ခု

စိတ်ဓါတ်ကျတာက မဖိတ်ခေါ်ဘဲကိုရောက်လာတတ်တဲ့အရာနော်။ အလုပ်ခွင်ဖိအားေကြာင့်ဖြစ်နိုင်သလို မိသားစုရဲ့ တာဝန်တွေ၊ အချစ်ရေးကိစ္စတွေကြောင့်လည်း စိတ်ဓါတ်ကျနိုင်ပါတယ်နော်။ လူတော်တော်များများလုပ်မိနေတာက စိတ်ဓါတ်ကျပြီဆိုရင်ပေပေတေတေနဲ့နေပစ်လိုက်တာပါ။ ဒီလိုနေတာက စိတ်ဓါတ်ကျတာကိုပိုဆိုးသွားစေနိုင်ပါတယ်။ စိတ်ဓါတ်ကျနေရင် ဒီအပြုအမူတွေကိုရှောင်ဖို့ပြောပါရစေ။

စိတ်ဓါတ်ကျနေတာလား။ ဒါတွေမလုပ်နဲ့နော်

လူတစ်ယောက်ကတော်ရုံနဲ့တော့ စိတ်ဓါတ်မကျနိုင်ပါဘူး။ ဖိအားတွေအရမ်းများလာတာ၊ မနိုင်ဝန်တွေကိုထမ်းထားရချိန်မှာ စိတ်ပင်ပန်းမှုကဖြစ်လာပြီးရေရှည်သိမ်းထားရင်းက ကြာလာတဲ့အခါ စိတ်ဓါတ်ကျလာတတ်ပါတယ်။နောက်တစ်ခုက ကိုယ်ပြုလုပ်နေမိတဲ့အပြုအမူတွေကြောင့် စိတ်ဓါတ်ကျတာက တာရှည်နေတာပါ။ ကဲ စိတ်ဓါတ်ကျတဲ့အခါ ပိုပြီး စိတ်ဓါတ်မကျသွားစေဖို့ ဒါတွေမလုပ်ပါနဲ့နော်။

မလှုပ်မရှားမနေပါနဲ့

ပြောချင်တာက စိတ်ဓါတ်ကျနေတယ်ဆိုပြီး ထိုင်းမှိုင်းလေးကန်နေအောင်မနေဖို့ပါ။တော်တော်များများက စိတ်ဓါတ်ကျတဲ့အခါ မလှုပ်ချင်မသယ်ချင်နဲ့ အခြေက်တိုက်ကို စိတ်ဓါတ်ကျနေတတ်ကြတာပါ။ ဒီအနေအထားက စိတ်ဓါတ်ကတာကို တာရှည်စေပြီး စိတ်ထောင်းကိုယ်ကြေဖစ်သွားနိုင်ပါတယ်။ ဒီလိုအချိန်မှာနောက်ကထပ်ပိုးပါလာမှာက အလုပ်ခွင်ထဲမှာ ဆက်ဆံရေးအဆင်မပြေတာ၊၊ သူငယ်ချင်းတွေနဲ့ မိတ်ပျက်တာတွေအပြင် ဘာလုပ်လုပ်အဆင်မပြေတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ စိတ်ဓါတ်ကျရင်နောက်ထပ်လုပ်တတ်တာတစ်ခုရှိပါသေးတယ်။ ဒါကတော့ အိပ်ရာထဲကနေထွက်မလာတာပါပဲ။ ဘယ်ဘက်လှိမ့်တယ်၊တွေးတယ်။ ညာဘက်လှိမ့်တယ်၊တွေးတယ်။ ပက်လက်တွေးတယ်၊မှောက်ရက်တွေးတယ်လုပ်နေတာပါ။ ဒီလိုလုပ်ရင်းက လုပ်ရမယ့်အလုပ်တွေမလုပ်မိဘဲ အလုပ်တွေတောင်ပုံရာပုံဖြစ်ပြီး ပိုစိတ်ဖိစီးနိုင်ပါတယ်။ မစာမနာပြောတာမဟုတ်ပါဘူးနော်။ စိတ်ဓါတ်ကျနေပေမယ့် မလေနေပါနဲ့။ လုပ်စရာရှိတာလုပ်ပါနော်။ ကိုယ်လက်လေ့ကျင့်ခန်းလေးလုပ်ပေးရင် ပိုတောင်ကောင်းပါတယ်။

အိပ်ရေးပျက်မခံပါနဲ့

အိပ်ရေးပျက်တာက စိတ်ဖိစီးမှုကိုပိုဖြစ်စေပြီး ခံစားချက်တွေကို အဆိုးဘက်ကိုဦးတည်စေနိုင်ပါတယ်။ရေရှည်အိပ်ရေးပျက်တာကလည်း စိတ်ဖိစီးမှုကိုတိုးစေပြီး စိတ်ဓါတ်ကျတာကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဓါတ်ကျနေတယ်ဆိုရင် အအိပ်မလွန်စေဖို့လိုသလို လုံးဝမအိပ်ဘဲနေတာမျိုးလည်းမဖြစ်သင့်ပါဘူး။ အချို့ကိစ္စတွေကမအိပ်ဘဲနေလို့လည်း အဆင်ပြေသွားတာမဟုတ်ပါဘူး။ ဒါကြောင့် စိတ်ဓါတ်ကျနေရင်တောင် ကိုယ့်ကိုကိုယ်ချစ်တဲ့အနေနဲ့ အိပ်ချိန်လေးပြည့်ဝအောင်အိပ်ပါ။

တစ်ကိုယ်တော်ရွက်မလွှင့်ပါနဲ့

စိတ်ညစ်နေရင် တစ်ယောက်တည်းနေတာပိုအဆင်ပြေတယ်ဆိုပေမယ့်ရေရှည်ဆိုရင် မကောင်းပါဘူး။ တစ်ယောက်ယောက်ကိုရင်ဖွင့်တာက စိတ်ဓါတ်ကျတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ညစ်နေတယ်ဆိုပြီး တစ်ကိုယ်တော ရွက်လွှင့်တာမျိုးမလုပ်ပါနဲ့။ စိတ်ဖိစီးမှုက မသက်သာဘဲ စိတ်ဓါတ်ပိုကျသွားနိုင်ပါတယ်နော်။ ဒီလိုအချိန်မှာ မိသားစုတွေ၊မောင်နှမတွေ ဒါမှမဟုတ် ယုံကြည့်ရတဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းပါ။

အစား စားတဲ့အခါသတိထားပါ

ယုံချင်ယုံ၊ မယုံချင်နေပါ။ စားသုံးလိုက်တဲ့ အစားအစာတွေက စိတ်ခံစားမှုအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ စိတ်ညစ်တယ်ဆိုပြီး အလွယ်တကူစားလို့ရတဲ့ပြုပြင်ထားတဲ့ အစားအစာတွေစားသုံးတာ၊ အချိုများတဲ့အစားအစာတွေစားတာ၊ ဘီယာသောက်တာမျိုးတွေမလုပ်ပါနဲ့။ ဒီအစားအစာတွေက စိတ်ဖိစီးမှုကို ပိုဆိုးသွားစေနိုင်တာကြောင့်ပါ။ စိတ်ဓါတ်ကျနေချိန်မှာ အာဟာရပြည့်ဝအောင်စားသုံးဖို့မမေ့ပါနဲ့။

အတိတ်တွေကိုပြန်မတူးဖော်ပါနဲ့

လူတော်တော်များများစိတ်ဓါတ်ကျရင်လုပ်တတ်တာက အရင်အတိတ်ကအကြောင်းအရာတွေကိုတစိမ့်စိမ့်ပြန်တွေးပြီး ခံစားတာပါ။ ဒီလိုတွေးမယ့်အစား ကိုယ်အောင်မြင်အောင်လုပ်နိုင်ခဲ့တာတွေကိုတွေးကြည့်ပါ။ ဒီလိုလုပ်တာက စိတ်ဓါတ်ကျတာကို မသက်သာစေနိုင်ရင်တောင် ထပ်မတိုးဖို့တော့ အထောက်အပံ့ဖြစ်စေမှာပါ။

စိတ်ဓါတ်ကျတာကရှောင်လွှဲဖို့ခက်ပေမယ့် ဘယ်လိုတုံ့ပြန်မလဲဆိုတာကတော့ ကိုယ့်ဘက်ကရွေးချယ်ခွင့်ရှိတဲ့အချက်ဖြစ်လို့ အကောင်းဆုံးတုံ့ပြန်နိုင်ကြဖို့ တိုကတွန်းပါရစေနော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Habits That Can Make Your Depression Worsehttps://www.psycom.net/depression-5-habits-worse Accessed Date 5 February 2019

Can Self-Help Fix Depression?https://www.psycom.net/depression-self-help Accessed Date 5 February 2019

ယခုပုံစံ

17/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝမ်းနည်းတာနဲ့ စိတ်ဓါတ်ကျတာ ဘယ်လိုကွာသလဲ

စိတ်ဓါတ်ကျဆင်းခြင်းကို ဘယ်လိုဖြေရှင်းမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement