backup og meta

အိပ်မပျော်ခြင်းပြဿနာ (Insomnia) အကြောင်း

အိပ်မပျော်ခြင်းပြဿနာ (Insomnia) အကြောင်း

အိပ်မပျော်ခြင်းပြဿနာ (Insomnia) အကြောင်းကို ပြောရရင် အိပ်ပျော်ရန်ခက်ခဲခြင်း၊ အိပ်ပျော်ပြီးရင်လည်း နှစ်ခြိုက်စွာ အိပ်ပျော်ရန်ခက်ခဲပြီး မကြာခဏပြန်နိုးနေတတ်ခြင်းကို ဆိုလိုပါတယ်။ အိပ်ရာက နိုးထလာရင်လည်း ကြည်လင်လန်းဆန်းမှု မရှိဘဲ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ ပညာရှင်များရဲ့ အဆိုအရ တပတ်မှာ အနည်းဆုံး ၃ရက်နဲ့ ၃လခန့် အိပ်မပျော်နိုင်ဖြစ်နေရင်၊ ထိုအိပ်မပျော်ခြင်းပြဿနာကြောင့် နေ့စဉ်ဘဝမှာ ထိခိုက်မှုတွေဖြစ်လာရင် အိပ်မပျော်ခြင်းရောဂါလို့ အမည်တပ်ပါတယ်။

အိပ်မပျော်ခြင်းပြဿနာ (Insomnia) အကြောင်း

အိပ်မပျော်ခြင်းပြဿနာ (Insomnia) ဖြစ်စေတဲ့ အကြောင်းအရင်းများ

ခဏတာဖြစ်တဲ့ အိပ်မပျော်ခြင်း ပြဿနာကတော့

  • စိတ်ဖိစီးခြင်း
  • စိတ်ထိခိုက်ဖွယ်ရာကိစ္စ ကြုံကြိုက်ခြင်း
  • အိပ်ရာပြောင်းခြင်း
  • နာကျင်မှု ဝေဒနာ ခံစားရခြင်း
  • လေယာဉ်ကို အချိန်ကြာမြင့်စွာ စီးပြီးချိန် ခရီးပန်းခြင်း
  • ဆေးဝါးအချို့သုံးစွဲနေခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

သုံးလအထက်ကျော်ပြီး အိပ်မပျော်ဖြစ်နေရင်တော့ နာတာရှည်ပြဿနာလို့ သတ်မှတ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ အကြောင်းအရင်းတွေကတော့

  • ရောဂါဝေဒနာကြောင့် အိပ်မပျော်ခြင်း ဥပမာ အဆစ်အမြစ်ရောင်ခြင်း၊ ခါးနာခြင်း
  • စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း
  • မူးယစ်ဆေးစွဲခြင်း
  • အိပ်နေစဉ် ရုတ်တရက် အသက်ရှူရပ်သည့် ရောဂါဖြစ်ခြင်း
  • ဆီးချိုရောဂါ စတာတွေကြောင့် ဖြစ်ပါတယ်။

သုတေသနတွေအရ စိတ်ဖိစီးမှုများလွန်းသူတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူတွေ၊ ဝင်ငွေနည်းသူတွေ၊ စံတော်ချိန် မတူညီတဲ့ ဒေသများဆီ ခရီးသွားသူတွေ၊ လှုပ်ရှားမှုနည်းသူတွေ၊ အလုပ်ချိန် ပြောင်းလဲသူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။

အိပ်မပျော်ခြင်း လက္ခဏာများ

အိပ်မပျော်ခြင်းပြဿနာ ကြုံလာသူတွေမှာ အောက်ပါ လက္ခဏာ သုံးခုထဲက အနည်းဆုံးတစ်ခု တွေ့နိုင်ပါတယ်။

  • မနက်ခင်းမှာ အစောကြီးနိုးနေခြင်း
  • အိပ်ရေးမဝခြင်း
  • အိပ်ပျော်ရန် ခက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

အဆိုပါ ပြဿနာတွေကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်း၊ သည်းမခံနိုင်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။

အိပ်မပျော်ခြင်းပြဿနာကို ကုသခြင်း

အိပ်မပျော်ခြင်းပြဿနာဟာ အကြောင်းအရင်း မျိုးစုံကြောင့် ဖြစ်နိုင်ပြီး ကုသဖို့ နည်းလမ်းလည်း မျိုးစုံ ရှိပါတယ်။ အိပ်မပျော်ခြင်းပြဿနာကို နှစ်ရှည်လများ ခံစားလာရသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေလည်း ရှိပါတယ်။

မိမိဖာသာ လိုက်နာ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ အဓိကအားဖြင့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်း ဖြစ်ပါတယ်။ အိပ်ချိန် မတိုင်မီ ကဖိန်းပါသော အရည်များ (ကော်ဖီ၊ လက်ဖက်ရည်) သောက်ခြင်း၊ အိပ်ခါနီး လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အိပ်ရာပေါ်မှာ မအိပ်ဘဲ ဖုန်းသုံးခြင်း၊ တီဗီ ကြည့်ခြင်း စတာတွေကို ရှောင်ရှားပေးရပါမယ်။

စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေးပြဿနာရှိနေရင်လည်း ထိရောက်စွာ ကုသသင့်ပါတယ်။ ရောဂါအခံကြောင့် အိပ်မပျော်ခြင်း ကြုံတွေ့နေရတာ ဖြစ်နိုင်ပါတယ်။ အိပ်ဆေးတွေကို သုံးမယ်ဆို သတိထားပါ။ ဘယ်ဆေးဝါးမဆို ဘေးထွက်ဆိုးကျိုးရှိနိုင်တာမို့ ရေရှည်သုံးစွဲရမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

အိပ်ခန်း ပတ်ဝန်းကျင်မှာလည်း ရနံ့သင်းပျံ့တဲ့ အပင်ငယ်လေးတွေ ထားသို စိုက်ပျိုးနိုင်ပါတယ်။ မွှေးရနံ့ ထွက်စေတဲ့ ပစ္စည်းကလေးတွေလည်း အိပ်ရာအနားထားနိုင်ပါတယ်။

ဒီလို နည်းလမ်းပေါင်းစုံနဲ့ အိပ်မပျော်တဲ့ ပြဿနာကို မဖြေရှင်းနိုင်ရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

အိပ်မပျော်ခြင်း ပြဿနာက သာမန်လူမှုဘဝပြဿနာ မဟုတ်ပါဘူး။ ‌‌ရေရှည်မှာ ကျန်းမာရေး ထိခိုက်လာနိုင်တာ ဖြစ်တဲ့အတွက် သတိထားပြီး ဂရုစိုက်ဖို့ လိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/insomnia Accessed Date 28 August 2020

ယခုပုံစံ

13/10/2023

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညအိပ်ပျော်အောင် ဘာတွေသောက်ရမလဲ

အိပ်ရေးဝဝ အိပ်ပျော်စေဖို့


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


13/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement