ဂနိုရောဂါ(ဆီးပူညောင်းကျ)

ဂနိုရောဂါဆိုတာ လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်ပြီး လည်ချောင်း၊ မစင်အိမ်၊ ဆီးပြွန်နဲ့ သားအိမ်ခေါင်းကို ထိခိုက်တတ်ပါတယ်။ ဒီရောဂါကနေ ဘယ်လိုကာကွယ်ကြမလဲ၊ ဘယ်လိုကုသနိုင်လဲဆိုတာကို ဒီမှာ ဆက်လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဂနိုရောဂါ(ဆီးပူညောင်းကျ)

ဆီးပူညောင်းကျ ရောဂါအကြောင်း ဘာတွေ သိထားဖို့လိုသလဲ ။ ။

လိင်ဆက်ဆံရာက တဆင့်ကူးစက်တတ်တဲ့ ပြဿနာတွေထဲမှာ နာမည်ကြီး HIV၊ ကာလသား ရောဂါတို့လောက်သာ လူသိများကြပေမယ့် ဆီးပူညောင်းကျ ရောဂါ ကိုမေ့နေတတ်ကြပါတယ်။ သူကလည်း လိင်ဆက်ဆံရာက တဆင့်ကူးစက်တတ်ပြီး အဖြစ်များတဲ့ရောဂါတစ်ခုပါ။ သူ့ကို ဆေးပညာအရ Gonorrhea လို့လည်း ခေါ်ကြပါတယ်။ Gonorrhea ဆီးပူညောင်းကျ ရောဂါဆိုတာဘာလဲ ။ ။ ဆီးပူညောင်းကျ ရောဂါဆိုတာ လိင်ဆက်ဆံရာတဆင့်ကူးစက်တတ်တဲ့ ရောဂါတစ်ခုပါ။ သူက Neisseria gonorrhoeae ဆိုတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပြီး အဲဒီ ဘက်တီးရီးယားတွေက အမျိုးသားတွေရဲ့ လိင်တံ၊ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်၊ လည်ချောင်းနဲ့ စအိုတို့လိုနေရာမျိုးမှာ အများဆုံး ပေါက်ပွားလေ့ရှိပါတယ်။ ဆီးပူညောင်းကျ ရောဂါက ဘယ်လိုလူတွေမှာ အဖြစ်များလဲ။ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တတ်တယ်ဆိုတော့ လိင်ကိစ္စစိတ်အဝင်စားဆုံးဖြစ်တဲ့ အသက် ၁၅ နှစ်ကနေ ၃၀နှစ်အတွင်း သူတွေနဲ့ နဲ့ လိင်ဆက်ဆံဖော်အရေအတွက်များတဲ့ […]

ဂနိုရောဂါ(ဆီးပူညောင်းကျ) ကို ရှာဖွေမည်။

ဂနိုရောဂါ(ဆီးပူညောင်းကျ)

Gonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ) ကဘာလဲ။ ဆီးပူညောင်းကျ(ဂနို)ရောဂါသည် လိင်မှတဆင့်ကူးစက်သောရောဂါဖြစ်ပြီး Nisseria gonorrhea/ gonnococous ဘက်တီးရီးယားကြောင့်ဖြစ်ရသည်။ ထိုရောဂါသည် အောက်ပါနည်းလမ်းများဖြင့် လွယ်ကူစွာကူးစက်နိုင်သည်။ မိန်းမကိုယ်၊ ပါးစပ်၊ စအို တို့နှင့် အကာအကွယ်မဲ့စွာ လိင်ဆက်ဆံခြင်း လိင်စိတ်လှုံ့ဆော်ပေးသော ပစ္စည်းများနှင့် လိင်မှုဖျော်ဖြေရေးအရုပ်များကို မျှဝေသုံးစွဲခြင်း၊အသုံးမပြုမီတွင် ၎င်းတို့ကိုလျှော်ဖွပ်ခြင်း၊ ကွန်ဒုံးစွပ်ခြင်းများမပြုလုပ်ခြင်း။ Gonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဆီးပူညောင်းကျ(ဂနို)ရောဂါ သည် အလွန်အတွေ့ရများပါသောလက္ခဏာဖြစ်ပြီး အမျိုးသားများတွင် ပိုဖြစ်သည်။ ပိုမိုတိကျစွာသိရှိရန် ဆရာဝန်နှင့် တိုင်ပင်ပါ။ လက္ခဏာများGonorrhoea (ဆီးပူညောင်းကျ(ဂနို)ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ အတွေ့ရများသော ရောဂါလက္ခဏာများမှာ မိန်းမကိုယ်နှင့် လိင်တံမှ အစိမ်းရောင် သို့မဟုတ် အဝါရောင် အရည်ပျစ်ပျစ်များ ကျလာခြင်း ဆီးသွားစဉ် နာကျင်ခြင်း အမျိုးသမီးများတွင် ရာသီမလာမီ စပ်ကြားအချိန်တွင် သွေးဆင်းခြင်း မိခင်တွင် ဂနိုရောဂါကို မကုသပါက မွေးကင်းစကလေးတွင် ပြင်းထန်သော မျက်လုံးပိုးဝင်ရောဂါဖြစ်ခြင်း တို့ဖြစ်သည်။ အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ပါ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်