ဆီးပူညောင်းကျ ရောဂါအကြောင်း ဘာတွေ သိထားဖို့လိုသလဲ ။ ။
လိင်ဆက်ဆံရာက တဆင့်ကူးစက်တတ်တဲ့ ပြဿနာတွေထဲမှာ နာမည်ကြီး HIV၊ ကာလသား ရောဂါတို့လောက်သာ လူသိများကြပေမယ့် ဆီးပူညောင်းကျ ရောဂါ ကိုမေ့နေတတ်ကြပါတယ်။ သူကလည်း လိင်ဆက်ဆံရာက တဆင့်ကူးစက်တတ်ပြီး အဖြစ်များတဲ့ရောဂါတစ်ခုပါ။ သူ့ကို ဆေးပညာအရ Gonorrhea လို့လည်း ခေါ်ကြပါတယ်။ Gonorrhea ဆီးပူညောင်းကျ ရောဂါဆိုတာဘာလဲ ။ ။ ဆီးပူညောင်းကျ ရောဂါဆိုတာ လိင်ဆက်ဆံရာတဆင့်ကူးစက်တတ်တဲ့ ရောဂါတစ်ခုပါ။ သူက Neisseria gonorrhoeae ဆိုတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပြီး အဲဒီ ဘက်တီးရီးယားတွေက အမျိုးသားတွေရဲ့ လိင်တံ၊ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်၊ လည်ချောင်းနဲ့ စအိုတို့လိုနေရာမျိုးမှာ အများဆုံး ပေါက်ပွားလေ့ရှိပါတယ်။ ဆီးပူညောင်းကျ ရောဂါက ဘယ်လိုလူတွေမှာ အဖြစ်များလဲ။ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တတ်တယ်ဆိုတော့ လိင်ကိစ္စစိတ်အဝင်စားဆုံးဖြစ်တဲ့ အသက် ၁၅ နှစ်ကနေ ၃၀နှစ်အတွင်း သူတွေနဲ့ နဲ့ လိင်ဆက်ဆံဖော်အရေအတွက်များတဲ့ […]