ငယ်ငယ်က မေမေလူးပေးတဲ့မုန်ညှင်းဆီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 12, 2020 . 2 mins read
Share now

မုန်ညှင်းဆီက လူတိုင်းနဲ့ စိမ်းမယ်မထင်ပါဘူး။ ငယ်ငယ်ကတည်းက လေနာမှာ၊ဗိုက်ပွမှာစိုးလို့ဆိုပြီး မေမေက အမြဲလိုလိုလူးပေးခဲ့ပါတယ်။ အရေပြားကျန်းမာအောင်ဆိုပြီး မုန်ညှင်းဆီလူးလို့လည်း နှိပ်ပေးခဲ့ဖူးမှာပါ။ မုန်ညှင်းဆီက ဘေဘီလေးတုန်းကပဲ အကျိုးများတာမဟုတ်ပါဘူး။ အရွယ်ရောက်ပြီးဖြစ်သူတွေအတွက်လည်း အကျိုးများပါသတဲ့။

မုန်ညှင်းဆီ

မုန်ညှင်းစေ့ကိုကြိတ်ပြီး ရလာတဲ့အဆီပါ။ အရေပြားမှာလူးပေးလို့ရသလို ချက်တဲ့ပြုတ်တဲ့နေရာမှာလည်း သုံးလို့ရပါတယ်။ မြေထဲပင်လယ်ဒေသမှာ အဓိကပေါက်ရောက်ပြီး ကျန်းမာရေးအတွက်အကျိုးများတာကြောင့် ကမ္ဘာတလွှားမှာ တော်တော်များများ အသုံးပြုကြပါတယ်။ မုန်ညှင်းဆီလူးပေးတာက အရေပြးတင်ကျန်းမာစေတာမဟုတ်ပါဘူး။ အတွင်းပိုင်းက တစ်ရှုးတွေကိုပါ ကျန်းမာစေနိုင်တာပါ။

မုန်ညှင်းဆီရဲ့ အသုံးဝင်မှု

မုန်ညှင်းဆီက ဒီလိုအသုံးဝင်ပါတယ်။

အဆစ်ရောင်ရောဂါကို သက်သာစေနိုင်တယ်

မုန်ညှင်းဆီက အဆသ်အမြစ်တွေရောင်ရမ်းနာကျင်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ အဆစ်နာတတ်သူတွေ၊ လေးဖက်နာရောဂါရှိသူတွေနဲ့ အခြားအရိုးအဆစ်ဝေဒနာခံစားနေရသူတွေအနေနဲ့ နာနေတဲ့နေရာကို မုန်ညှင်းဆီလေးလူးပြီး ခပ်ဖွဖွလေးနှိပ်ပေးရုံပါ။

ဆံပင်ကျွတ်သက်သာစေတယ်

ဆံပင်သန်စွမ်းကျန်းမာစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။ ဆံပင်တွေကျွတ်လွန်းလို့ စိတ်ညစ်နေတယ် ဆိုရင် ဆံသားနဲ့ဦးရေပြားကို မုန်ညှင်းဆီလေးလူးပေးပြီး ညင်ညင်သာသာလေးနှိပ်နယ်ပေးပါ။ ဦးရေပြားမှာ သွေးစီးဆင်းမှုကောင်းစေပြီး ဆံပင်ကျွတ်တာသကသာစေလို့ ဆံသားတွေကို ကျန်းမာသန်စွမ်းစေမှာပါ။

မှိုပိုးသက်သာစေနိုင်တယ်

အရေပြားမှာ မှိုပိုးကူးစက်တာ၊ သဲဝဲစားတာ၊ အရေပြားမှာ ဓါတ်မတည့်မှုကြောင့် အဖုအပိမ့်တွေထွက်တာအတွက်လည်း မုန်ညှင်းဆီကို သုံးပေးလို့ရပါတယ်။ အရေပြားမှာ မှိုပိုးတွေဖြစ်နေမယ်၊အသားအရတွေခြောက်နေမယ်ဆိုရင် မုန်ညှင်းဆီလေးပွတ်လူးထားလိုက်ရုံပါ။

သွေးလည်ပတ်မှုကောင်းစေတယ်

မုန်ညှင်းဆီက သွေးလည်ပတ်မှုကောင်းအောင်လှုံ့ဆော်ပေးနိုင်ပါတယ်။ အရေပြားကိုအနွေးဓါတ်ရစေပြီး သွေးကြောလေး တွေထဲမှာ သွေးစီးဆင်းမှုကောင်းအောင်လှုံ့ဆော်ပေးနိုင်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

မုန်ညှင်းဆီက ထောပတ်သီးမှာပါတဲ့ အဆီနဲ့အတူတူပါပဲ။ လေ့လာမှုတွေအရတော့ မုန်ညှင်းဆီမှာ monounsaturated fatty acids ပါဝင်နေတာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေခံစားရနိုင်ခြေကို နည်းစေနိုင်တယ်၊လို့သိရပါတယ်။ monounsaturated fatty acids ကသွေးပေါင်ချိန်ကို ကျစေနိုင်ပြီး သွေးတွင်းအဆီဓါတ်ကို ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါကို ခံစားနေရသူတွေပဲဖြစ်ဖြစ် နှလုံးသွေးကြောဆိုင်ရာ ရောဂါကိုကာကွယ်ချင်ရင်ပဲ ဖြစ်ဖြစ် မုန်ညှင်းဆီကို စားပေးလို့ရပါတယ်။

ကဲ…ငယ်ငယ်ကတည်းကမေမေလူးပေးခဲ့တဲ့ မုန်ညှင်းဆီလေးက အသက်ကြီးလာတဲ့အထိ အသုံးတည့်တယ်နော် Hello ဆရာဝန် ပရိသတ်ကြီးရေ…………………

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား

ကိုယ်ဝန်ဆောင်ချိန်မှာ တည်သီး စားချင်လိုက်တာဖြစ်ပြီး တည်သီး စားလို့ရပါ့မလားဆိုပြီး တွေးပူနေတဲ့ မေမေတွေရှိလား.................

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသားပပ် အသားခြောက်ရခြင်းနောက်ကွယ်က တရားခံတွေ

ဆောင်းရာသီ ဆောင်းတွင်း အသားပပ် အသားခြောက် အရေပြား အသားအရေ သဘာဝအဆီ အစိုဓာတ် ရေဓာတ် ကိုဗစ် ကျန်းမာရေး အဝတ်အစား လက်ဆေး ဆပ်ပြာ တံတွေး နှုတ်ခမ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကြင်နာသူမရှိလို့ နှုတ်ခမ်းတွေခြောက်နေရတဲ့ဘဝကို ဘယ်လိုလုပ်ရမလဲ…

ဆောင်းတွင်းရောက်ပြီဆို Facebook လိုမျိုး လူမှုကွန်ယက်မှာ ချစ်သူရီးစားမရှိတဲ့ လူပျို၊ ...

ရေးသားသူ Ye Myo Myat

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

မိန်းကလေးတွေအတွက်တော့ ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးဟာ တင်းတိပ်ထွက်နိုင်ခြေ ...

ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read
ကိုယ်အလေးချိန်ကို ဘယ်လို ထိန်းညှိကြမလဲ။

ကိုယ်အလေးချိန်ကို ဘယ်လို ထိန်းညှိကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read
အသားအရေကို ဂရုစိုက်ပါ။

အသားအရေကို ဂရုစိုက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 2 mins read
ဆံပင်သန်စေတယ်လို့ သတင်းကြီးတဲ့ ထောလပတ်ရွက်ရဲ့ ကျန်းမာရေးအာနိသင်

ဆံပင်သန်စေတယ်လို့ သတင်းကြီးတဲ့ ထောလပတ်ရွက်ရဲ့ ထူးခြားလှတဲ့ အခြားကျန်းမာရေးအာနိသင်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 2 mins read