ဘာမီတွန် အလွန်အကျွံသောက်မိရင် ဘာတွေဖြစ်လာနိုင်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 23, 2020 . 2 mins read
Share now

ဘာမီတွန်ဆိုတာဘာဆေးလဲ။

ဘာမီတွန်ကို ဓါတ်မတည့်မှုတွေအရေပြားမှာ အဖုအပိမ့်တွေထွက်တာတွေအတွက်အသုံးပြုကြတာပါ။ ဘာမီတွန်ကို အရေပြားမှာ အင်ပျဉ်တွေထွက်တဲ့အခါ၊ ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ အသက်ရှုရခက်တာ၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ နဲ့ လည်ပင်းတွေမှာ ဓါတ်တည့်မှုကြောင့်ဖြစ်လာတဲ့ရောင်ရမ်းမှုတွေကို သက်သာစေဖို့အတွက် အသုံးပြုလို့ရတဲ့ဆေးတစ်မျိုးပေါ့။

ဆေးဝါးတစ်ခုခုကိုသောက်သုံးတဲ့အခါဆေးညွှန်းအတိုင်း အတိအကျသောက်ဖို့က အရေးကြီးပါတယ်။ ဒီလိုမှပဲ မလိုအပ်တဲ့အန္တရာယ်တွေကနေ ကာကွယ်နိုင်မှာပါ။ ဘာမီတွန်သောက်မယ်ဆိုရင်တော့ –

  • အသက် ၁၂ နှစ်အထက်ဆိုရင် 4 mgဆေးပြားကို ၄ နာရီခြား ကနေ ၆နာရီခြား တစ်လုံးစီသောက်နိုင်ပါတယ်။ တစ်နေ့ကို ၆ လုံးထက်တော့ ပိုမသောက်သင့်ပါဘူး။
  • အသက် ၆၅ နှစ်အထက်ဆိုရင်တော့ 12 mgဆေးပြားကို တစ်နေ့ကို ၃ လုံးပဲသောက်သင့်ပါတယ်။
  • အသက် ၂ နှစ် ကနေ ၅ နှစ်အတွင်းဆိုရင် 1 mgဆေးပြားကို၄ နာရီခြား ကနေ ၆နာရီခြား တစ်လုံးစီသောက်နိုင်ပါတယ်။ တစ်နေ့ကို ၆ လုံးထက်တော့ ပိုမသောက်သင့်ပါဘူး။
  • အသက် ၁ နှစ်ကနေ ၂ နှစ်အရွယ်ကလေးငယ်တွေဆိုရင်တော့1 mgဆေးပြားကို တစ်နေ့ကို မနက်တစ်ကြိမ် ညတစ်ကြိမ် ၂ ကြိမ်သာတိုက်သင့်ပါတယ်။

သတိထားရမယ့်နောက်တစ်ချက်က အရေပြားဓါတ်မတည့်တာဖြစ်ဖြစ် ဓါတ်မတည့်တာတစ်ခုခုကြောင့်ဖြစ်ဖြစ် ဘာမီတွန်ကိုသောက်နေရတယ်ဆိုရင်လည်း အများဆုံးအချိန်အတိုင်းအတာအနေနဲ့ ၇ ရက်အထိပဲ ဆက်တိုက်သောက်သင့်ပါတယ်။ ၇ ရက်ကျော်တဲ့အထိမှ ရောဂါအခြေအနေသက်သာလာတာမရှိဘူးဆိုရင် ဆရာဝန်နဲ့ပြသကြည့်ပါ။ ဘာမီတွန်က အချိန်အကြာကြီးစွဲသောက်ဖို့ မသင့်တော်ပါဘူး။

တန်ဆေးလွန်ဘေး

ဆေးဝါးတိုင်းက တန်ဆေးလွန်ဘေးဆိုသလိုပါပဲ။ အလွန်အကျွံသောက်ရင် အန္တရာယ်များပါတယ်။ ဘာမီတွန်ကို အတိုင်းအဆမှန်မှန်သောက်သုံးမယ်ဆိုရင်ရောဂါတွေကို သက်သာစေမှာမှန်ပေမယ့် အများကြီးသောက်မယ်၊ အချိန်ကြာမြင့်စွာသောက်မယ်ဆိုရင်တော့ အခုလိုမျိုး ပြဿနာတွေခံစားရနိုင်ပါတယ်။

  • နှလုံးခုန်မြန်လာမယ်
  • စိတ်အခြေအနေတွေြေပါင်းလာမယ်
  • တက်မယ်
  • အသက်ရှုတာပြတ်တောင်းပြတ်တောင်းဖြစ်လာမယ်
  • ဆီးသွားနည်းတာ၊ ဆီးလုံးဝမသွားတာမျိုးဖြစ်လာမယ်
  • ခေါင်းထဲက ညီးစီစီဖြစ်လာမယ်
  • မူးလာမယ်
  • ခံတွင်းခြောက်လာမယ်
  • နှာခေါင်းနဲ့လည်ချောင်းတွေခြောက်လာမယ်
  • ဝမ်းချုပ်မယ်
  • အမြင်အာရုံတွေဝေဝါးလာမယ်
  • အာရုံကြောထိခိုက်မယ်
  • စိတ်ဂနာမငြိမ်ဖြစ်လာမယ်

ဒါတွေတင်မကပါဘူး။ ဘာမီတွန်ကို အများကြီးသောက်လိုက်မယ်ဆိုရင်

  • သူငယ်အိမ်ကျယ်လာမယ်၊
  • မျက်နှာတွေနီရဲလာမယ်၊
  • အဖျားတက်မယ်၊
  • အားနည်းလာမယ်၊
  • အကြောဆွဲမယ်၊
  • အသက်ရှုရခက်မယ်၊
  • တက်မယ်၊
  • သတိလစ်မေ့မြောတာတွေအထိဖြစ်မယ်
  • ခေါင်းထဲမှာပေါ့ပေါ့ကြီးဖြစ်နေမယ် (Light-headedness)
  • ခေါင်းထဲမှာ ကြည်ကြည်လင်လင်မရှိဖြစ်မယ်
  • သိမြင်မှုစွမ်းရည်တွေကျဆင်းလာမယ်
  • ကေျာက်ကပ်နဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းကိုထိခိုက်မယ်
  • ပျို့-အန်ချင်မယ်
  • အစာခြေစနစ်အလုပ်လုပ်တာနှေးလာမယ်
  • အစားစားချင်စိတ်နည်းမယ်၊
  • သွေးဖိအား ကျမယ်၊
  • သူများ မမြင်-မကြားတာတွေ မြင်-ကြားနေမယ်၊
  • စိတ်ဂနာမငြိမ်ဖြစ်မယ်၊
  • စိတ်မူမမှန်ဖြစ်မယ်၊
  • ကယောင်ကတမ်းဖြစ်မယ်၊

ဒီအခြေအနေတွေက အရေးပေါ်အခြေအနေတွေဖြစ်တာကြောင့် လူနာကို နီးစပ်ရာဆေးရုံကို အမြန်ဆုံးခေါ်သွားပြီး ကုသမှုခံယူနိုင်အောင်လုပ်ဆောင်ပေးဖို့လိုပါမယ်။ တကယ်လို့ အချိန်မီမပို့ဆောင်နိုင်တာမျိုးဖြစ်မယ်ဆိုရင် အသက်အန္တရာယ်ကို စိုးရိမ်ရနိုင်ပါတယ်။ဘာမီတွန်ကို အယ်လ်ကိုဟောပါတဲ့သောက်စရာတွေနဲ့ တွဲဖက်သောက်သုံးတာမျိုးလုံးဝမလုပ်သင့်ပါဘူး။

ဘယ်သူတွေက ဘာမီတွန်မသောက်သင့်ဘူးလဲ

  • ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ
  • အသည်းရောဂါအခံရှိသူတွေ
  • မျက်စိရေတိမ်ရှိသူတွေ
  • ဆီးကျိတ်ဝေဒနာရှိသူတွေ
  • အတက်ဝေဒနာ (epilepsy)
  • ဓါတ်မတည့်မှုအတွက်ဆေးဝါးတစ်ခုခုသောက်သုံးနေရသူဆိုရင်တော့ ဘာမီတွန်ကို မသောက်သင့်ပါဘူး။ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှာသောက်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မျက်မှန်တပ်သူတိုင်း သိထားဖို့ လိုတဲ့ ဆောင်ရန်၊ ရှောင်ရန်များ

မျက်မှန် ဆောင်ရန်ရှောင်ရန် မျက်စိ ကျန်းမာရေး အမြင်အာရုံ မျက်စိပါဝါ မျက်မှန်ကိုင်း အာရုံကြော လူငယ် စာဖတ် ဂိမ်းဆော့ ရုပ်ရှင်ကြည့် အလင်းရောင် ဖုန်းသုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အာရုံကြော အားကောင်းစေမယ့် အဓိကသော့ချက် (၅) ရပ်

အာရုံကြောစနစ် အားနည်းတဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရဖူးပါသလဲ၊ အာရုံကြောတွေ ကျန်းမာအောင် ဘယ်လိုနေထိုင်ဂရုစိုက်သင့်သလဲဆိုတာကို ဖော်ပြထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

ကိုယ်ဝန်ဆောင်မေမေနဲ့ အသင့်တော်ဆုံး သောက်စရာ

ကိုယ်ဝန်ဆောင်မေမေ တစ်ယောက် ဘေဘီလေးကို လွယ်ထားချိန်မှာ အချိုရည်​တွေ မသောက်နဲ့ ကလေး ထိခိုက်မယ်။ကော်ဖီ၊ လက်ဖက်ရည်တွေ မသောက်နဲ့ သံဓာတ် အားနည်းမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နှလုံးခုန်စည်းချက်မမှန်ခြင်းအကြောင်း

နှလုံးခုန်တယ်ဆိုတာ နှလုံးရဲ့ကြွက်သားတွေ ကျုံ့လိုက်ဆန့်လိုက်ပြုလုပ်နေတဲ့ လှုပ်ရှားမှုပါပဲ။ ဒီလှုပ်ရှားမှု (နှလုံးခုန်ခြင်း) ဟာ သူ့စည်းချက်နဲ့သူ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ဆေးစွဲခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ

ဆေးစွဲခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 1 min read
ဘိုးဘိုးဘွားဘွားတို့ လေ့ကျင့်ခန်း လုပ်သင့်လား

ဘိုးဘိုးဘွားဘွားတို့ လေ့ကျင့်ခန်း လုပ်သင့်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 24, 2020 . 2 mins read

ကလေးငယ်တွေကို ခေါင်းအုံးနဲ့ ပေးအိပ်လို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2020 . 2 mins read
ငရုတ်ပွနဲ့ကျန်းမာရေး

ငရုတ်ပွ နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2020 . 1 min read