အစိုးရဆေးရုံတက်ရမည် ဆိုလျှင်
မစည်ကားအပ်တဲ့နေရာတွေထဲမှာ ဆေးရုံလည်း တစ်ခု အပါအဝင်ပါ ။ ဒီအတွက် ကံအကြောင်းမလှဘဲ တစ်စုံတစ်ရာကြောင့်များ အစိုးရဆေးရုံတွေ ရောက်ရင် ဘယ်လိုတွေ ကြုံတွေ့ရနိုင်လဲဆိုတာကို ဗဟုသုတအနေနဲ့ တင်ပြပေးလိုက်ရပါတယ်။ ဆေးရုံရောက်ရင် အရေးပေါ်ကုသမှုဌာန Emergency မှာ စာရင်းသွင်း ၊ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ရပါတယ် ။ ဒီမှာလည်း ဆေးရုံတစ်ခုနဲ့ တစ်ခု မတူညီဘဲ တချို့ဆေးရုံကြီးတွေ (ဥပမာ ရန်ကုန်ဆေးရုံကြီး ၊ မြောက်ဥက္ကလာဆေးရုံကြီး၊ မန္တလေးနဲ့ နေပြည်တော်ဆေးရုံကြီး)မှာ အရေးပေါ် အထူးကု ဆရာဝန်နဲ့ ဆေးကုသမှု အဖွဲ့လိုက်ရှိတတ်ပြီး ရောဂါပြင်းထန်မှုအလိုက် လူနာတွေကို ကြည့်ပေးလေ့ရှိပါတယ်။ ကျန်တဲ့ဆေးရုံတွေမှာတော့ လူအင်အားနည်းတတ်တဲ့အတွက် အရေးပေါ်ဆရာဝန်တစ်ယောက်က တာဝန်ယူပြီး ကြည့်ရှုပေးတတ်ပါတယ်။ ဆရာဝန်က ကနဦးစမ်းသပ်မှုတွေပေါ်လိုက်ပြီး လူနာတက်ရမယ့် အဆောင်တွေ ခွဲပေးတတ်ပါတယ်။ ဆေးကုသဆောင် ၊ ခွဲစိတ်ဆောင်၊ သားဖွားမီးယပ်၊ […]