ကြက်ဝက် သားငါးများကို ဘယ်လိုအန္တရာယ်ကင်းအောင် စားသောက်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

အန္တရာယ်ကင်းသောအစားအစာ ရရှိရေး နည်းလမ်း ၉သွယ်

သင့်အနေနှင့် အစာအဆိပ်သင့်ခြင်းအကြောင်းကြားဖူးပါလိမ့်မည်။

အဓိကဖြစ်ရခြင်းမှာ ဘက်တီးရီးယား၊ ဗိုင်းရစ်ပိုး၊ ကပ်ပါးပိုးပါသော အစားအစာများ စားသုံးမိသောကြောင့်ဖြစ်ပြီး ဝမ်းလျှောခြင်း၊ဖျားခြင်း၊ အန်ခြင်းတို့ မှတစ်ဆင့်ရေဓါတ် ခန်းခြောက်ခြင်း၊ နောက်ဆက်တွဲဆိုးရွားသောပြဿနာခံစားရခြင်းတို့ဖြစ်စေသည်။

အသား၊ငါးအစိမ်း များမှာ ထိုပိုးမွားများကပ်ပါနိုင်ပါသည်။

ဥပမာ_ အသား၊ငါး၊ဝက်သား

ထို့ကြောင့် အစာအဆိပ်သင့်ခြင်း မဖြစ်စေရန်နည်းလမ်းများ ဖော်ပြလိုက်ပါသည်။

(၁) ဈေးဝယ်ထွက်ခြင်း

ပထမဦးဆုံးအေးခဲထားသော အသား၊ငါး၊နို့ထွက် ပစ္စည်းများမှာ အခန်းအပူချိန်တွင် ပိုးမွှားပေါက်ပွား နိုင်ပါသည်။ ထို့ကြောင့် ဈေးဝယ်ထွက်ပါက ထိုအသား၊ငါးများက်ု လုံခြုံစွာ အပေါက်အပြဲမရှိ ုထုတ်ပိုးထားမှသာဝယ်ယူသင့်ပါသည်။ အိမ်ရောက်ရောက်ခြင်း ရေခဲသေတ္တာသို့တက်နိုင်သမျှ မြန်မြန်ထည့်ပါ။

(၂) အခြား ပစ္စည်းများနှင့် မရောပါနှင့်။

အသား၊ငါးမှ ထွက်သော အရည်များအား အခြားဈေးဝယ်ထားသော ကုန်ပစ္စည်း၊အိုးခွက်များ နှင့် ရောနှောထားပါက ပိုးကူးစက်နိုင်သည်။ ထို့ကြောင့် ပလပ်စတစ်နှင့်သီးခြားထုတ်ပိုး သယ်ဆောင်ပြီး ရေခဲသေတ္တာထဲတွင် သီးသန့် ဘူးများဖြင့် ထည့်ထားခြင်းဖြင့် ရောဂါကူးစက်ခြင်းကာကွယ်ပြီး အခြားပစ္စည်းများ နှင့်အိမ်အပြန်လမ်းတွင်ဖြစ်စေ၊ ရေခဲသေတ္တာထဲတွင်ဖြစ်စေ မထိတွေ့နိုင်တော့ပါ။

(၃)မီးဖိုချောင်ကိုသန့်ရှင်းအောင်ထားပါ။

သန့်ရှင်းခြင်းမရှိသော မီးဖိုချောင်မှ တစ်ဆင့် ပိုးမွားများသည် လှီးဖြတ်သောအခံများ၊ ထည့်စရာပစ္စည်း၊ ခွက်များမှ ကူးစက်နိုင်ပါသည်။ အသား၊ ငါး အစိမ်းများကိုင်ပြီးတိုင်း

  • လက်နှစ်ဖက်အား ရေနွေ း၊ ဆပ်ပြာတို့ဖြင့် စင်ကြယ်အောင်ဆေးသင့်သည်။ မချက်ပြုတ်ခင် မကိုင်တွယ်ခင် အစားမစားခင် လက်စင်ကြယ်နေပါစေ။
  • သုံးပြီးသား အိုးခွက်တို့အားပြန်မသုံးပါနှင့်။ သန့်ရှင်းသောအိုးခွက်များကို သုံးပါ။
  • အိုးတိုက် ရေမြှုပ်များကို သန့်ရှင်းအောင်ထားပါ။
  • လက်နှီးများကို သန့်ရှင်းနေပါစေ။
  • မီးဖိုချောင် မျက်နှာပြင်များကို ပိုးသတ်ဆေးနှင့်သေချာသန့်ရှင်းပါ။

(၄) လျင်မြန်စွာအအေးခံပါ။

အစားအစာများကို လျင်မြန်စွာ ရေခဲထားပါ။ အေးနေခြင်းဟာ ပိုးမွှားပွားခြင်း၊ကြီးထွားခြင်းကိုတားပေးသည်။ ပိုးမွှားများသည် အပူချိန်အန ္တရာယ်ဇုန် ၄၀ ဒီဂရီ ဖာရင်ဟိုက် မှ၁၄၀ ဒီဂရီ ဖာရင်ဟိုက် တွင်အများဆုံးပွားများကြသည်။ ဒါကြောင့် အစားအစာစနစ်တကျသိုလှောင်ရန်ရေခဲသေတ္တာအား၄၀ ဒီဂရီ ဖာရင်ဟိုက်အောက်သာလျှင် သို့ သုည ဒီဂရီ ဖာရင်ဟိုက် အောက်သာထားသင့်ပါသည်။ ထိုအပူချိန်များကို အခါအားလျော်စွာ ပြဒါးတိုင်နှင့် စစ်ဆေးသင့်ပါသည်။

(၅) လတ်ဆတ်ခြင်းသည်ပိုကောင်း၏။

အစားအစာလက်ကျန်များကို အရင်စားသုံးဖြစ်အောင် အရှေ့တွင်ထားသင့်သည်။ အလွယ်ဆုံးနည်းမှာ အစားအစာတစ်ထုပ်ချင်းစီကို နေ့စွဲများတပ်ထား၍သတ်မှတ်ချိန်အတွင်း စားသုံးဖြစ်ရန်သတိထားနိုင်ပါသည်။ ပြန်လည်သုံးနိုင်သော ပလပ်စတစ်အိတ်ကို သုံးစွဲခြင်းသည် လွယ်ကူသက်သာစေသော ရွေးချယ်နည်းဖြစ်သည်။ အကြောင်းမှာ အိတ်အပေါ်တွင် နေ့စွဲ၊ပါဝင်ပစ္စည်းကိုရေးထားနိုင်၍ဖြစ်သည်။

(၆) မည်သည့်အခြေအနေမျိုးမဆို အစားအစာများ သန့်ရှင်းစိတ်ချခြင်းရှိမရှိကို မြည်းစမ်းခြင်းမပြုသင့်ပါ။

အစားအဆိပ်သင့်ခြင်းအများစုမှာ အနံ့ခံခြင်း၊မြင်ရခြင်း၊ မြည်းစမ်းခြင်းပြုလုပ်၍မသိနိုင်ပါ။ အန္တရာယ်ကင်းစေရန်မှာ သံသယရှိသောအစားအစာများကို ထုတ်ပိုးပြီးလွင့်ပစ်ခြင်းဖြစ်ပြီးတိရစ္ဆာန်များ၊မိသားစုဝင်များ မစားနိုင်တော့အောင် ပြုလုပ်ပါ။

(၇) ချက်ပြုတ်ခြင်း

ကောင်းမွန်စွာချက်ပြုတ်ခြင်းဟာအလွန်အရေးကြီးလှပါသည်။ အကြောင်းမှာ ကောင်းစွာအပူပေးခြင်းသည် အန ္တရာယ်ရှိသောပိုးမွှားများဖြစ်သည့် Ecoli ၊ salmonella တို့ကိုသေစေနိုင်မှာ ဖြစ်ပါတယ်။

အသားအစိမ်းများ_ အမဲသား၊သိုးသား၊ ဝက်သားအစိမ်း များအား အပူချိန် ၁၆၀ ဒီဂရီဖာရင်ဟိုက် ရောက်သည်အထိ အပူပေးပြီး အစားအစာအပူချိန်တိုင်း သာမိုမီတာနှင့်တိုင်းပါ။ အသားများအညိုရောင်ပြောင်းသည်ထိ ချက်ပြုတ်ရပါမည်။

လှီးပြီးသောအသားများ_ ထိုအသားများကို အပူချိန် ၁၆၅ ဒီဂရီဖာရင်ဟိုက် ရောက်သည်ထိ အပူပေးချက်ပြုတ်ပြီး အစားအစာအပူချိန်တိုင်း သာမိုမီတာနှင့်တိုင်းပါ။ အရည်များအားလုံးကြည်သည်ထိချက်ပါ

ငါးများ_ ငါးများအားလည်း အတွင်းအပူချိန်၁၆၀ ဒီဂရီဖာရင်ဟိုက် ထိရောက်အောင်ချက်ပြုတ်ရပါမည်။ အစားအစာအပူချိန်တိုင်း သာမိုမီတာနှင့်တိုင်းပါ။

(၈) အောက်ဆီဂျင် မရှိအောင်ထားပါ။

အသား၊ငါးများအား ပျက်စီးစေသော ဗီတာမင်တန်ဖိုးနည်းစေသော အကြောင်းရင်းမှာ အောက်ဆီဂျင် ကြောင့်ဖြစ်ပါသည်။ အောက်ဆီဂျင် ရှိပါက ပျက်စီးစေပါသည်။ ထို့ကြောင့် ပလတ်စတစ်အိတ်၊ဘူး၊ ခွက်များတွင် ထည့်သိမ်းမည်ဆိုပါက လေကိုဦးစွာထုတ်သင့်ပြီး အဖုံးကိုသေချာတင်းကျပ်စွာအုပ်သင့်သည်။ အစားအစာများကို အဖုံးပါသောခွက် တွင်သိမ်းသင့်သည်။ အသား၊ပင်လယ်စာများကို ပလစ်စတစ်နှင့်တင်းကျပ်စွာပတ်၍ အနံ့အသက်၊အရသာများ ပြောင်းခြင်းနည်းရန် ပြုလုပ်နိုင်သည်။ နောက်တွင်ပန်းကန်ပြားပလစ်စတစ်အိတ်တွင်ထည့်၍ ရေခဲသေတ္တာတွင်းအရည်ကျခြင်း၊ အခြားအစားအစာများနဲ့ထိခြင်းခြင်း၊ပေကျံခြင်းတို့မဖြစ်အောင်ထားနိုင်သည်။

(၉) ဟင်းကျန်များ

အခန်းအပူချိန်တွင် ကျန်ရှိနေသော အစားအစာများ ၂နာရီကျော်ပါက စွန့်ပစ်ပါ။ ဇောက်မနက်သော ဘူးတွင်ထည့်၍ ရေခဲသေတ္တာထဲ စားသုံးပြီးသည်နှင့် ချက်ချင်းထည့်ပါ။ ချက်ချင်း အအေးခံပါ။ နူးနေအောင်ချက်ထားသော အစားအစာဖြစ်ပါက ၃၊ ၄ရက်ခန့်ထားနိုင်သည် ။ ပြန်နွေးမည်ဆိုပါက ၁၆၀ ဒီဂရီဖာရင်ဟိုက် ရအောင်အပူပြန်ပေးသင့်ပါသည်။

အစာအဆိပ်သင့်ခြင်းသည် လူတိုင်းတွင်ဖြစ်နိုင်သည်။ သင်သည် အစားအသောက် အန္တရာယ်ကင်းစွာကိုင်တွယ်စားသုံးနည်းကိုသိ၍ လိုက်နာကျင့်သုံးသင့်ပါသည်။ သို့မှသာ မကောင်းသော အစာကို စားမိ၍ နေမကောင်းဖြစ်ခြင်းမှကာကွယ်နိုင်မည်ဖြစ်သည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ဗိုက်အဆီ တက်လာတဲ့ ကိစ္စ ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာ Hello ပရိသတ်တွေအတွက် အကြံပြုချက်လေး တချို့ကို ဖော်ပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 19, 2020 . 2 mins read

လျှာအရောင်က ပြောပြနေတဲ့ ကျန်းမာရေး

လျှာရဲ့ နောက်ထပ် လုပ်ငန်းစဉ်တစ်ခုက ကျန်းမာရေး အခြေအနေတွေကို ဖော်ပြပေးနေသေးတာပါ။ လျှာအရောင်အလိုက် ကျန်းမာရေးအခြေအနေတွေက အမျိုးမျိုးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဦးနှောက်ထိုင်းမှိုင်းသွားခြင်း (Brain Fog) ဖြစ်ပွားစေသော အကြောင်းများ

စာမေးပွဲဖြေနေတုန်း သိပ်မခက်ခဲလှတဲ့ သင်သိပြီးသား အကြောင်းအရာကို ချမရေးနိုင်ဖြစ်နေပါသလား၊ သင့်တနေ့တာမှာ ပိုက်ဆံကို ဘာတွေ သုံးခဲ့သလဲဆိုတာ မမှတ်မိဖြစ်နေပါသလား၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ပန်ကရိယလေး ကျန်းမာပါစေ။

န်ကရိယလေးက အစာခြေစနစ်ရဲ့ အရေးပါတဲ့ လုပ်သားလေးပေါ့။ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း နဲ့ အဆီတွေကို ချေဖျက်ဖို့အင်ဇိုင်းတွေ ထုတ်ရင်း ကူညီပေးတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 21, 2020 . 2 mins read
အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုခံစားရသူ အရေအတွက်

မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုခံစားရသူ အရေအတွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 11, 2020 . 2 mins read

အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read