ကော်ဖီနံ့နံသောခံတွင်းနံ့ကို ဘယ်လိုအနိုင်ယူမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 1 min read
Share now

ကော်ဖီသည် လူအများအတွက် အလွန်ကျော်ကြားသောသောက်စရာများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့ကိုနိုးကြားစေကာ လိုအပ်သောစွမ်းအင်ကိုပေးသည်။ သို့သော်ကော်ဖီတစ်ခွက်သောက်ပြီးလျှင် ခံတွင်းနံ့နံသည်ကိုသတိထားမိပါသလား။

ဘာကြောင့်ကော်ဖီကသင့်ခံတွင်းကိုအနံ့နံစေသလဲ။

ကျွန်ုပ်တို့ပါးစပ်ထဲထည့်သွင်းသည့် မည်သည့်အရာမဆိုခံတွင်းနံ့နံစေသည်။ မစားခင်ကတည်းက အနံ့နံသောအစားအစာသည် ခံတွင်းနံ့ကို ပိုဆိုးစေသည်။ ကော်ဖီတွင် ဆာ(လ်)ဖာဒြပ်ပေါင်းများစွာရှိခြင်းသည် ခံတွင်းနံ့နံစေသောတရားခံများထဲမှ တစ်ခုပင်ဖြစ်သည်။

ထို့ပြင်ကော်ဖီထဲရှိ ကဖိန်းဓါတ်သည် ပါးစပ်ကိုခြောက်သွေ့စေသည်။ သင့်ပါးစပ်မှ တံတွေးလုံလောက်စွာမထုတ်နိုင်လျှင် သင့်ပါးစပ်သည် နံလာမည်ဖြစ်သည်။ အကြောင်းမှာ တံတွေးကပါးစပ်ထဲရှိဘက်တီးရီးယားပိုးမွှားများကို သတ်နိုင်သောကြောင့်ဖြစ်သည်။ တံတွေးမရှိလျှင် ဘက်တီရီးယားပွားများကာ ခံတွင်းနံ့နံစေသည်။ တံတွေးကပုံမှန်သန့်ရှင်းပေးသော အစာအကြွင်းအကျန်များသည်လည်း တံတွေးမရှိသောအခါ ပြိုကွဲပြီးအနံ့နံစေသည်။
ကော်ဖီသောက်ခြင်းကြောင့် ခံတွင်းနံ့နံရသည့်နောက်ဆုံးအချက်တစ်ခုမှာ ကော်ဖီတွင်ပြင်းထန်းသောအနံ့ရှိခြင်းကြောင့်ဖြစ်သည်။ အခြားအနံ့နံစေသောအရာများနှင့်ပေါင်းစပ်ကာ ဆိုးရွားသောခံတွင်းနံ့ ဖြစ်စေသည်။ ဥပမာ ကော်ဖီထဲတွင် နို့ထည့်သောက်ခြင်းကလည်း ဖြစ်စေသည်။

ခံတွင်းနံ့မနံစေဘဲကော်ဖီသောက်ခြင်း

အသိသာဆုံးမှာ သွားတိုက်ခြင်းသည် cappuccino သောက်ပြီးနောက် မိတ်ဆွေများနှင့် နီးနီးကပ်ကပ်နေနိုင်ဖို့အလျင်မြန်ဆုံးနည်းလမ်းဖြစ်သည်။ ပီကေလည်း ဝါးရမည်ဖြစ်သည်။ သင်သည် သွားကြားထိုးတံကို အနံ့သက်သာအောင်သုံးနိုင်သည်(သို့) စမုန်စပါးစေ့များ ဝါး၍ရသည်။
လက်ဖက်စိမ်း သောက်တတ်အောင်ကြိုးစားပါ။ လက်ဖက်စိမ်းသည် ဆွေးသောသွားမှထုတ်သည့် အရောင်စွန်းသည့်ဆာ(လ်)ဖာဓါတ်ကို ဖယ်ပေးနိုင်သည်။ လေ့လာသူများမှ လက်ဖက်စိမ်းသည် အစာစားပြီးနောက် သွားကိုသန့်ရှင်းပေးသည့် တံတွေးထွက်အောင် လှုံ့ဆော်ပေးသည်ဟု အကြုံပြုသည်။ ရေတစ်ဖန်ခွက်သည် ကော်ဖီကိုဆေးကြောပေးရာတွင် ကူညီနိုင်သည်။

သင့်ပါးစပ်ထဲမှ တံတွေးပိုထွက်လာအောင် လုပ်ပေးနိုင်သော လျှင်မြန်လွယ်ကူသည့်နည်းလမ်းမှာ- ပန်းသီးစားပေးပါ။ ၎င်းတွင် တံတွေးထွက်စေသည့် အင်ဇိုင်းများရှိသည်။ (သို့) ဂျင်းလက်ဖက်ရည်သောက်ပြီး အနံ့ဖြစ်စေသည့် ဘက်တီးရီးယားများတိုက်ခိုက်ပါ။(သို့) ဒိန်ချဉ်စားပါ။ ၎င်းတွင် ဘက်တီးရီးယားကို ဆန့်ကျင်နိုင်သည့် ဂုဏ်သတ္တိများရှိသည်။ (သို့) ခံတွင်းနံ့ကိုေ ကာင်းကောင်းတိုက်ခိုက်နိုင်သည့် လေးညှင်းကိုဝါးစားပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးပေါင်ချိန်ကို မသိမသာ မြင့်စေတက်သောအကြောင်းများ

သွေးတိုးခြင်းဟာ မျိုးရိုးလိုက်တတ်ပေမယ့် ဒီတချက်တည်းကြောင့်တော့ မဟုတ်ပါဘူး။ သွေးတိုးကနေထိုင်စားသောက်မှုနဲ့လည်း သက်ဆိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဒီလိုအခြေအနေတွေကြုံရင် အနားယူပါ

နားနေချိန်မှာတောင် စိတ်ထဲမှာ လုပ်စရာတွေကို တန်းစီစဉ်းစားနေခြင်းဟာ သင့်အားအင်တွေကို ထင်သလောက် ပြန်ပြည့်ဝစေမှာ မဟုတ်ပါဘူး။ ပင်ပန်းလွန်းစေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ကျန်းခံ့သာလို့ မာပါစ

ကျန်းမာခြင်း သည် လာဘ်တစ်ပါးဆိုတဲ့ စကားက တကယ်ကို မှန်ပါတယ်။ ကျန်းမာခြင်းက အဖိုးဖြတ်လို့မရတဲ့ အရာတစ်ခုပါ။ ကိုယ်တိုင် ကျန်းမာရဲ့လား ဆိုတာကို ဘယ်လို ဆန်းစစ်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆီးချိုရှိတဲ့သူတွေ ကော်ဖီသောက်မယ်ဆိုရင်

ဆီးချို ကော်ဖီ လက်ဖက်ရည် ကဖင်းဓာတ် Decafကော်ဖီ သွေးတွင်းသကြားဓာတ် အင်ဆူလင် ကော်ဖီမစ် Diet ကော်ဖီ အဆီထုတ်နွားနို့ ဆီးချိုသကြား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ

အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 11, 2020 . 2 mins read
ကျန်းမာရေးနှင့် ညီညွတ်သော်လည်း အလွန်အကျွံစားသုံးလျှင် ဘေးဖြစ်စေတတ်သော အစားအစာများ

ကျန်းမာရေးနှင့် ညီညွတ်သော်လည်း အလွန်အကျွံစားသုံးလျှင် ဘေးဖြစ်စေတတ်သော အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read
ခေါင်းကိုက်တာကြောင့် ပျော်ရွှင်စရာ အချိန်တွေကို မထိခိုက်ပါစေနဲ့။

ခေါင်းကိုက်တာကြောင့် ပျော်ရွှင်စရာ အချိန်တွေကို မထိခိုက်ပါစေနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 18, 2020 . 2 mins read
ကိုယ်ဝန်ဆောင်မေမေနဲ့ အသင့်တော်ဆုံး သောက်စရာ

ကိုယ်ဝန်ဆောင်မေမေနဲ့ အသင့်တော်ဆုံး သောက်စရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 16, 2020 . 2 mins read