အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်သွားခြင်း (Sleep Apnea)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 mins read
Share now

ကိုယ်အိပ်ပျော်နေတဲ့အချိန်မှာ အသက်က ရှူတာရပ်သွားလိုက်၊ ပုံမှန်ပြန်ရှူလိုက်နဲ့ အကြိမ်ပေါင်းများစွာ ဖြစ်နေတဲ့ အိပ်ပျော်ခြင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်စေတဲ့ ပြဿနာတစ်ခုပါ။ ဒီပြဿနာကို အသက်ကြီးတဲ့အမျိုးသားအများစုမှာ တွေ့ရတတ်ပြီး ဘေးပတ်ဝန်းကျင်ကလူတွေကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်သလို အခန့်မသင့်ရင် အိပ်နေစဉ် အသက်ရှူသွားတတ်တဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ပုံမှန်အချိန်မှာတော့ အကောင်းအတိုင်းရှိနေတာကြောင့် ကျန်းမာတယ်လို့ ယူဆလို့ရတဲ့သူတစ်ယောက်ကို အိပ်ပျော်သွားတဲ့အချိန်မှသာ ဒီလိုမူမမှန်တဲ့ လက္ခဏာကို တွေ့ရတာဖြစ်ပါတယ်။ ကိုယ်တိုင်လည်း မသိနိုင်သလို ဘေးကလူတွေတောင်မှ သေချာသတိထားပြီး စောင့်ကြည့်မှ ဒီလိုလက္ခဏာတွေကို တွေ့ရနိုင်တာဖြစ်ပါတယ်။ ဒီပြဿနာနဲ့ပတ်သက်တဲ့ လက္ခဏာတွေ၊ ဘယ်သူတွေမှာ အဖြစ်များလဲဆိုတာနဲ့ ဘယ်အချိန်မှာ ကုသမှုခံယူသင့်လဲဆိုတာကို ဒီဆောင်းပါးမှာ ပြောပြပေးသွားပါမယ်။

အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း ဘယ်နှစ်မျိုးရှိလဲ။

Sleep Apnea မှာ အဓိက ပုံစံ၂မျိုးရှိပြီး အဖြစ်အများဆုံး ပုံစံကတော့ လည်ချောင်းကြွက်သားများ ပြေလျော့ပြီး အသက်ရှူလမ်းကြောင်း ပိတ်သွားခြင်း (Obstructive Sleep Apnea) ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ဦးနှောက်ရဲ့ လုပ်ဆောင်ပုံ ချို့ယွင်းမှုကြောင့် အိပ်ပျော်နေစဉ်မှာ အသက်ရှူရပ်သွားခြင်း (Central Sleep Apnea) ပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေနှစ်မျိုးလုံး ရှိတဲ့သူတွေ (Complex Sleep Apnea Syndrome) ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

၁။ Obstructive Sleep Apnea (အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း)

အိပ်ပျော်သွားတဲ့အခါ ကိုယ်ခန္ဓါရဲ့ ကြွက်သားအများစုဟာ စတင်ပြီး ပြေလျော့သွားပါတယ်။ လည်ချောင်းရဲ့ အနောက်ဘက်မှာရှိတဲ့ ကြွက်သားတွေဟာ အာသီး၊ လျှာနဲ့ လည်ချောင်းရဲ့ ဘေးဘက်နံရံတွေကို ထောက်ပံ့ပေးတာဖြစ်ပါတယ်။ ဒီကြွက်သားတွေ ပြေလျော့လာတာနဲ့ အသက်ရှူလမ်းကြောင်းဟာ ကျဉ်းသွားတာ၊ အသက်ရှူသွင်းလိုက်တဲ့အချိန်မှာ ပိတ်သွားတာမျိုး ဖြစ်စေပါတယ်။

လေအလုံအလောက်မရတဲ့အခါ သွေးထဲမှာရှိတဲ့ အောက်စီဂျင်ပမာဏက လျော့ကျသွားပါတယ်။ ဒီဖြစ်စဉ်ကို ဦးနှောက်က အာရုံခံမိတဲ့အခါ အိပ်နေရာမှ အတင်းနိုးထလာပြီး အသက်ရှူလမ်းကြောင်းပြန်ပွင့်စေဖို့ အလျင်အမြန်လှုံ့ဆော်ပါတယ်။ များသောအားဖြင့် နိုးလာတဲ့အချိန်ဟာ စက္ကန့်ပိုင်းလောက်သာရှိပြီး အိပ်နေတဲ့သူကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့အထိ တိုလွန်းပါတယ်။ ဒီဖြစ်စဉ်ဟာ အိပ်ပျော်နေတဲ့အချိန် တစ်နာရီမှာ ၅ကြိမ်မှ အကြိမ် ၃၀အထိ အကြိမ်ပေါင်းများစွာ ဖြစ်နေတတ်ပြီး နှာမှုတ်လိုက်တာ၊ အသက်မရှူနိုင်ဖြစ်ပြီး မွန်းတာ၊ ပင့်သက်ရှိုက်တာတွေပါ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး အကြိမ်ပေါင်းများစွာဖြစ်ပြီး အိပ်နေရာမှာ လန့်နိုးလာခြင်းကြောင့် ကိုယ်တိုင်မသိလိုက်ရင်တောင်မှ မနက်နိုးလာတဲ့အခါ အိပ်ချိန်အပြည့်အဝမရဘဲ လူက မောဟိုက်နေတတ်ပါတယ်။

၂။ Central Sleep Apnea (ဦးနှောက်လုပ်ဆောင်ပုံ ချို့ယွင်းခြင်း)

ဦးနှောက်က အသက်ရှူလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ ကြွက်သားတွေကို အလုပ်လုပ်ဖို့ မလှုံ့ဆော်ပေးနိုင်တဲ့အခါ ဖြစ်တတ်တဲ့ အခြေအနေပါ။ ဒီလိုလှုံ့ဆော်ခြင်းမရှိတဲ့အခါ လူက အသက်ရှူဖို့ကို မေ့သွားတတ်ပြီး ရုတ်တရက် အသက်ရှူရပ်ပြီး လန့်နိုးလာတာ၊ ဟောက်တာအပြင် ပြန်အိပ်ပျော်ဖို့လည်း ခက်သွားတတ်ပါတယ်။ အသက်ရှူလမ်းကြောင်းပိတ်တာလောက် အဖြစ်မများဘူးဆိုပေမဲ့ ဒီအခြေအနေနှစ်မျိုးလုံးသည် ကျန်းမာရေးနဲ့ လူနေမှုဘဝပုံစံကို ထိခိုက်စေသည်အထိ အနှောင့်အယှက်ကောင်းကောင်းပေးနိုင်ပါတယ်။

ဘယ်လိုလူတွေမှာ အဖြစ်များလဲ။

  • အဝလွန်ေနသူတွေ
  • လည်ပင်းကြီးတဲ့သူတွေ
  • အသက်ရှူလမ်းကြောင်း ကျဉ်းတဲ့သူတွေ
  • အမျိုးသားတွေ
  • အသက်ကြီးသူတွေ
  • မိဘမျိုးရိုးမှာ ဒီလိုလက္ခဏာရှိနေရင်
  • အရက်၊ မူးယစ်ဆေးဝါး သုံးစွဲမှုများရင်
  • ဆေးလိပ်သောက်ရင်
  • အသက်ရှူရခက်သူတွေ၊ အသက်ရှူလို့ သိပ်အဆင်မပြေတဲ့သူတွေမှာ ပိုပြီးအဖြစ်များပါတယ်။

ရောဂါလက္ခဏာက ဘယ်လိုမျိုးလဲ။

  • ဟောက်သံကျယ်ခြင်း
  • အိပ်နေစဉ်မှာ အသံမရှူတော့ခြင်း
  • အိပ်နေရင်းနဲ့ လေကို အလုအယက်ရှူနေရသလို ဖြစ်တာ၊ ပင့်သက်ရှိုက်တာ
  • ပါးစပ်က ဖွင့်ဟနေတာ
  • မနက်နိုးလာရင် ခေါင်းကိုက်ေနတာ
  • အိပ်ပျော်ဖို့ ခက်တာ၊ မနက်မိုးလင်းတဲ့အထိ တောက်လျှောက်အိပ်မပျော်ဘဲ ခဏခဏ နိုးတာ
  • မနက်၊ နေ့လည်မှာ အလွန်အမင်း အိပ်ချင်တာ
  • နိုးနေချိန်မှာ အာရုံစူးစိုက်လို့ မရတာ
  • စိတ်ဆိုး၊ စိတ်ဆတ်၊ ဒေါသထွက်လွယ်တာတို့ပဲ ဖြစ်ပါတယ်။

အိပ်ပျော်နေစဉ် အသက်ရှူရပ်သွားခြင်းကြောင့် နောက်ဆက်တွဲအနေနဲ့ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကတော့ သွေးတိုးလာတာ၊ တက်တာ၊ လေဖြတ်တာ၊ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တာ၊ နှလုံးအောင့်တာ၊ ဆီးချို၊ စိတ်ကျရောဂါ၊ ခေါင်းကိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။

ဒီလက္ခဏာအများစုက ကိုယ်တိုင် သတိထားမိတာတွေလည်းရှိသလို တခြားသူတွေ သတိပေးမှ သိတာမျိုးတွေလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ အိပ်နေစဉ် အသက်ရှူခြင်းဟာ ကိုယ့်ရဲ့ တစ်နေ့တာအိပ်ချိန်ကို အနှောင့်အယှက်ပေးနိုင်တဲ့အပြင် ကျန်းမာရေးကိုပါ ထိခိုက်စေတဲ့အတွက် ဆရာဝန်နဲ့ တတ်နိုင်သလောက် စောစောပြဖို့ လိုအပ်ပါတယ်။

ဘယ်လိုကုသမှာလဲ။

အရင်ဆုံးကိုယ့်မှာ ဒီပြဿနာရှိတယ်လို့ သံသယရှိရင်၊ မိသားစုဝင်တွေက သတိပေးနေပြီဆိုရင်တော့ ဆရာဝန်နဲ့ အရင်ပြကြည့်ပါ။ ကိုယ့်ရဲ့ ညအိပ်ချိန်၊ မနက်ပိုင်းတွေမှာ ဘယ်လောက်ထိ ပင်ပန်းလဲ၊ ဘာလက္ခဏာတွေ ဖြစ်နေလဲ၊ တခြားဘာဆေးတွေ သောက်နေလဲဆိုတာကို အတိအကျပြောဖို့လိုပါတယ်။ လိုအပ်ရင် အတူအိပ်နေတဲ့ ဇနီး၊ ခင်ပွန်းကိုပါ ခေါ်သွားပြီး အိပ်နေတဲ့အချိန် ဘယ်နှစ်ကြိမ်လောက် ဟောက်လဲ၊ အသက်ရှူရပ်သွားတာ၊ ပုံမှန်မဟုတ်တဲ့ အသက်ရှူတာတွေရှိလားဆိုတာ မေးသွားမှာဖြစ်ပါတယ်။

ဒီပြဿနာနဲ့ ပတ်သက်ပြီး အရင်ဆုံး Sleep Study လို့ခေါ်တဲ့ အိပ်စက်မှုပုံစံကို စောင့်ကြည့်စစ်ဆေးတဲ့ နည်းလမ်းကို အသုံးပြုမှာပါ။ ဆေးရုံမှာ တစ်ညအိပ်ဖို့ လိုပြီး ကိုယ်အိပ်ပျော်နေတဲ့ အသက်ရှူလမ်းကြောင်းနဲ့ ဦးနှောက်အာရုံကြော အလုပ်လုပ်ပုံ၊ ဘယ်နှစ်ကြိမ် အသက်ရှူရပ်သွားလဲ၊ မျက်လုံးရွေ့လျားမှု၊ နှလုံးခုန်နှုန်း၊ သွေးတွင်း အောက်စီဂျင်လည်ပတ်နှုန်း စတာတွေကို စစ်ဆေးမှာဖြစ်ပြီး ကိုယ့်ရဲ့ ရောဂါအခြေအနေ ဘယ်လောက်ပြင်းထန်လဲဆိုတာကိုပါ သိနိုင်ပါတယ်။

ဒါတွေနဲ့ အရင်ဆုံးစစ်ဆေးပြီးသွားမှသာ ကုသမှုစတင်မှာဖြစ်ပါတယ်။ ကုသမှုပုံစံကို ပြောရမယ်ဆိုရင်တော့ အိပ်ပျော်နေစဉ် CPAP လို့ခေါ်တဲ့ Mask ကို နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ပေးမှာဖြစ်ပြီး အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်းကနေ ပုံမှန်လေရှူသွင်း၊ ရှူထုတ်နိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်းတွေအနေနဲ့ မေးရိုးအောက်ဘက်နဲ့ လျှာရဲ့ အနေအထားကို ပြောင်းလဲခြင်း၊ အသက်ရှူလမ်းကြောင်း အပေါ်မှာရှိနေတဲ့ တစ်သျှူးစကို ခွဲစိတ်ဖယ်ရှားခြင်း၊ နှာခေါင်းအတွင်းမှာရှိနေတဲ့ အဆို့ရှင်ကို ဖိအားပေးပြီး လေဝင်လေထွက်ရှိစေခြင်း အစရှိတဲ့ နည်းလမ်းတွေကို သုံးပေးမှာဖြစ်ပါတယ်။ လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး အဆင်ပြေမယ့် အကောင်းဆုံးနည်းလမ်းတွေကို ဆရာဝန်က ညွှန်ကြားပြသပေးမှာဖြစ်ပါတယ်။

နေထိုင်စားသောက်မှုပုံစံမှာရော ပြောင်းလဲဖို့လိုအပ်လား။

အဓိကအနေနဲ့ ကိုယ်အလေးချိန်များနေတဲ့သူတွေဆိုရင် ကိုယ်အလေးချိန်ကို ပြန်ချပါ။ အရက်သောက်တာ၊ ဆေးလိပ်သောက်တာတွေကို လုံးဝရှောင်ပါ။ မူးယစ်ဆေးဝါး လုံးဝမသုံးပါနဲ့။ ကဖင်းဓါတ်များတဲ့ အအေး၊ ကော်ဖီတွေကို တတ်နိုင်သလောက်ရှောင်ပါ။ အစာအာဟာရကို ပြည့်ဝစုံလင်စွာစားပေးပါ။ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ မပေါ့ပါနဲ့။ တစ်နှစ်တစ်ကြိမ်လောက်ဖြစ်ဖြစ် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အိပ်ပျော်နေချိန်မှာ စိတ်ပျက်စရာရုပ်ကြီး ဖြစ်မနေစေဖို့

သံဝေဂ၊ အိပ်စက်၊ စိတ်ပျက်စရာ၊ ပုံဆိုးပန်းဆိုး၊ အိပ်ချိန်၊ အရေပြား၊ ဝက်ခြံတွေ၊ တင်းတိပ်တွေ၊ အမည်းကွက်တွေ၊ အဆီ၊ မျက်ကွင်းညို၊ Eye Liner တရေးတမော၊ ဆား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

အိပ်ရေးပျက်တာတွေ များလာတဲ့အခါ ဘာတွေ ဖြစ်လာနိုင်လဲ။

အိပ်ရေးပျက် အိပ်စက် အိပ်ချိန် sleep deprivation အိပ်ငိုက် မျက်ကွင်းညို ပင်ပန်းနွမ်းနယ်ခြင်း ဂယောင်ခြောက်ခြား ထင်ယောင်ထင်မှား အိပ်ရေးဝဝအိပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

မိုးတွင်း ကလေး သွေးလွန်တုပ်ကွေး ကျန်းမာရေး ခြင်ကိုက် ရေဝပ် အဖျား ကိုယ်ပူ မှိန်း အော့အန် အနီစက် ကိုယ်လက်ကိုက်ခဲတာ မုတ်သုံ ဗိုင်းရပ်စ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေဖို့

ကျန်းမာပျော်ရွှင် ကလေး ကလေးကျန်းမာရေး မိဘလမ်းညွှန် ကျန်းမာရေး ပျော်ရွှင်မှု ကလေးဘဝ ပညာရေး အားကစား အစာအာဟာရ အိပ်ချိန် စိတ်ခွန်အား ရန်ဖြစ်ခြင်း ရိုက်နှက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 mins read

ဘာကြောင့် ပိန်ချင်တာလဲ၊ ကိုယ့်ကိုယ်ကိုယ်ရော ပြန်မေးဖူးလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 mins read

အဆီကို မြန်မြန်နဲ့ မှန်မှန်လေး ကျစေမယ့် အဓိကအချက် (၃) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 mins read

နဖူးပေါ်က အရေးအကြောင်းလေးတွေအတွက် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 mins read