အပူဒဏ် အန္တရာယ် ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဒီရက်ပိုင်းမှာ ရာသီဥတု တော်တော်ပူလာတာကို သတိပြူမိမှာပါ ။ အထူးသဖြင့် နေလယ်နေခင်းအချိန်တွေက နေပူထဲထွက်ဖို့ မဝံ့ရဲအောင်ပါပဲ ။ စာရေးသူလို သန်သန်မာမာ လူငယ်တစ်ယောက်တောင် နေပူဒဏ်ကို ကြာကြာမခံနိုင်တဲ့အတွက် နေပူထဲမှာ သွားလာနေရတဲ့ စာဖတ်ပရိတ်သတ်အတွက် အပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကို သတိပြုမူစေနိုင်ဖို့‌ ဒီဆောင်းပါးကို ရည်ရွယ်ပါတယ် ။

အပူဒဏ်ကြောင့် အန္တရာယ်ရှိတဲ့  ကြွက်တက်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ ‌အပူကြောင့် သတိလစ်ခြင်း တွေဖြစ်တတ်ပါတယ် ။ အထူးသဖြင့် မြန်မာနွေက ပိုမိုပူပြင်းတတ်တဲ့အတွက်  သက်ကြီးရွယ်အို ၊ ကလေးသူငယ်များအဝလွန်သူများနဲ့ အရက်သောက်တဲ့လူတွေကို ပိုမို ဂရုစိုက်ဖို့ လိုအပ်ပါတယ် ။

အပူဒဏ်ကြောင့် မောပန်းနွမ်းနယ်ခြင်းရဲ့ လက္ခဏာတွေက

  • ကြွက်တက်ခြင်း
  • မူးဝေခြင်း
  • အသက်ရှူမြန်ခြင်း၊ နှလုံးခုန်နှုန်း မြန်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ဂနာမငြိမ်ဖြစ်ခြင်း
  • ရေအလွန်ငတ်ခြင်း
  • အသားအရည် ဖြူဆုတ်သွားခြင်း
  • ချွေးအထွက်လွန်ပြီး မေ့လဲခြင်းတွေ ဖြစ်တတ်ပါတယ် ။

ဒီထက်ဆိုးတဲ့ အခြေအနေကတော့ အပူကြောင့် သတိလစ်ခြင်းဖြစ်ရင်တော့ အပေါ်က လက္ခဏာတွေအပြင်

  • ကိုယ်ပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်ထက် တက်ခြင်း
  • ကယောင်ကတမ်းဖြစ်ခြင်း
  • သတိ‌မေ့မြောခြင်း
  • သွေးခုန်နှုန်း ကျသွားခြင်း
  • တက်ခြင်း
  • အရေပြား ခြောက်သွေ့ခြင်းတွေ ဖြစ်တတ်ပါတယ် ။

ဒီအခြေအနေတွေက အရေးပေါ် ကုသမှုခံယူရမယ့် အခြေအနေဖြစ်တဲ့အတွက် ဆေးရုံကို အမြန်ဆုံးပြေးဖို့ လိုအပ်ပါမယ် ။ လမ်းမှာ လူနာက သတိလစ်ခြင်း အန်ခြင်းတွေ ဖြစ်နေရင်တော့ ရေမတိုက်သင့်ပါဘူး ။  အဖျော်ယမကာ နဲ့ ကဖင်းဓါတ်ပါတဲ့ အရည်တွေကိုလည်း ရှောင်သင့်ပါတယ် ။

အပူကြောင့် ကြွက်တက်သူတွေအနေနဲ့

  • အရိပ်ရတဲ့နေရာမှာ နေထိုင်ပါ
  • ကြွက်တက်နေတဲ့ နေရာကို အနည်းငယ်နှိပ်နယ်ပေးခြင်း ၊ ကြွက်သားဖြေလျှော့ခြင်းတွေ လုပ်ပါ
  • sport drink သို့မဟုတ် ရေအေးအေးကို ၁၅မိနစ် တစ်ကြိမ်ခန့်သောက်ပါ

အပူဒဏ်ကြောင့် ပင်ပန်းနေတဲ့လူနာတွေကို

  • အရိပ်ရပြီး အေးတဲ့နေရာမှာ နေထိုင်စေခြင်း
  • အဝတ်အစား ချောင်ချိအောင် ပြုလုပ်ခြင်း
  • မျက်နှာ ၊လည်ပင်း၊ ရင်ဘတ်နဲ့ ခြေလက်တွေကို ရေပတ်တိုက်ပေးခြင်း
  • ကိုယ်အေးအောင် ယပ်တောင်ခပ်ပေးခြင်း
  • ရေအေးအေးကို ၁၅မိနစ် တခါသောက်ပေးစေခြင်းတွေကို ပြုလုပ်သင့်ပါတယ် ။

အပူကြောင့် သတိလစ်ခြင်းကတော့ အသက်အန္တရာယ်ရှိတဲ့အတွက် ဆေးရုံကို အမြန်ပြေးရပါမယ် ။ လမ်းမှာ

  • လူနာကို အဝတ်အစား ချောင်ချိတာ ဝတ်စေခြင်း
  • ချွေးထွက်နေတဲ့ အဝတ်စိုမှန်သမျှ ဖယ်ခြင်း
  • မျက်နှာ ၊လည်ပင်း၊ ရင်ဘတ်နဲ့ ခြေလက်တွေကို ရေပတ်တိုက်ပေးခြင်း
  • ချိုင်းကြား ပေါင်ကြားများ ရေခဲကပ်ပေးခြင်း
  • ယပ်တောင် ခပ်ခြင်း
  • လူနာသတိရနေလျှင် ရေ‌အေးအေး တိုက်ပေးခြင်းတွေ ပြုလုပ်သင့်ပါတယ် ။

အပူကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့အတွက်

  • အနားယူပါ
  • အဝတ်အစား အရောင်ဖျော့‌ဖျော့ ချောင်ချောင်ချိချိ အဝတ်တွေ ဝတ်ပါ
  • ရေများများသောက်ပြီး
  • အရက်ကို ရှောင်ရှားဖို့ တိုက်တွန်းပါရစေ

ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အဝတ်အထည်၊ ပိုက်ဆံနဲ့ အိမ်မွေးတိရစ္ဆာန်တွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ

ကိုရိုနာဗိုင်းရပ်စ် ဟာ အဝတ်အထည်၊ စက္ကူ၊ ပိုက်ဆံတွေနဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ အမွေးတွေမျာ ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ကိုဗစ်ဆေးရုံကြီးများသို့ ဆေးလိပ်နဲ့ အရက်ယူဆောင်လာခွင့်မပြုပါ။ ခိုးဝှက်ပြီးလည်း မယူလာရပါ။ အောက်ဆီဂျင်ပိုက်လိုင်းများရှိသည့်အတွက် အလွယ်တကူမီးလောင်နိုင်ပါသည်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 21, 2020 . 3 mins read

အရေပြားကျန်းမာရေးနှင့် ရောဂါများ

အရေပြားကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားခံတပ်ဖြစ်တဲ့အတွက် တတ်နိုင်သမျှ ရောဂါမဝင်အောင် သတိထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
အရေပြားရောဂါ, ကျန်းမာရေးစင်တာ အောက်တိုဘာ 14, 2020 . 4 mins read

ရင်သားထွားထွား ရောဂါများများ

ရင်သား ကြီးမှ ဆွဲဆောင်မှု ရှိတာ၊ မိန်းကလေးဆိုတာ ရင်သားပြည့်မှ လှတယ်ဆိုတဲ့ အယူအဆတွေကို လက်ခံထားတုန်းပဲလား........ ရင်သားကြီးတာကို သဘောကျတာများပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 19, 2020 . 2 mins read
ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။

ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 17, 2020 . 2 mins read
သွားပိုးဝင်ရာမှ ကိုယ်ခန္ဓာအခြားနေရာများသို့ ပျံ့နှံ့ခြင်း

သွားပိုးဝင်ရာမှ ကိုယ်ခန္ဓာအခြားနေရာများသို့ ပျံ့နှံ့ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 12, 2020 . 2 mins read
ဓာတ်မတည့်ခြင်း

ဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 5, 2020 . 3 mins read