ဖရုံစေ့လှော်က ဆေးဖက်ဝင်တယ်ဆို ဘယ်လိုမျိုးလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ပိစိလေးမို့ အထင်မသေးလိုက်ပါနဲ့။ ဖရုံစေ့ဆိုတာ အရွယ်အစားနဲ့မလိုက်အောင် အကျိုးကျေးဇူးများတဲ့ အစားအစာတစ်ခုပါနော်။ သူ့မှာ တန်ဖိုးကြီးတဲ့အာဟာရဓါတ်တွေအပြည့်ပါနေတာပါတဲ့။ နည်းနည်းလောက်ပမာဏကိုပဲ မကြာမကြာစားပေးရင် ကျန်းမာရေးအတွက် အကျိုးပြုအဆီဓါတ်တွေ၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓါတ်တွေကို အတော်များများရရှိနိုင်ပါလိမ့်မယ်။ ဒါက ဥပမာလောက်ပါပဲ၊ နောက်ထပ် ဘယ်လိုတွေဆေးဖက်ဝင်တာလဲဆိုတာကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး…

အာဟာရဓါတ်တွေ ကြွယ်ဝတယ်

ဖရုံစေ့မှာ အပင်ကရရှိတဲ့မပြည့်ဝဆီ(polyunsaturated fatty acids)တွေ၊ ဗီတာမင် B2 နဲ့ ဖောလိတ်ဓါတ်တို့လို အကျိုးပြုအာဟာရဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ကာရိုတီးနွိုက်နဲ့ ဗီတာမင် E တို့လို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်မှုလည်းများပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်တွင်းဆဲလ်တွေကို free radicals တွေရန်က ကာကွယ်ပေးပြီး ကင်ဆာတွေကိုကာကွယ်ပေးပါတယ်။

ဆီးကျိတ်နဲ့ ဆီးအိမ်ကျန်းမာရေးအတွက်ကောင်းတယ်

ဖရုံစေ့က ဆီးကျိတ်ရောင်ခြင်းကို လက္ခဏာတွေလျော့ပါးသက်သာစေတယ်လို့ သုတေသနတွေ့ရှိချက်တွေ ထွက်ပေါ်ထားပါတယ်။ နောက်ထပ်လေ့လာတွေ့ရှိချက်တွေအရလည်း ဖရုံစေ့က ဆီးအိမ်လုပ်ဆောင်ချက်လွန်ကဲခြင်းကို ကုသပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။

မဂ္ဂနီဆီယမ်ကြွယ်ဝတယ်

ဖရုံစေ့မှာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ မဂ္ဂနီဆီယမ်ကြွယ်ဝပါတယ်။ သွေးဖိအား၊ နှလုံးကျန်းမာရေး၊ အရိုးကျန်းမာရေးထိန်းသိမ်းမှု၊ သွေးတွင်းသကြားဓာတ်တို့နဲ့ပတ်သက်ပြီး မဂ္ဂနီဆီယမ်ပမာဏ အလုံအလောက်ရရှိဖို့ အရေးကြီးပါတယ်။

နှလုံးကျန်းမာရေးအတွက်ကောင်းတယ်

ဖရုံစေ့မှာ နှလုံးကျန်းမာစေဖို့ အထောက်အကူပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ မဂ္ဂနီဆီယမ်၊ ဇင့်နဲ့ အကျိုးပြုအဆီဓာတ်တွေ ပါဝင်မှုများပါတယ်။ လေ့လာမှုတွေအရ ဖရုံစေ့က သွေးတိုးကျစေပြီး အကျိုးပြုကိုလက်စထရောဓာတ်တွေကို တိုးစေတယ်လို့ တွေ့ရပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတယ်

လက်တစ်ဆုပ်စာ ဖရုံစေ့ပမာဏမှာ အမျှင်ဓာတ် ၁.၁ ဂရမ် ပါဝင်နိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် နှလုံးရောဂါ၊ အမျိုးအစား ၂ဆီးချိုရောဂါ၊ အဝလွန်ခြင်းတို့ကိုဖြစ်နိုင်ခြေလျော့နည်း စေနိုင်ပါတယ်။

မျိုးအောင်နိုင်စွမ်း ပိုကောင်းစေတယ်

ဇင့်ဓာတ်ချို့တဲ့ခြင်းက အမျိုးသားတွေမှာ သုက်ပိုးအရည်အသွေးကျဆင်းစေပြီး သားသမီးရနိုင်စွမ်း နည်းစေနိုင်ပါတယ်။

ဖရုံစေ့မှာ ဇင့်ဓာတ်ပါဝင်မှုမြင့်မားတဲ့အတွက် မျိုးအောင်နိုင်စွမ်းပိုများစေပါတယ်။ ကျားဟော်မုန်းကို အထောက်အပံ့ပေးတဲ့ တခြားအာဟာရဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝပါသေးတယ်။

အိပ်ပျော်စေတယ်

ညအိပ်မပျော်နိုင်ဖြစ်နေရတယ်ဆိုရင် မအိပ်ခင် ဖရုံစေ့နည်းနည်းစားကြည့်ပါ။ သူ့မှာ အိပ်စက်ခြင်းကို အထောက်အကူပေးနိုင်တဲ့ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ tryptophan ပါဝင်ပါတယ်။ တစ်နေ့ကို tryptophan ၁ ဂရမ် စားသုံးခြင်းက ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်လို့ သိရပါတယ်။ ဇင့်၊၊ tryptophan၊ နဲ့ မဂ္ဂနီဆီယမ်တို့စုံတဲ့ အရင်းအမြစ်တစ်ခုဖြစ်တဲ့အတွက် အိပ်စက်ခြင်းအတွက် ကောင်းကျိုးပေးနိုင်တာ သေချာပါတယ်။

အစေ့အဆန်ဆိုပြီး နိုင်ငံခြားကလည်းမှာစရာမလိုဘူး၊ ကိုယ့်ပြည်တွင်းမှာပဲ အလွယ်တကူရနိုင်တဲ့ ရတနာလေးပါပဲ။ တခါတည်းအများကြီးတော့မစားနဲ့ပေါ့။ မကြာမကြာ ထိုက်သင့်သလောက်စားပေးရင်ပဲ ဒီအကျိုးကျေးဇူးတွေကို ရရှိနေမှာပါနော်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Read also:

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပြောင်းဖူးမွှေးရဲ့ ဆေးဖက်ဝင်ပုံက

ပြောင်းဖူး ဆေးဖက်ဝင် ပြောင်းဖူးမွှေး အပင်ဒြပ်ပေါင်း ဆီးလမ်းကြောင်း ပိုးဝင်တာ ကိုယ်တွင်းက အဆိပ်အတောက်တွေနှလုံး ထိခိုက်တာ ကျန်းမာရေးပြဿနာ ထိခိုက်ဒဏ်ရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အမျှင်ဓာတ်အကြောင်း သိသင့်သမျှ

အမျှင်ဓာတ် အာဟာရဓာတ် အစာအိမ်အူလမ်းကြောင်း သတ္တုဓာတ် ကိုယ်အလေးချိန် ဗိုက်ကယ်ခြင်း သံဓာတ် သရေစာ ရေများများသောက်ပါ အစားအစာ စားသုံးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက်ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား………..

မျှစ် ချဉ်ပြုံးပြုံးအရသာ ငါး ငရုတ်သီး ကျန်းမာရေး သတ္တုဓာတ် ကယ်လ်ဆီယမ် အာဟာရဓာတ် ဗီတာမင် C သံဓာတ် ဗီတာမင် A ချဉ်ပေါင်ရွက် ဆေးဖက်ဝင် အအေးမိ၊ ဖျားနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ဆိုင်ကယ်မောင်းခြင်းက ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာ သင်သိပါသလား

Gym စိတ်ကျန်းမာရေး ဦးနှောက်စွမ်းရည် နှလုံးကျန်းမာရေး စက်ဘီးစီးခြင်း ကယ်လိုရီ အန်ဒိုဖင် စိတ်ဖိစီးမှု ကာယလေ့ကျင့်ခန်း ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

Mulberries ကပေးတဲ့ ကျန်းမာရေး

Mulberries ကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 2, 2020
ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး

ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020
သင့်ကိုယ်ခန္ဓာထဲက အစာခြေအင်ဇိုင်းများအကြောင်း

သင့်ကိုယ်ခန္ဓာထဲက အစာခြေအင်ဇိုင်းများအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020
ခန္ဓာကိုယ် အပူချိန်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် အစားအစာ (၅) မျိုး

ခန္ဓာကိုယ် အပူချိန်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် အစားအစာ (၅) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020