backup og meta

Gymဆော့ အပြီး ရေချိုးခြင်းရဲ့ ကောင်းကျိုးများနှင့် ရေချိုးဖို့အချိန်မရတဲ့အခါ လုပ်ဆောင်သင့်တဲ့ အချက်များ။

Gymဆော့ အပြီး ရေချိုးခြင်းရဲ့ ကောင်းကျိုးများနှင့် ရေချိုးဖို့အချိန်မရတဲ့အခါ လုပ်ဆောင်သင့်တဲ့ အချက်များ။

ကိုယ်ရောစိတ်ပါ ကျန်းမာ၊ ပျော်ရွှင်ဖို့ လူတိုင်းလူတိုင်း ကိုယ်လက်လေ့ကျင့်ခန်းကို လုပ်ဆောင်သင့်ပါတယ်။ တချို့က Gymဆော့ ပြီး ခန္ဓာကိုယ်ကို fit ဖြစ်အောင် exercises အမျိုးမျိုးလုပ်ကြတယ်။ တချို့က အိမ်မှာပဲ လေ့ကျင့်ခန်းတွေလုပ်တယ်။ တချို့က ပြေးတယ်၊ လမ်းလျှောက်တယ်၊ ကခုန်တယ်၊ ဘောလုံးကန်တယ် စသဖြင့် ကိုယ်ကြိုက်နှစ်သက်တဲ့ အားကစားတွေ လုပ်ကြပါတယ်။

ဘယ်လိုနည်းနဲ့ပဲ workout လုပ်လုပ်၊ လုပ်ပြီးတဲ့အခါမှာ နာနေတဲ့ ကြွက်သားလေးတွေ ပြေလျော့ဖို့၊ ချွေးတွေထွက်ပြီး ညစ်ပတ်နေတဲ့ ခန္ဓာကိုယ်ကို သန့်ရှင်းစေဖို့ ရေချိုးကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ workout လုပ်အပြီးမှာ ရေချိုးခြင်းဟာ ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုတယ်ဆိုတာနဲ့ လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးဖို့ အချိန်မရတဲ့အခါ ဆိုးကျိုးတွေမဖြစ်အောင် ဘာတွေလုပ်ဆောင်သင့်တယ်ဆိုတဲ့ အချက်တွေကို ပြောပြပေးသွားပါမယ်။

လေ့ကျင့်ခန်းလုပ်အပြီး ရေချိုးခြင်းရဲ့ ကောင်းကျိုးတွေကို မပြောပြခင်မှာ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းမှာ ချက်ချင်းရေချိုးချလိုက်တာမျိုး မလုပ်မိစေဖို့ အရင် သတိပေးပါရစေ။ အထူးသဖြင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်ပြီး ရေမချိုးခင်မှာ cool down period လေးရှိဖို့လိုအပ်ပါတယ်။

Cool down period ဆိုတာကတော့ ဥပမာ ပြေးတာလိုမျိုး ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်ပြီးပြီးချင်းမှာ အပူတွေ၊ ချွေးတွေအများကြီးထွက်ပြီး၊ နှလုံးခုန်နှုန်းတွေလည်း မြန်နေတဲ့ အခြေအနေကို ဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ်အောင် အနားယူဖြေလျော့တဲ့အချိန်ကို ခေါ်ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ၊ အကြောလျှော့လေ့ကျင့်ခန်းလေးတွေ လုပ်နိုင်ပါတယ်။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်နေလို့ ပုံမှန်ပြန်ဖြစ်သွားတဲ့ အချိန်မှာရေချိုးနိုင်ပါတယ်။

Gymဆော့ အပြီး ရေချိုးခြင်းဟာ

၁။ ပင်ပန်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။

အထူးသဖြင့် လေ့ကျင့်ခန်းလုပ်အပြီး ရေအေးလးနဲ့ ချိုးမယ်ဆိုရင် တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့သက်သာစေနိုင်ပါတယ်။

၂။ တွယ်ကပ်လာနိုင်တဲ့ ဘက်တီးရီးယားပိုးတွေကို ရှင်းထုတ်ပေးနိုင်ပါတယ်။

အထူးသဖြင့် gym လိုမျိုး အလုံပိတ်အခန်းတွေထဲ အခြားသူတွေနဲ့ workout လုပ်တဲ့အခါ သင့်ရဲ့ အရေပြားမှာ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားလာတာ၊ ကပ်ပါလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ဆပ်ပြာတိုက်ပြီး ရေချိုးချလိုက်မယ်ဆိုရင် ချွေးတွေ၊ cell အသေတွေ၊ ပိုးမွှားတွေကို ဖယ်ရှားပြီးသားဖြစ်သွားမှာပါ။

၃။ ချွေးပေါက်တွေ မပိတ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ ခန္ဓာကိုယ်က ချွေးတွေထွက်လာဖို့အတွက် ချွေးပေါက်တွေ ပွင့်လာရပါတယ်။ တကယ်လို့ လေ့ကျင့်ခန်းလုပ်အပြီးမှာ ရေမချိုးလိုက်ဘူးဆိုရင် အဲဒီချွေးပေါက်တွေကို ဆဲလ်သေတွေ၊ ကျန်နေတဲ့ ချွေးစေးတွေနဲ့ ပိတ်သွားပြီး ဝက်ခြံတွေ၊ အဖုအပိန့်တွေ ဖြစ်လာနိုင်ပါတယ်။

၄။ ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။

လေ့ကျင့်ခန်းတွေပုံမှန်လုပ်ပြီး ရေချိုးခြင်းဟာ ကိုယ်ခံအားကိုလည်း ပိုမိုကောင်းမွန်စေတယ်လို့ လေ့လာချက်တစ်ခုက ပြောထားပါတယ်။

Gym ဆော့ အပြီး ရေချိုးဖို့ အချိန်မရတာမျိုး၊ ချက်ချင်း ရေချိုးဖို့ အဆင်မပြေသေးတဲ့ အခြေအနေမျိုးဆိုရင်

ဒါဆိုရင်တော့ အောက်ပါအချက်တွေကို လုပ်ပေးပါ။

၁။ ပိုးသေစေနိုင်တဲ့ဆပ်ပြာနဲ့ လက်ကိုသေချာဆေးပါ။ အထူးသဖြင့် gym မှာ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ အခြားသူတွေနဲ့ မျှသုံးတဲ့ ပစ္စည်းတွေကနေ ပိုးမွှားတွေ လက်မှာကပ်ပါလာနိုင်တာကြောင့် အရင်ဆုံးလက်ကို သေချာဆေးရပါမယ်။ ရေနဲ့ ဆပ်ပြာ မရနိုင်ရင် လက်သန့်ဆေးရည် သုံးနိုင်ပါတယ်။

၂။ သန့်စင်၊ ခြောက်သွေ့တဲ့ သဘက်(သို့) အဝတ်လေးနဲ့ ချွေးတွေအားလုံးကို စင်အောင်သုတ်ပါ။

၃။ ချွေးတွေ သုတ်ပြီးတဲ့အခါ ပိုးသေစေနိုင်တဲ့ anti-bacterial wipes လိုမျိုး wet tissue လေးတွေနဲ့ ချွေးအထွက်များထားတဲ့နေရာလေးတွေကို သန့်စင်ပေးပါ။

၄။ မျက်နှာမှာ နီရဲနေတာတွေ၊ ဝက်ခြံတွေမဖြစ်အောင် ရေဓာတ်ဖြည့်ပေးနိုင်တဲ့ wipes လေးတွေနဲ့ မျက်နှာတစ်ခုလုံးနဲ့ ချွေးတွေစုနေနိုင်တဲ့ မေးစေ့၊ လည်ပင်းစတဲ့နေရာတွေကို သေချာသန့်စင်ပေးနိုင်ပါတယ်။ မျက်နှာသစ်ဖို့ အဆင်ပြေရင် သစ်လိုက်ပါ။

၅။ အဝတ်အစားလဲပါ။

အားလုံးသန့်စင်ပြီးတဲ့အခါ ချွေးစိုနေတဲ့ အတွင်းခံတွေ အပါအဝင်၊ အဝတ်အစားတွေ အားလုံးကို သက်သောင့်သက်သာရှိစေမယ့် သန့်ရှင်းတဲ့ အဝတ်အစားတွေနဲ့လဲပေးသင့်ပါတယ်။

ဒီဆောင်းပါးလေးကနေ  စာဖတ်သူကို ပိုမိုကျန်းမာစေမယ့် အလေ့အကျင့်ကောင်းလေးတွေ ရစေနိုင်မယ်လို့ ယုံကြည်ပါတယ်။

ရေးသားသူ – Khine Phoo Ngon

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://medlineplus.gov/benefitsofexercise.html

https://medlineplus.gov/howmuchexercisedoineed.html

 

ယခုပုံစံ

24/02/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Gym သွားတဲ့အခါ သတိထားကြဖို့

Gym ဆော့ရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား၊ အလွဲသက်သက်လား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement