ဆူရှီကို မှန်မှန်ကန်ကန် ဘယ်လို စားကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
Share now

သင်သိပါသလား။ ဆူရှီတွေကို လက်နဲ့ ကိုင်စားတာကမှ မှန်ကန်တဲ့ နည်းလမ်းဆိုတာ။ နောက်တာ မဟုတ်ပါဘူး။ အတည်ပြောတာပါ။ ဆူရှီတွေဟာ ပြုလုပ်သူ စားဖိုမှူးတွေရဲ့ အနုပညာ လက်ရာတစ်ခုလို့ ဂျပန်တွေက သတ်မှတ်ထားတာပါ။ ဒီ အငွေ့အသက်လေးတွေ မပျောက်ပျက်သွားဖို့ ဆူရှီ (Maki နဲ့ Nigiri) စားတော့မယ်ဆိုရင် လက်ချောင်းလေးတွေနဲ့သာ ယူစားတာက ဂျပန်ရဲ့ ရိုးရာပါပဲ။ ဆာရှိမိ နဲ့ ချင်း (ဂျင်း) ကိုတော့ တူနဲ့ ယူစားလို့ ရပါတယ်။ ကဲ.. ဒါဆို မှန်မှန်ကန်ကန် ဆူရှီ ဘယ်လိုစားမလဲဆိုတာလေးတွေကို အတူတူ လေ့လာကြရအောင်။

၁။ တူကို မပွတ်ပါနဲ့။

တူနဲ့ စားမယ်ဆိုရင် အိတ်ကလေးထဲက ထုတ်ပြီး အမှုန်အမွှားတွေ ကင်းစင်အောင် တူနှစ်ချောင်းကို ပွတ်တတ်တဲ့ အကျင့်ရှိရင် ဂျပန်ဆိုင်တွေမှာတော့ ဒီ အကျင့်ကို ဖျောက်လိုက်ပါ။ ဒီလို ပွတ်တာက တူရဲ့ အရည်အသွေး မကောင်းတာကြောင့် လုပ်ရတာဖြစ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။

၂။ Soy sauce ကို နည်းနည်းသာ ထည့်ပါ။

ခွက်ထဲ Soy sauce တွေ ထည့်တဲ့အခါ အားကြီးနဲ့ အများကြီး လောင်းမထည့်လိုက်ပါနဲ့။ နည်းနည်းသာ ထည့်ပါ။ အများကြီး ထည့်လိုက်ခြင်းက မြည်းမကြည့်ရသေးပါဘဲ ငါးက အရသာမရှိလို့၊ မလတ်တော့လို့ Soy sauce ကူရတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်တာကြောင့် ဂျပန်ရိုးရာမှာတော့ ဒါကို ရိုင်းတယ်လို့ သတ်မှတ်ပါတယ်။

၃။ Soy sauce ခွက်ထဲကို Wasabi (ဝါဆာဘိ) တွေ မထည့်ပါနဲ့။

အမှန်တော့ အလွယ်လိုက်တာပေါ့နော်။ ဝါဆာဘိ နဲ့လည်း တို့ရမယ်။ Soy sauce နဲ့လည်း တို့ရမယ်ဆိုတော့ ပိုလွယ်သွားအောင် Soy sauce ထဲ ဝါဆာဘိ ထည့်လို့ မရဘူးလား။ အရသာလည်း ပိုကောင်းတယ်လေလို့ တွေးကြမှာပေါ့နော်။ ဒါပေမဲ့ ဒီလို စားတာက မှန်ကန်တဲ့ နည်းလမ်းတော့ မဟုတ်ပါဘူးနော်။

မှန်မှန်ကန်ကန် ဘယ်လို စားရမလဲဆိုတော့…

၄။ ဆူရှီကို ယူတဲ့အခါ ငါးကို အောက်မှာထားပါ။

လက်နဲ့ပဲ ယူယူ၊ တူနဲ့ပဲ ယူယူပါ။ ပန်းကန်ထဲက ဆူရှီကတော့ ငါးကို အပေါ်မှာ တင်ထားတာ ဖြစ်ပေမဲ့ စားဖို့ ယူတဲ့အခါ အရင် လှဲချလိုက်ပြီး ငါးကို Soy sauce နဲ့ တို့ပါ။ ဝါဆာဘိ ထည့်ချင်တယ်ဆိုရင်တော့ ဝါဆာဘိ နည်းနည်းကို ငါးပေါ်မှာ သုတ်ပြီး Soy sauce နဲ့ တို့ပါ။ Soy sauce ထဲ ထမင်းဘက်ခြမ်းနဲ့ မနှစ်လိုက်နဲ့နော်။ ငါးဘက်ပါတဲ့ အခြမ်းနဲ့ နည်းနည်းလေး တို့ပြီး ပါးစပ်ထဲ ထည့်ရာမှာလည်း ငါးပါတဲ့ ဘက်ကို အောက်မှာထားပြီး ထည့်ပါ။ ဒါမှ ငါးရဲ့ လတ်ဆတ်တဲ့ အရသာကို အရင်ရပြီး နောက်ပိုင်းမှအရသာအားလုံး သမမျှတလာမှာပါ။

၅။ ချင်း(ဂျင်း)ကို ငါးပေါ် တင်မစားပါနဲ့။

ချင်းကို ထားပေးတဲ့ ရည်ရွယ်ချက်က တစ်ခုနဲ့ တစ်ခုကြားမှာ အရသာမရောသွားဘဲ ခံတွင်း ရှင်းစေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ပါးစပ်ထဲက ဆူရှီတွေ ဝါးလို့ ကုန်ပြီဆိုတော့မှ ချင်းကို စားပါ။ ချင်းကုန်သွားရင် ထပ်တောင်းလို့ ရပါတယ်နော်။

၆။ ဆူရှီတစ်ခုကို တစ်လုတ်တည်း အပြီးစားပါ။

အပေါ်မှာ ပြောခဲ့သလို ဆူရှီဟာ စားဖိုမှူးတွေရဲ့ အနုပညာပါ။ သူတို့တွေက လူတစ်ယောက် စားနိုင်မယ့် ပမာဏ၊ ပါးစပ်ထဲ ဝင်နိုင်မယ့် ပမာဏကို ချိန်ဆပြီး တစ်လုတ်စာလေးတွေ လုပ်ထားတာမို့ တစ်လုတ်တည်း အပြီးစားမှသာ စားဖိုမှူးကို လေးစားရာ ကျပါတယ်။ တစ်လုတ်တည်း မစားနိုင်လို့ အရမ်းကြီးနေတယ်ဆိုရင် သူတို့ကို ပြင်ပေးဖို့ အကူအညီတောင်းလို့ ရပါတယ်။

ဒါကတော့ မှန်ကန်တဲ့ ဆူရှီစားနည်းလေးတွေပါပဲ။ အရသာရှိရှိ စားနိုင်ပြီး ကျန်းမာရွှင်လန်းနိုင်ကြပါစေ။

Wathun Myet Chal

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နှင်းခူရှိသူတွေအတွက် စားသောက်မှုပုံစံ

နှင်းခူ ပြင်းထန်တဲ့ အရေပြားပြဿနာတွေထဲက တစ်ခုပေါ့။ နေထိုင်စားသောက်မှုက နှင်းခူအပေါ်မှာ အများ​ကြီး သက်ရောက်နေပါတယ်။ သေချာဂရုစိုက်သင့်တဲ့ အရေပြားပြဿနာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Covid-19 ကူးစက်ခံရသူမှာ ရောဂါလက္ခဏာလုံးဝမပြတာရော ဖြစ်နိုင်လား

Covid-19 Mask Swab Test ဗိုင်းရပ်စ် ကပ်ဘေး ကပ်ရောဂါ ချောင်းဆိုး ချောင်းခြောက် အသက်ရှူကြပ် အနံ့ အရသာ ကိုယ်ခံအား ရောဂါပိုး လက္ခဏာ အဆုတ် အသက်ကြီးသူ မိသားစု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဘေဘီလေး သွေးအားမနည်းစေဖို့ ဘာတွေ ပြင်ဆင်ကျွေးမွေးမလဲ။

သွေးအားနည်းတာက လူကြီးတွေမှာမှ မဟုတ်ပါဘူး။ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ သွေးအားနည်းရတဲ့ အဓိက အကြောင်းအရင်းကတော့ စားသုံးမှုမှာသံဓာတ် ပါဝင်မှု နည်းနေလို့ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Stay at Home မှာ အထီးမကျန်စေဖို့ဆိုရင်

မြို့နယ်အများအပြားမှာ Stay at Home အစီအစဉ်နဲ့ နေအိမ်ထဲမှာသာ နေထိုင်ကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ အိမ်ထဲမှာနေနေရတာက ပျင်းရိငြီးငွေ့ဖွယ်ကောင်းတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ

ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
ကိုဗစ်ကာလမှာ ဘယ်လို သားဆက်ခြားမယ် စိတ်ကူးလဲ။

ကိုဗစ်ကာလမှာ ဘယ်လို သားဆက်ခြားမယ် စိတ်ကူးလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
ဆူရှီတွေက ကျန်းမာရေးအတွက် တကယ်ကောင်းရဲ့လား

ဆူရှီတွေက ကျန်းမာရေးအတွက် တကယ်ကောင်းရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆူရှီကို ဘယ်လို စားကြမလဲ

ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆူရှီကို ဘယ်လို စားကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read