ဆူရှီစားဖူးတယ်ဟုတ်။ ဆူရှီမှာ ဆန်စေးစေးလေးကို အရသာဝင်အောင်နယ်ထားပြီးရေညှိလေးနဲ့ပတ်ထားပါတယ်။ အပေါ်ကနေတော့ ဆယ်လ်မွန်အသားလွှာ၊ တူနာ နဲ့ မက်ကာရယ်ငါးတွေကိုတင်ထားပါတယ်။ ဆူရှီလှလှလေးတွေကို ဝါဆာဘီ အနှစ်ရယ်၊ ပဲငံပြာရည်ရယ်၊ အချဉ်စိမ်ထားတဲ့ ချင်း အလွှာလေးတွေနဲ့စားရတာပါ။ မရောနိစ်နဲ့ တွဲဖက်စားတာမျိုးလည်းရှိပါတယ်။ခြုံပြီးကြည့်လိုက်ရင် ဆူရှီမှာပါတဲ့ အမယ်တွေက ကျန်းမာရေးနဲ့တော်တော်လေးညီညွတ်တာပါ။
ဆီးချိုရှိရင်ရော ဆူရှီစားလို့ရလား
ဆီးချိုရှိတယ်။ ဆူရှီလည်းစားချင်တယ်။ တည့်ပါ့မလားလို့တွေးနေသူတွေကို မစားဖို့ပြောပါရစေနော်။ ဆူရှီက ကျန်းမာရေးအတွက် ညီညွတ်တဲ့ အစားအစာဆိုတာ မှန်ပေမယ့် ဆူရှိလုပ်ရာမှာ သုံးတဲ့ ဆန်ကစေးကပ်မှုများတာကြောင့်သွေးတွင်းအချိုဓာတ်ကိုမြင့်တက်စေနိုင်ပါတယ်။ ဆူရှီမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုကလည်းတော်တော်လေးများပါတယ်။ ဆီးချိုရှိသူတွေအတွက် ကာဗိုဟိုက်ဒရိတ်အရမ်းများတဲ့ စားစရာတွေက ဆီးချိုသမားတွေအတွက်လုံးဝမသင့်တော်ဘူးဆိုတာကတော့ အထွေအထူးပြောနေဖို့ မလိုအောင် သိထားပြီးဖြစ်မှာပါ။
ဆူရှီတစ်ပွဲစာမှာ ကယ်လ်လိုရီ ၂၀၀ ကနေ ၅၀၀ အထိပါဝင်နေပါတယ်။ တစ်ပွဲစာမှာပါတဲ့ ဆူရှီ အရေအတွက်နဲ့ အရွယ်အစားကိုလိုက်ပြီးတော့ ကယ်လ်လိုရီ ကွာခြားချက်တော့ရှိနိုင်ပါတယ်။ ပုံမှန်အတိုင်းလုပ်နေတဲ့ ဆူရှီတွေမှာက ဆား၊ သကြား၊ ဗီနီကာ၊ ပဲငံပြာရည်တွေအပြင် ဆန်စေးစေးတို့မျာပါတဲ့ ကာဗိုဟိုက်ဒရိတ်တွေကြောင့် ဆီးချိုရှိသူတွေစားသုံးဖို့က တကယ့်ကို မသင့်တော်ပါဘူးနော်။ ဒါတွေအပြင်ဆူရှီဆိုင်သွားထိုင်တဲ့အခါ ဆီးချိုသမားတွေအနေနဲ့ ကယ်လီဖိုးနီးယား နဲ့ တန်ပူရာတို့ကိုလည်း မစားသင့်ပါဘူး။ ကာဗိုဟိုက်ဒရိတ်ရော အဆီရောပါဝင်မှုများနေတာကြောင့်ပါနော်။ ပဲငံပြာရည်ထဲကို အကြိုက်နှစ်ပြီးစားတာမျိုးလည်း မလုပ်သင့်ပါဘူးနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။