backup og meta

နာနတ်သီးဖျော်ရည် သောက်ပေးခြင်းရဲ့ အာဟာရတန်ဖိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာနတ်သီးဖျော်ရည် သောက်ပေးခြင်းရဲ့ အာဟာရတန်ဖိုး

    နာနတ်သီးဆိုတာ အပူပိုင်းဒေသတွေနဲ့ ကမ်းခြေ အများစုမှာ အဓိက စားသုံးတဲ့ ဒေသ အစားအစာပါ။ အသီးအနေနဲ့ရော၊ ဟင်းချက်တဲ့ အခါ၊ ဖျော်ရည် အဖြစ် မျိုးစုံ စားသုံးနိုင်ပါတယ်။ သူ့ရဲ့ အရသာက ချဉ်ချဉ်လေးမို့ ခံတွင်းပျက်နေသူတွေအတွက်လည်း အစာစားချင်စိတ်ကို ဖြစ်စေတယ်။ ခံတွင်းရှင်းစေတယ်။ အစားအစာမှာ ထည့်ချက်ရင်လည်း အညှီနံ့ပျောက်ပြီး မွှေးရနံ့ သင်းပျံ့တာမို့ ကလေးတွေလည်း ကြိုက်ကြတယ်နော်။ ခုဆောင်းပါးကတော့ သဘာဝအတိုင်း ကြိတ်ထားတဲ့ နာနတ်သီးဖျော်ရည်ရဲ့ ကောင်းကျိုးတွေကို ပြောပြပေးမှာဖြစ်လို့ နာနတ်သီး ချစ်သူတွေလည်း စိတ်ဝင်စားနေမယ်လို့ မျှော်လင့်မိပါတယ်။

    ၁။ အာဟာရတန်ဖိုး ပေါကြွယ်ဝတယ်။

    တခြားသော အရည်ရွှမ်းပြီး အချဉ်ဓာတ် အရသာရှိတဲ့ အသီးတွေလိုပဲ၊ နာနတ်သီးကို ကြိတ်ပြီး ဖျော်ရည်သောက်လို့ အာဟာရဓာတ်တွေ အများအပြား ရနိုင်ပါတယ်။ ဒီအာဟာရဓာတ်တွေထဲမှာ ဗီတာမင် ဘီ စစ်၊ ဗီတာမင် စီ၊ ဖောလစ်အက်ဆစ်၊ ကယ်လိုရီ၊ ပရိုတင်း၊ အဆီ၊ ကစီဓာတ်၊ အချိုဓာတ်၊ အမျှင်ဓာတ်၊ ကော့ပါးဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ ဇင့်ဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေပဲ ဖြစ်ပါတယ်။

    ၂။ ကိုယ်ခန္ဓာ အကျိုးပြု ဓာတ်တိုးဆန့်ကျင် ပစ္စည်များ ပါဝင်တယ်။

    နာနတ်သီးဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင်တဲ့ အသီးအနှံ အဖြစ် နာမည်ကျော်ကြားပါတယ်။ သူ့မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာစေတယ်၊ ကိုယ်ခံအား ကောင်းစေတယ်၊ အာဟာရ စုပ်ယူမှုနှုန်းကို မြှင့်တင်ပေးတယ်၊ ကိုယ်တွင်း ဆဲလ်တွေ ပျက်စီးနေရင် ပြန်လည် ပြုပြင်ပေးတယ်၊ အသားအရေကိုလည်း ကြည်လင် ဝင်းပလာစေပါတယ်။

    ၃။ အစာကြေစေတယ်။

    နာနတ်သီးမှာ အမျှင်ဓာတ်တွေ အများအပြား ပါဝင်လို့ သူ့ကို ကြိတ်ထားတဲ့ ဖျော်ရည်ကို သောက်ပေးခြင်းဖြင့်လည်း ဒီအမျှင်ဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူနိုင်ပါတယ်။ အမျှင်ဓာတ်ဟာ အစာခြေစနစ်ကို ကောင်းမွန်စေပြီး အစာစားချင်စိတ်ကို ဖြစ်ပေါ်စေတယ်။ အစာအိမ်ကိုလည်း အားကောင်းစေပြီး ကိုယ်တွင်းအင်္ဂါတွေ နီရဲရောင်ရမ်းခြင်းကို ကျစေတယ်။ ဝမ်းမှန်စေတယ်၊ ဝမ်းချုပ်တာ၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ၊ အမာဝမ်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    ၄။ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးတယ်။

    ကိုယ်ခန္ဓာထဲကို ပြင်ပကနေ ရောဂါပိုးမွှား ပေါင်းစုံက အချိန်မရွေး ဝင်လာနိုင်ပါတယ်။ ဒီလို ရောဂါပိုးတွေ ဝင်လာတာနဲ့ ကိုယ်ခံအားစနစ်ထဲမှာ ရှိတဲ့ ဆဲလ်တွေကို လျင်မြန်စွာ အလုပ်လုပ်ပြီး တိုက်ထုတ်ကာ ကိုယ်တွင်းအင်္ဂါတွေ မထိခိုက်အောင် ကာကွယ်ပေးရပါတယ်။ နာနတ်သီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်တဲ့အတွက် အလွယ်တကူ ဖျားနာတာ၊ နေမကောင်းဖြစ်တာ၊ နှာစေး အအေးမိတာအပြင် တခြားသော ရောဂါတွေ အလွယ်တကူ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    ၅။ နှလုံး ကျန်းမာစေတယ်။

    နာနတ်သီးမှာ ပါဝင်တဲ့ Bromelain ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးက နှလုံးရဲ့ လုပ်ဆောင်ရည်အားကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါရှင်တွေဆိုရင် သွေးတိုးကျစေတယ်၊ သွေးခဲပြီး ပိတ်ဆို့ခြင်း မဖြစ်စေဖို့ ကာကွယ်ပေးတယ်။ နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။

    နာနတ်သီး ဖျော်ရည်ကို သဘာဝအတိုင်း အာဟာရဓာတ် အပြည့်ဝဆုံး ရစေဖို့ဆိုရင် ကြိတ်စက်ထဲမှာ နာနတ်သီးကို အတုံးလေး ဖြစ်အောင် စိတ်ပြီး ကြိတ်လို့ ဖျော်သောက်ရုံပါပဲ။ သကြား၊ နို့ဆီတွေကို ထပ်ထည့်ဖို့ မလိုပါဘူး။ နာနတ်သီးမှာ အချိုဓာတ် အရသာ Flavanoid တွေ ပါဝင်ပြီးသားမို့ပါ။ အသက်အရွယ် မရွေး သောက်ပေးလို့ ရပြီး မနက် အစောပိုင်းအချိန် သောက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

    ကိုယ်က ရောဂါပျောက်ဆေး၊ ဆေးပြင်း တချို့သောက်နေတယ်ဆိုရင်တော့ ကိုယ်ပြနေတဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီး နာနတ်သီး ဖျော်ရည် သောက်သင့်၊ မသောက်သင့်ကို မေးမြန်းထားဖို့ လိုပါမယ်။ စားချင့်ရည် ပြန်ဆန်တက်တဲ့ ရောဂါ (GERD) ရှိသူတွေဆိုရင် ရင်ပူတာ၊ လေချဉ်တက်ပြီး ပျို့အန်တာမျိုး ဖြစ်နိုင်တဲ့အတွက် နေ့တိုင်း သောက်တာမျိုးတော့ လုပ်လို့ မရပါဘူး။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement