သွေးတိုးသမားအတွက် ဓါတ်စာ သစ်ကြားသီး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

သစ်ကြားသီးကို အခုနောက်ပိုင်းအတော်စားသုံးလာကြပါတယ်။ မားကတ်တွေမှာလည်းရနိုင်သလို အွန်လိုင်းကနေလည်း မှာယူစားသုံးကြပါတယ်။ သူ့ရဲ့ကျန်းမာရေးအာနိသင်တွေကိုသိတာထက် ကြိုက်နှစ်သက်လို့စားကြတာများပါတယ်။ လူကြီးတွေရော၊ကလေးတွေအတွက်ပါ သရေစာတစ်ခုအဖြစ် သဘောကျကြတာပါ။
အကျိုးပြုအဆီတွေပါဝင်တဲ့ အစေ့အဆန်တွေက နှလုံးကျန်းမာရေးကို အကျိုးပြုတယ်ဆိုတာသိထားပြီးဖြစ်ပါတယ်။ဒီတစ်ခါသုတေသနတွေ့ရှိချက်မှာတော့ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေရှိတဲ့သူတွေဟာ အဆီနည်းတဲ့စားသောက်မှုပုံစံနဲ့စားသောက်ပြီး သစ်ကြားသီးကိုတွဲဖက်စားသုံးမယ်ဆိုရင်သွေးတိုးကျစေနိုင်တယ်လို့ ဆိုပါတယ်။
သုတေသီတွေက အသက် ၃၀- ၆၅ ကြားအရွယ်ရှိတဲ့ ကိုယ်အလေးချိန်များနေသူတွေနဲ့ အဝလွန်နေသူ ၄၅ ဦးကိုလေ့လာခဲ့တာဖြစ်ပါတယ်။ ပါဝင်သူအားလုံးကိုလေ့လာမှုမစခင် နှစ်ပတ်အလိုမှာပြင်ဆင်ချိန် Diet planနဲ့ စားသောက်စေခဲ့ပါတယ်။ ဒီအစီအစဉ်မှာ အားလုံးကို တသမတ်တည်းဖြစ်စေဖို့ ချိန်ညှိတဲ့အနေနဲ့ ကြိုတင်လိုက်နာစေတာဖြစ်ပါတယ်။ သူတို့မှာပြည့်ဝဆီစားသုံးမှုပမာဏ နည်းနေတဲ့အခါမှ သုံးဖွဲ့ခွဲပြီးအောက်ပါအတိုင်း ၆ ပတ်ကြာ စားသုံးစေပါတယ်။

  • သစ်ကြားသီးပါဝင်တဲ့ စားသောက်ပုံ
  • သစ်ကြားသီးမပါပေမယ့် သူ့မှာပါတဲ့omega-3 အဆီဓါတ် alpha-linolenic acid (ALA) နဲ့polyunsaturated fatty acids တူညီတဲ့ပမာဏပါတဲ့ စားသောက်ပုံ
  • သစ်ကြားသီးမပါပေမယ့်omega-3 အဆီဓါတ် alpha-linolenic acid (ALA) နဲ့omega-6 fatty acid (linoleic acid) တူညီတဲ့ပမာဏ ပါတဲ့စားသောက်ပုံ တို့ဖြစ်ပါတယ်။

သစ်ကြားသီးနဲ့ သွေးဖိအားအတက်အကျ ဆက်နွှယ်မှု

ဒီကာလပြီးဆုံးတဲ့အခါ နှလုံးသွေးကြောရောဂါအန္တရာယ်ရှိနေတဲ့ ပါဝင်သူတွေအားလုံးကိုဆေးစစ်လေ့လာတဲ့အခါ အုပ်စုသုံးခုလုံးကသူတွေမှာ နှလုံးကျန်းမာရေးက အတိုင်းအတာတစ်ခုအထိ အရင်ထက်ပိုကောင်းလာတာတွေ့ရပါတယ်။

ပြည့်ဝဆီကိုရှောင်ပြီး သစ်ကြားသီးကဖြစ်စေ၊ ဟင်းသီးဟင်းရွက်ဆီတွေကဖြစ်စေ မပြည့်ဝဆီနဲ့အစားထိုးတာက နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ အကျိုးကျေးဇူးတွေရရှိစေနိုင်တယ်လို့ သုတေသီတွေကပြောပါတယ်။

ဒါပေမယ့် သစ်ကြားသီးချည်းပဲစားသုံးခဲ့တဲ့အုပ်စုကတော့ တခြားအုပ်စုတွေထက် ပိုပြီး သွေးဖိအားကျတာတွေ့ရပါတယ်။

“ သစ်ကြားသီးစားတဲ့သူတွေက သစ်ကြားသီးမှာပါတဲ့အလားတူ fatty acids တွေစားခဲ့ကြတဲ့သူတွေထက် အကျိုးကျေးဇူးပိုများနေတာတွေ့ရပါတယ်။ ဒါ့ကြောင့် သူ့မှာပါတဲ့ အကျိုးပြုအဆီဓါတ်ဆိုတာထက်ပိုတဲ့ ဇီဝဒြပ်ပေါင်းတွေကြောင့် သစ်ကြားသီးစားတာက အကျိုးပိုများနေတာဖြစ်နိုင်တယ်။ ဥပမာ အမျှင်ဓါတ်လိုမျိုးပေါ့။ ဒါ့ကြောင့် fatty acids တွေဖြည့်ဆည်းရုံနဲ့ မတူညီနိုင်တာ” လို့ ဦးဆောင်သုတေသီProf. Penny Kris-Etherton ကပြောပါတယ်။

Pennsylvania State University သုတေသီတွေရဲ့ ဒီလေ့လာမှုကိုJournal of the American Heart Associationဂျာနယ်မှာဖော်ပြခဲ့ပါတယ်။

သစ်ကြားသီးမှာ alpha-linolenic acid (ALA) လို့ခေါ်တဲ့ အပင်ထွက်omega-3 ပါဝင်လို့သွေးဖိအားအပေါ်အကျိုးပြုသက်ရောက်မှုရှိစေတယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။

ဒါပေမယ့် သစ်ကြားသီးရဲ့ ALA က နှလုံးကျန်းမာရေးကိုပိုကောင်းစေတာလား၊ ဒါမှမဟုတ်polyphenols လို သစ်ကြားသီးရဲ့တခြားပါဝင်ပစ္စည်းတွေကပဲ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေရှိတဲ့သူတွေမှာသွေးတိုးကိုထိန်းပေးနိုင်တာလား ဆိုတာ သုတေသီတွေကလေ့လာအဖြေထုတ်ဖို့ ဆက်လက်လေ့လာနေကြတာဖြစ်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19 နဲ့ ဗီတာမင် D ရဲ့ အခန်းကဏ္ဍ

COVID-19၊ ဗီတာမင် D၊ ကျောက်ကပ်၊ အရိုးအားနည်းခြင်း၊ ကိုယ်ခံအားစနစ်မူမမှန်ခြင်း၊ ကင်ဆာရောဂါ၊ သွေးတိုး၊ အဖျားတက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ဗိုက်အောင့်ခြင်း၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ချဉ်စော်ခါးသီး နဲ့ ကျန်းမာရေး

ချဉ်စော်ခါးသီး ကျန်းမာရေး သစ်သီးတွေ စားသောက်မှုပုံစံ ခန္ဓာကိုယ် အာဟာရတွေ သစ်တော်သီး ခံတွင်းတွေ့ ကယ်လ်လိုရီ ကယ်လ်ဆီယမ် သွေးပေါင် ထိန်းညှိပေးတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သက်သတ်လွတ် စားသင့်သလား

သက်သတ်လွတ် ကျန်းမာရေး အကျိုးကျေးဇူးတွေ နှလုံးကျန်းမာရေး ကင်ဆာရောဂါ အမျိုးအစား ၂ ဆီးချို အရိုးများ ဗီတာမင်နဲ့ သတ္တုဓာတ် ပန်းနာရင်ကြပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ဝိတ်တက်လေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေများလေတဲ့နော်

ကိုယ်အလေးချိန်၊ အဝလွန်၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာ၊ Diet၊ Low-fat အစားအစာတွေ၊ ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်း၊ BMI၊ ဆီးအိမ်၊ ဆီးရည်၊ သုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဆိုင်ကယ်မောင်းခြင်းက ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာ သင်သိပါသလား

ဆိုင်ကယ်မောင်းခြင်းက ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာ သင်သိပါသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
အာလူး နဲ့ ကျန်းမာရေး

အာလူး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
တရားထိုင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူပြုသလား

တရားထိုင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူပြုသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2020
ဆားအကြောင်း အကောင်းအဆိုး

ဆားအကြောင်း အကောင်းအဆိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2020