ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ပိုင်ဆိုင်ဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

နေမကောင်းခဏခဏဖြစ်နေရတာကို စိတ်ညစ်နေပြီလား။ ကျန်းမာရေးကအဖိုးမဖြတ်နိုင်တဲ့အရာပါ။ လူတစ်ယောက်မှာ ကျန်းမာမှ အရာရာကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အမြဲကျန်းမာအောင်နေနိုင်မယ့် အကောင်းဆုံးသောနည်းလမ်းကတော့ မဖျားအောင်ကြိုတင်ကာကွယ်တာပါ။ ကိုယ်ခံအားကောင်းနေစေဖို့က ကိုယ်တိုင်လုပ်ဆောင်လို့ရတဲ့အရာတစ်ခုပါ။ ကိုယ်ခံအားကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာလေးပြောပြမယ်နော်။

ကိုယ်ခံအားကောင်းနေစေဖို့

ကိုယ်ခံအားကောင်းချင်တယ်ဆိုရင်နေ့စဉ်လုပ်နေကျအလေ့အထတွေထဲက အချို့ကိုဂရုစိြုက်ပင်ဆင်ဖို့လိုအပ်မှာပါ။ ဂရုစိုက်ပြင်ဆင်ရမယ့် အလေ့အထတွေက –

(၁) အာဟာရပြည့်ဝအောင်စားသုံးပါ – နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ သဘာဝဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေပါတယ်။ ဘလူးဘယ်ရီလိုမျိုးအသီးအနှံတွေက ကိုယ်ခံအားကိုကောင်းမွန်စေပါတယ်။ သုတေသနပြုမှုတွေအရ ဒိန်ချဉ်၊ကန်စွန်းဥ၊ ကီဝီ၊ပေါင်မုန့်၊ကွေကာအုတ်၊လက်ဖက်စိမ်းရေနွေးကြမ်း၊ လိမ္မော်သီး၊ ကြက်သွန်ဖြူ၊ ဟင်းနုနွယ် တို့လိုမျိုး အစားအစာတွေကကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ အဆီများတဲ့အစားအစာတွေနဲ့အချိုဓါတ်ပါဝင်မှုများတဲ့အစားအစာတွေကတော့ ကိုယ်ခံအားကို ထိခိုက်စေနိုင်ပါတယ်။

(၂)ရေဓါတ်ပြည့်ဝအောင်နေပါ –ဆရာဝန်တွေကတော့ လူတစ်ယောက်အနေနဲ့ တစ်နေ့ကိုရေ ၁၀ ခွက်ကနေ ၁၂ ခွက်အထိသောက်ဖို့လိုအပ်မယ်၊လို့ အကြံပြုထားပါတယ်။ ဒီအချက်က အံ့သြစရာတော့မဟုတ်ပါဘူး။ ခန္ဓါကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကရေဓါတ်ပါ။ရေဓါတ်ပြည့်ဝနေတဲ့အခါ ခံတွင်းနဲ့နှာခေါင်းတွင်းက ချွဲအမြှေးပါးတွေမှာ အစိုဓါတ်ပြည့်ဝနေတာကြောင့် ဗိုင်းရပ်စ်တွေကို အပြည့်အဝတိုက်ဖျက်နိုင်သလို ကျန်းမာရေးထိခိုက်စေနိုင်တဲ့ အခြားအရာတွေကိုလည်းတိုက်ထုတ်ပေးနိုင်ပါတယ်။ရေကကျောက်ကပ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားနိုင်တာကြောင့်သွေးထဲမှာအောက်ဆီဂျင်ဓါတ်ပိုရရှိစေပြီးရေရှည်မှာ ကျန်းမာရေးကိုကောင်းမွန်စေနိုင်ပါတယ်။

(၃) အိပ်ချိန်ပြည့်ဝဖို့လိုပါတယ် –အိပ်ရေးပျက်တာက ခန္ဓါကိုယ်ကို ဖျားနာစေတဲ့အဓိကအကြောင်းအရင်းပါ။ ညဘက်အိပ်ချိန်အပြည့်အဝရရှိမှုက ခန္ဓါကိုယ်ကို လန်းဆန်းတက်ကြွနေစေပြီးရောဂါတွေကို ခုခံနိုင်စွမ်းရှိစေပါတယ်။ ဒါတင်မကပါဘူး။ ဖျားနာနေဲ့အခါမှာလည်း အိပ်ရေးဝဝအိမ်မယ်ဆိုရင်မြန်မြန်သက်သာလာမှာဖြစ်ပါတယ်။

(၄)လေ့ကျင့်ခန်းပုံမှန်လုပ်ပါ –နေကောင်းဖို့အတွက်လေ့ကျင့်ခန်းလုပ်ပါဆိုတဲ့နေရာမှာနေ့တိုင်း GYM သွားခိုင်းတာမဟုတ်သလို သင့်ကို မာရသွန်အပြေးသမားလုပ်ခိုင်းနေတာလည်း မဟုတ်ပါဘူး။ ကိုယ်ခံအားကောင်းစေဖို့အတွက်လေ့ကျင့်ခန်းအသင့်အတင့်လုပ်ခိုင်းတာပါ။ တစ်နေ့ကို မိနစ် ၂၀လောက်ပုံမှန်လမ်းလျှောက်ပေးပါ။နေ့စဉ်ပုံမှန်ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလုပ်ပေးတာကသွေးလည်ပတ်မှုကို တိုးတက်စေပြီး ကိုယ်ခံအားကိုကောင်းမွန်စေနိုင်သလို ကြွက်သားတွေနဲ့ကိုယ်တွင်းအင်္ဂါတေါထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

(၅) ဆေးလိပ်ဖြတ်ပါ –ကျန်းမာတဲ့ကိုယ်ခံအားကို ပိုင်ဆိုင်နိုင်စေဖို့အတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ဆေးလိပ်သောက်တဲ့အကျင့်ကိုဖျောက်ပစ်ဖို့လိုပါမယ်။ ကိုယ်တိုင်ဆေးလိပ်သောက်တာတင်မဟုတ်ပါဘူး တဆင့်ခံဆေးလိပ်ငွေ့တွေကိုရှုရှိုက်တာကပါ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ဖြစ်နိုင်ရင်တော့ဆေးလိပ်ဖြတ်လိုက်တာအကောင်းဆုံးပါ။ ဆေးလိပ်သောက်တာက ကိုယ်ခံအားကို ထိခိုက်စေပါတယ်။

(၆) ကဖင်းတွေ အရက်တွေလျှော့သောက်ပါ –ကဖင်းနဲ့အယ်လ်ကိုဟောပမာဏတွေက နည်းတဲ့အခါ ထိခိုက်မှုမရှိပေမယ့် အများကြီးဖြစ်လာမယ်ဆိုရင်တော့ ကိုယ်ခံအားကို ထိခိုက်လာနိုင်ပါတယ်။ အရက်တွေကဖင်းတွေမပါဝင်စေဘဲ ကျန်းမာတဲ့ ကိုယ်ခံအားကိုပိုင်ဆိုင်နိုင်ဖို့အတွက် စိတ်ဖိစီးမှုကိုတတ်နိုင်သမျှလျော့ချပါ။ စိတ်ညစ်တဲ့အခါ အရက်သောက်တာမျိုးမလုပ်ဘဲ အိပ်ပစ်လိုက်ပါ။

(၇) ဗီတာမင် အားဖြည့်ဆေးတွေသောက်သုံးပေးပါ – အစားအသောက်တွေကနေ ဗီတာမင်တွေ သတ္တုဓါတ်တွေကိုရရှိနိုင်ပေမယ့် လုံလောက်ပြည့်ဝမှုရှိဖို့ဆိုတာက မလွယ်ကူလှပါဘူး။ ဒါကြောင့် ခန္ဓါကိုယ်အတွက် လုံလောက်တဲ့ဗီတာမင်တွေပြည့်ဝနေစေဖို့အတွက် ဗီတာမင် အားဖြည့်ဆေးတွေသောက်သုံးပေးလို့ရပါတယ်။

ရာသီအကူးအပြောင်းမှာ ဖျားနာတာမျိုးကင်းဝေးချင်တယ်ဆိုရင်တော့နေ့စဉ် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ် ၂၆ မျိုးအထိပါဝင်နေတဲ့ Renovit အားဆေးကို တစ်နေ့တစ်လုံးပုံမှန်သောက်သုံးပေးလို့ရပါတယ်။ ခန္ဓါကိုယ်မှာ လိုအပ်တဲ့ ဗီတာမင်တွေပြည့်ဝနေတဲ့အခါ ကိုယ်ခံအားစနစ်ကကောင်းမွန်ပြီး အမြဲကျန်းမာလန်းဆန်းနေမှာပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစားအသောက် တစ်ခုခုကို တအားတောင့်တမိနေတာ အာဟာရဓာတ် ချို့တဲ့နေလို့များလား

အစားအသောက် တောင့်တမှု အာသီသ ချဉ်ခြင်းတပ် စားချင်စိတ် အာဟာရ အာဟာရဓာတ် ချို့တဲ့မှု ခန္ဓာကိုယ် လိုအပ်ချက် အကြောင်းရင်း စိတ်ပိုင်းဆိုင်ရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကျောက်ကပ်လှူထားတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ဖို့ ဖြစ်နိုင်ပါ့မလား…….

ကျောက်ကပ်လှူထားတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ဖို့ ဖြစ်ပါ့မလား ကျောက်ကပ် အစားထိုး ကုသမှု ကိုယ်ဝန်ဆောင် ရင်သွေး လေဒီလေး ကလေးရနိုင်ခြေ အိုဂျီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အစာအိမ်အနာဖြစ်သူများအတွက် စားသောက်မှုပုံစံ

အစာအိမ်အောင့်ခြင်း အစာအိမ် အစားအသောက် အစာအိမ်အနာ ဘက်တီးရီးယား ပဋိဇီဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ Probiotics ချောကလက် အစာအိမ်ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

အဆီများ တာတွေ စားမိတဲ့အခါ ဘေးမဖြစ်အောင် ဘယ်လိုလုပ်မလဲ

အဆီများ အဆီ အစားအသောက် Diet စားသောက်မှုပုံစံ အစာကြေ အစာချေဖျက်မှု အစာခြေစနစ် အစာမကြေခြင်း သွေးတွင်းအဆီ လှုပ်ရှားမှု ရေနွေးသောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ကျန်းမာရေးထိခိုက်စေနိုင်တဲ့ စမတ်ဖုန်းကို ကျန်းမာရေးအတွက် အသုံးချကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 9, 2020 . 3 mins read
ဘော်ဒီ တက်လာအောင် ဘာတွေ စားရမလဲ

ဘော်ဒီ တက်လာအောင် ဘာတွေ စားရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 3 mins read

ခွေးလေးတွေရဲ့ အစာကို လူတွေစားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 3 mins read
ဗီတာမင် D လွန်ကဲရင် အန္တရာယ်ရှိပါတယ်

ဗီတာမင် D လွန်ကဲရင် အန္တရာယ်ရှိပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 26, 2020 . 2 mins read