backup og meta

လူကြီး၊ ကလေးများ၏ အသက်ရှူလမ်းကြောင်း အတွင်း ပြင်ပ ပစ္စည်းဝင်ခြင်း (ဆို့နင်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူကြီး၊ ကလေးများ၏ အသက်ရှူလမ်းကြောင်း အတွင်း ပြင်ပ ပစ္စည်းဝင်ခြင်း (ဆို့နင်ခြင်း)

    လူကြီး၊ ကလေးများ၏ အသက်ရှူလမ်းကြောင်း အတွင်း ပြင်ပ ပစ္စည်းဝင်ခြင်း (ဆို့နင်ခြင်း) ခေါင်းစဉ်ရတဲ့ ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်ကတော့

    ၁။         ဆို့နင်ခြင်း ဖြစ်နေသောလူနာကို စနစ်တကျပြုစုတတ်စေရန် နဲ့

    ၂။         အခြေအနေပို၍  ဆိုးမသွားစေရန် ပဲဖြစ်ပါတယ်။

    လူကြီး၊ ကလေးများ၏ အသက်ရှူလမ်းကြောင်း အတွင်း ပြင်ပ ပစ္စည်းဝင်ခြင်း (ဆို့နင်ခြင်း)

    လူကြီး၊ ကလေးများ၏ အသက်ရှူလမ်းကြောင်း အတွင်း ပြင်ပ ပစ္စည်းဝင်ခြင်း (ဆို့နင်ခြင်း) ဆိုတဲ့နေရာမှာ အခုလို စရှင်းပြချင်ပါတယ်။

    Choking (ဆိုနင့်ခြင်း)ဆိုတာဘာလဲ ……….

    စားစရာ သို့မဟုတ် စားစရာ မဟုတ်သော အရာဝတ္တုတစ်ခုခုသည် ပုံမှန် အစာလမ်းကြောင်း အတိုင်း မသွားဘဲ အသက်ရှူလမ်းကြောင်း အတွင်းသို့ရောက်ရှိသွား၍ အသက်ရှူလမ်းကြောင်းပိတ်ဆို့သွားခြင်းကို ဆို့ နင့်ခြင်း လို့ခေါ်ပါတယ်။

    ဆို့နင်ခြင်းဖြစ်ရသည့်အကြောင်းရင်း တွေကတော့

    • အစားအစာကို အငမ်းမရစားခြင်း၊ အလျင်စလိုမြိုချခြင်း
    • အစာကို ဝါးမျိုစားနေစဉ် ရယ်မောခြင်း၊ စကားများပြောခြင်း
    • အရက် အလွန်အကျွံသောက်ခြင်း
    • ကလေးများအနီးတွင် ကစားစရာ၊ အရောင်တောက်တောက်ပစ္စည်းများ ကိုထားပါက ပါးစပ်အတွင်းသို့ ထည့်တတ်ခြင်း (ဉပမာ ပိုက်ဆံ၊ ဂေါ်လီလုံး၊ ခဲဖျက်၊ သကြားလုံး၊ ဇီးစေ့၊ ကြယ်သီး၊ ပုတီးစေ့)
    • ကလေးများ အစားအစာကို ကြေညက်အောက်မဝါးဘဲ ပါးစပ်အတွင်း ငုံထားတတ်ခြင်းတွေဖြစ်ပါတယ်။

    ဆို့နင်ခြင်းလက္ခဏာများတွေကတော့:

    • လူနာသည် အသက်မရှူနိုင်၍ အသက်ရှူရ ခက်ခဲလာမယ်
    • လူနာ စကားမပြောနိုင်ပါ။
    • ကောင်းစွာ ချောင်းမဆိုးနိုင်ပါ။
    • မျက်နှာနှင့် လည်ပင်းရှိ သွေးကြောများ ထောင်နေမယ်
    • လည်ပင်းကို လက်မ၊ လက်ချောင်းများနှင့် ဆုပ်ကိုင်ထားတတ်တယ်။
    • လူနာရဲ့ နှုတ်ခမ်းများ ပြာနှမ်းနေမယ်
    • သတိလစ်မေ့မြောသွားမယ် နောက်ဆုံးမှာတော့
    • အသက်ဆုံးရှုံးရနိုင်ပါတယ်။

    ဆို့နင်ခြင်းပြုစုခြင်း(လူကြီး)

    • ပါးစပ်အတွင်း အစာများ၊ သွားတုများကို ဖယ်ရှားပေးပါ။
    • ဘာဖြစ်နေလဲ မေးပါ
    • လူနာကို ရှေ့သို့ကုန်းနေစေပြီး လက်ပြင်နှစ်ခု အကြားကို လက်ဖဝါးဖြင့် (၅)ကြိမ်ခန့်ရိုက်ထုတ်ပေးပါ။
    • လူနာ၏နောက်မှနေ၍ မတ်တပ်ရပ်လျက် လူနာ၏ ချက်နှင့် ရင်ညွန့်ရိုးကြားကို လက်သီးဆုပ် လက်မ အတွင်းဖက်ထားပါ။
    • ကျန်လက်တစ်ဖက်ဖြင့် ၎င်းလက်သီးဆုပ်ကို အုပ်လျက် အတွင်းအပေါ်ကို ဆွဲမ တင်လိုက်ပါ။ လျင်မြန်စွာ (ခပ်ဆတ်ဆတ်)(၅) ချက်ခန့်အတွင်း၊ အပေါ်ကို ဆွဲ မ တင် ပါ။
    • The Heimlich maneuver

    တစ်နှစ်မှ (၈)နှစ်အရွယ်ကလေး ပြုစုနည်း

    • ပြုစုသူသည် ကုလားထိုင်ပေါ်ထိုင်၍ (သို့) ဒူးတစ်ဖက် ထောက်ထားကာ ကလေးငယ်ကို ပေါင်ပေါ်တွင် မှောက်ထားပြီး ခေါင်းငိုက်စိုက်ထားပါ။
    • လက်တစ်ဖက်ဖြင့် ရင်ဘတ်ကိုဖေးမထားပြီး ကျန်လက်ဖဝါးဖြင့် လက်ပြင်နှစ်ခုကြားကို (၅) ချက်ခန့်ရိုက် ပေးပါ။
    • ၎င်းနည်းအတိုင်း ပြုစုခြင်း အောင်မြင်မှုမရှိပါက လူကြီးနည်းကို အသုံးပြုရန် လိုအပ်ပါသည်။ ဝမ်းဗိုက် အတွင်း အပေါ်သို့ ဆွဲမတင်အားသည် လူကြီးများကို ပြုစုပေးသည်ထက် နည်းပါစေ။

    တစ်နှစ်အောက် ကလေး(ပြုစုနည်း)

    • ကလေးငယ်၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ကို မိမိ၏ လက်ဖျံပေါ်တွင် မှောက်၍ လက်ကို နှိမ့်လျက် ပေါင်ပေါ် မှာ တင်ထားပါ။
    • ကလေးငယ်၏ ဦးခေါင်းနှင့် လည်ပင်းကို လက်ချောင်းများနှင့် ထိန်း၍ထားပါ။
    • ကလေး၏ လက်ပြင်နှစ်ခုကြားကို အခြားလက်ဖဝါးဖြင့် (၅)ချက်ခန့်ရိုက်ပါ။
    • ကလေးငယ်၏အရွယ်ပေါ်မူတည်၍ ရိုက်အားကို အသုံးပြုပါ။
    • အောင်မြင်မှုမရှိပါက ကလေးကို ပက်လက်အနေအထားနှင့်
    • မိမိ၏ လက်ဖျံပေါ်တွင် တင်၍ ဦးခေါင်းကို လက်ချောင်းများဖြင့် ထိန်းထားပါ။
    • ရင်ညွန့်ရိုးပေါ်တွင် မိမိ၏ လက်ညိုးနှင့် လက်ခလယ်နှစ်ချောင်းကို နို့သီးမျဉ်းတန်းမှ လက်တစ်လုံး အောက်၌တင်၍ ရင်အုံဖိနှိပ်ပေးပါ။

    ကိုယ်ဝန်ဆောင်/ အဝလွန်သူတို့ကို ပြုစုခြင်း

    • မွေးခါနီးကိုယ်ဝန်ဆောင်/ အဝလွန်သူကို ပြုစုပေးရန်လက်သီးဆုပ်ကို အုပ်လျှက် အတွင်း၊ အပေါ် ကို ဆွဲ မ တင်ခြင်း မပြုလုပ်ပါနှင့်။
    • လူနာနောက်တွင် မတ်တပ်ရပ်သူ၏ ချိုင်းအောက်မှ လက်လျှိုသွင်းပြီး ရင်ဘတ် ကို ဝိုက်ပါ၊ ရင်ညွန့် ရိုးအလယ်တွင် လက်သီးဆုတ်(လက်မအတွင်းထားလျက်)ကို တခြားလက်ဖြင့် အုပ် လျက် အတွင်းသို့ ဆွဲ ဖိ ပေးပါ။
    • ဆို့နင်နေသောပစ္စည်း ထွက်လာသည်အထိ ဆောင်ရွက်ပါ

    ဒီလိုဆိုရင်တော့ ကိုယ်ရဲ့ပတ်ဝန်းကျင်မှာ ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ဖြစ်စေ အကြောင်းအရင်းတစ်ခုကြောင့် ဆို့နင့်တဲ့အခါသင်ကူညီ ပေးလိုက်နိုင်မှာပါ။

    ရေးသားသူ – ဒေါက်တာမှူး

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement