backup og meta

ဘေဘီလေး အစာနင်တဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေး အစာနင်တဲ့အခါ

    အစာနင်တာ၊ သီးတာက အရွယ်မရွေးဖြစ်နိုင်သလို အသက်အန္တရာယ်အထိခြိမ်းခြောက်နိုင်တဲ့ အခြေအနေတစ်ရပ်ပါ။ လူကြီးတွေမှာတောင် အန္တရာယ်ရှိတယ်ဆိုရင် ငယ်ရွယ်သေးတဲ့ ကလေးတွေမှာဆိုရင် ပိုဆိုးတော့မပေါ့။ ဒီတော့ ဘေဘီလေးတွေ အစာနင်တဲ့အခါ ထိခိုက်မှုမဖြစ်စေဖို့ ဘယ်လိုလုပ်ပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

    ဘေဘီလေးတွေအစာနင်နေတာကို ဘယ်လိုသိနိုင်မလဲ…..

    ဘေဘီလေးတွေအနေနဲ့ နို့စို့ရင်း နို့သီးနိုင်သလို ရေသောက်ရင်း ရေသီးတာ၊ အစားစားရင်း အစားနင်တာ၊ အရုပ်လေးတွေနဲ့ဆော့ရင်း မတော်တဆပါးစပ်ထဲဝင်ပြီး နင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ကလေးမှာ အခုလိုလက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

    ဘယ်လိုသက်သာအောင်လုပ်ပေးရမလဲ…….

    ကလေးက အစာနင်နေချိန်မှာ ချောင်းအရမ်းဆိုးနေမယ်။ အရမ်းကိုငိုနေမယ်ဆိုရင်တော့ ဒီအဆင့်တွေကို မလုပ်ပါနဲ့။ အရမ်းငိုတာ၊ ချောင်းပြင်းပြင်းထန်ထန်ဆိုတာ အသက်ရှူလမ်းကြောင်းမှာ ပိတ်နေတဲ့ အရာတွေကို ထွက်သွားစေနိုင်တာကြောင့်ပါ။

    တကယ်လို့ ကလေးက ချောင်းဆိုးနေတာ၊ အရမ်းငိုနေတာမျိုးမရှိဘူးဆိုရင်တော့

    • ကလေးကို ပေါင်ပေါ်မှာ မှောက်ရက်အနေအထားထားပေးပါ။ လက်ဖဝါးနဲ့ ကလေးရဲ့ မေးစေ့ကို ထိန်းထားပေးပါ။
    • ကလေးရဲ့ခေါင်းကို ခန္ဓာကိုယ်ထက်နိမ့်ထားပေးပါ။
    • ပြီးရင် အားနေတဲ့ လက်တစ်ဖက်ရဲ့ လက်ဖနောင့်နဲ့ ကလေးရဲ့ ကျောအလယ်ကို နှိပ်ပေးပါ။ အရမ်းအားမသုံးမိဖို့တော့ သတိထားပါ။ ခပ်မြန်မြန်လေး ၅ ကြိမ်လုပ်ပေးပါ။
    • ပြီးရင် ကလေးရဲ့ ရင်ဘတ်အလယ်ကို လက်ချောင်းနှစ်ချောင်းသုံးလို့ နှိပ်ပေးပါ။ ဆက်တိုက် ၅ ကြိမ်နှိပ်ပေးပါ။
    • နင်နေတဲ့အရာထွက်မလာသေးရင် နောက်ထပ်တကျော့ထပ်လုပ်ပေးပါ။

    တကယ်လို့ ကလေးက နင်နေတာမသက်သာသေးဘူးဆိုရင် နီးစပ်ရာဆေးခန်းကို အမြန်သွားပြီး အကူအညီရယူပါ။

    ကလေးအစာမနင်အောင် ဘယ်လိုကာကွယ်မလဲ……

    ကလေးတစ်ယောက်အဖို့ အစာနင်တာက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အစာမနင်စေ၊ မသီးစေဖို့ အခုလိုကာကွယ်ပေးလို့ရပါတယ်။

    • အသက် ၃ နှစ်အောက် ကလေးလေးကို အရုပ်သေးသေးလေးတွေ၊ နင်လောက်မယ့် အရာတွေနဲ့ ပေးမဆော့ပါနဲ့။
    • ကလေးလက်လှမ်းမီတဲ့နေရာမှာ ကြယ်သီး၊ ပြောင်းဖူးစေ့၊ အကြွေစေ့၊ စပျစ်သီး၊ အခွံမာသီးတွေ နဲ့ အခြားသေးသေးမွှားမွှားလေးတွေကို မထားပါနဲ့။
    • ကလေးအစားစားနေတဲ့အခါ အနားကနေစောင့်ကြည့်ပေးပါ။
    • အစာခွံ့တဲ့အခါ သေချာကြေအောင် ခြေပြီးမှကျွေးပါ။

    ကလေးကို အစာနင်ခြင်း၊ သီးခြင်းကင်းအောင် အကောင်းဆုံးစောင့်ရှောက်နိုင်ကြပါစေကြောင်း………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement