အဆိပ်သင့်ခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အဆိပ်သင့်တယ်ဆိုတာဘာလဲ

အဆိပ်သင့်ခြင်းဆိုသည်မှာ အဆိပ်များ ခန္ဓာကိုယ်အတွင်းသို့ လုံလောက်သော အရေအတွက်၊ ပမာဏ ဝင်ရောက်ခြင်းကြောင့် ကျန်းမာရေးချို့တဲ့ခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးသည် အထိ ဖြစ်စေနိုင်ခြင်းကို ခေါ်သည်။

အမျိုးအစားများ

  • အိမ်တွင်း အဆိပ်သင့်ခြင်း

(ဥပမာ – ချွတ်ဆေး၊ ဆိုးဆေး၊ အိမ်သုတ်ဆေး၊ ကော်၊ လောင်စာဆီ)

  • ဆေးဝါးကြောင့် အဆိပ်သင့်ခြင်း။

(ဆေးပိုသောက်၊ ဆေးသောက်မှား၊ မတည့်သောဆေး လိမ်းမိခြင်း)

  • စက်ရုံတွင်းအဆိပ်သင့်ခြင်း။

(ဓါတ်ငွေ့၊ စက်ရုံသုံး ဓါတုဗေဒဆေးရည်)

  • အရက်ကြောင့် အဆိပ်သင့်ခြင်း။
  • အပင်များကြောင့် အဆိပ်သင့်ခြင်း။

(မှို၊ သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ ပန်းဝတ်မှုန်၊ မျိုးပွားသစ်စေ့ခြောက်)

  • အစာအဆိပ်သင့်ခြင်း။

(မတည့်သောအစားအစာများကို အတူတကွစားမိခြင်း၊ ရက်လွန်စည်သွတ်ဘူး၊ အသားများကျက်အောင်မချက်ပြုတ်ခြင်း၊ ထုတ်၍ထားသော အစားအစာ၊ ဆိုးဆေးပါသော အစားအစာများ)

အရက်အဆိပ်သင့်ခြင်း

အရက်သည် အာရုံကြောစနစ်ကိုထိခိုက်၍ အသဲခြောက်ခြင်းကို ဖြစ်ပေါ်စေပြီး ကြာရှည်စွာမြဲစွာ သောက်လျှင် ကာယ၊ စိတ်ဓါတ်စွမ်းဆောင်မှုများ ထိခိုက်ပျက်စီးစေသည်။

လက္ခဏာများ

  • အိပ်လိုက်၊ နိုးလိုက်ဖြစ်မည်။
  • မျက်နှာနီမြန်းနေမည်။
  • ချွေးစေးပြန်မည်။
  • သွေးခုန်နှုန်းမြန်မည်။
  • အသက်ရှူပြင်းမည်။
  • အချိန်ကြာမြင့်စွာ သတိလစ်နေနိုင်သည်။
  • ရာသီဥတုပြင်းထန်ချိန်တွင် အကာအကွယ်မဲ့သောနေရာ၌ အရက်မူးလွန်၍ သတိလက်လွတ်အိပ်နေပါက အဆုတ်အအေးမိ၍ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။

အရက်အလွန်အကျွံသောက်ပါက ဖြစ်နိုင်သောအန္တရာယ်များ

  • အန်ဖတ်ဆို့နင်ခြင်း၊
  • အစာဆို့နင်ခြင်း၊
  • အရက်ကြောင့် သွေးကြောကျယ်ပြီး ခန္ဓာကိုယ်အပူချိန်ကျဆင်း၍ သွေးဆုတ်၊ သွေးလန့် ဖြစ်နိုင်သည်။
  • သတိလစ်ပြိုလဲ၍ ဦးခေါင်းနှင့် အခြားအင်္ဂါအစိတ်အပိုင်းများကို ထိခိုက်ဒဏ်ရာ ရနိုင်သည်။

ပြုစုခြင်း

  • လူနာကို နွေးထွေးစွာထားပါ။
  • သတိလစ်နေပါက ဘေးစောင်းအနေအထားဖြင့် ထားပါ။
  • အခြားဒဏ်ရာများ ရှိ/မရှိစစ်ဆေးပါ။ အထူးသဖြင့် ဦးခေါင်းတွင် ဒဏ်ရာရှိ/မရှိ စစ်ဆေးပါ။
  • သတိလစ်နေသော လူနာ၏သွေးခုန်နှုန်း၊ အသက်ရှူနှုန်းနှင့် တုံ့ပြန်မှုတို့ကို စောင့်ကြည့်၍ မှတ်တမ်း တင်ထားပါ။
  • ဆေးရုံ၊ ဆေးပေးခန်းသို့ ပို့ပါ။

ရုတ်တရက် ခန္ဓာကိုယ်အရေပြားယားယံခြင်းနှင့် အဖုအပိမ့်ပေါက်ခြင်း

  • မတည့်သောထိုးဆေး၊
  • လိမ်းဆေး၊
  • သောက်ဆေး၊
  • ဆံပင်ဆိုးဆေး၊
  • ပန်းဝတ်မှုန်၊
  • ဖုန်၊
  • ဓာတုဗေဒအငွေ့ စသည်တို့ကြောင့်ဖြစ်သည်။

လက္ခဏာများ

  • ရုတ်တရက်ယားယံလာခြင်း
  • အဖုအပိမ့်ထွက်ခြင်း
  • မျက်လုံးများနီရဲ၍ မျက်ရည်ယိုထွက်ခြင်း
  • နှာရည်ယိုခြင်း
  • အသက်ရှူကြပ်ခြင်း
  • ချောင်းဆိုးခြင်း
  • အော့အန်ခြင်းနှင့် ဝမ်းသွားခြင်း
  • ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း

ပြုစုခြင်း

  • လူနာကို အားပေးစကားပြောပါ။
  • လူနာကို ယခင်ဖြစ်ခဲ့ဖူးခြင်း ရှိ/မရှိ မေးမြန်းပါ။
  • လူနာကို ယခင်သောက်နေကျဆေးဝါးများသောက်နိုင်ရန် အကူအညီပေးရမည်။
  • ဆရာဝန်ထံရောက်သည့်အခါ ရောဂါလက္ခဏာကို ပီပြင်စွာလေ့လာနိုင်ရန် မလိုအပ်သော ဆေးဝါးများ လိမ်းခြင်း မပြုလုပ်ရပါ။
  • ဆေးရုံသို့ပို့ပါ။

ကာကွယ်နည်းများ

အိမ်တွင်းတွင်ဖြစ်နိုင်သော အဆိပ်သင့်ခြင်းများ

  • ချွတ်ဆေး၊ အိမ်သုတ်ဆေး၊ လောင်စာဆီ၊ ကော်များကို စနစ်တကျသိမ်းဆည်း၍ သော့ခတ်ထားရမည်။
  • ဆေးလုံးဆေးရည် နာမည်တပ်ထားရမည်။ အန္တရာယ်ရှိပါက မှင်အနီနှင့် ရေးသားထားရမည်။
  • ကလေးများ လက်လှမ်းမမှီသောနေရာတွင် ထားရမည်။

ဆေးဝါးကြောင့်အဆိပ်သင့်ခြင်း

  • ဆေးများကို စနစ်တကျ အညွှန်းတပ်၍ထားပါ။
  • သောက်ဆေးနှင့် လိမ်းဆေး ခွဲခြား၍ထားပါ။
  • အမှောင်ထဲတွင် ဆေးမသောက်ရပါ။
  • ဆေးထိုးမည်ဆိုပါက အရင်စမ်းသပ်ပြီးမှ ထိုးသင့်ပါသည်။ (ဥပမာ-ပင်နီဆလင်)
  • ရက်လွန်ဆေးများ မသုံးစွဲသင့်ပါ။
  • ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ဆေးသုံးစွဲသင့်ပါသည်။
  • ကလေးများ လက်လှမ်းမမှီသောနေရာတွင်ထား၍ သေချာပိတ်ထားရမည်။
  • မူရင်းဆေးဗူးထဲသို့ အခြားဆေးများ မထည့်ရပါ။

စက်ရုံတွင်းအဆိပ်သင့်ခြင်း

  • ခဲဆိပ်မသင့်အောင် လက်အိတ်စွပ်ပြီး ကိုင်တွယ်ပါ။
  • မျက်နှာဖုံး တပ်ဆင်ထားပါ။
  • မျက်မှန် တပ်ထားရမည်။

အရက်ကြောင့်အဆိပ်သင့်ခြင်း

  • အရက်ကို အလွန်အကျွံမသောက်ပါနှင့်။

အပင်များကြောင့် အဆိပ်သင့်ခြင်းမှကာကွယ်ခြင်း

  • အမျိုးအမည်မသိသောအပင်များအား စားခြင်းမပြုရ။ (ဥပမာ-မှို)
  • တွင်းမှထွက်သော သစ်ဥ၊ သစ်ဖုများကို အမျိုးအမည်မသိဘဲ မစားရပါ။
  • ဟင်းသီးဟင်းရွက်အစိမ်းများအား သေချာစွာဆေးပြီးမှ စားသုံးသင့်သည်။

အစာအဆိပ်သင့်ခြင်းမှကာကွယ်ခြင်း

  • မတည့်သောအစာများကို အတူမစားမိစေရန် သတိပြုရမည်။
  • စည်သွတ်ဘူးများအား ချက်ပြုတ်ပြီးမှ စားပါ။

(ပုံသဏ္ဍာန်ပြောင်းလဲနေသောစည်သွပ်ဘူး၊ ဖောက်ကြည့်လျှင် လေထွက်နေသော စည်သွပ်ဘူးများကို မစားဘဲ စွန့်ပစ်ပါ။)

ရေးသားသူ-ဒေါက်တာမှူး

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မဖြစ်မနေ သိထားရမယ့် COVID-19 လက္ခဏာများ

COVID-19၊ ရောဂါလက္ခဏာ၊ ကွာရန်တင်း၊ Positive၊ ဖျားနာ၊ ခရစ္စမတ်၊ Swab၊ အအေးမိ၊ ဆံပင်၊ ပင်ပန်းနွမ်းနယ်၊ နှလုံးဆိုင်ရာပြဿနာ၊ အစာခြေစနစ်၊ တုပ်ကွေး၊ Antibody Test

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

COVID-19 ရောဂါပိုး ဆံပင်မှာ ကပ်ငြိရှင်သန်နိုင်သလား

COVID-19၊ ကမ္ဘာတစ်လွှား၊ မာကျောတဲ့မျက်နှာပြင်၊ ချောင်းဆိုး၊ Mask၊ ဆံပင်၊ အမျိုးသမီး၊ ပိုးသယ်ဆောင်သူ၊ ခေါင်းလျှော်၊ ဦးရေပြား၊ အဆီလွှာ၊ antimicrobial effect

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မိသားစုဝင်အချင်းချင်း အဖျားမကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ

ကိုဗစ်ရောဂါ၊ တုပ်ကွေးမိ၊ အအေးပတ်၊ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကာကွယ်ဆေး၊ ဆပ်ပြာ၊ ရေ၊ လက်သန့်ဆေးရည်၊ ကူးစက်ပြန့်နှံ့မှု၊ အစားအသောက်၊ Social Distancing

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကလေးတွေဟာ တိတ်တဆိတ် COVID-19 ရောဂါပိုးဖြန့်ဝေသူတွေ ဖြစ်လာနိုင်သလား

COVID-19၊ ကူးစက်မှုနှုန်း၊ ကာကွယ်ဆေး၊ သေဆုံးသူ၊ ရောဂါပိုး၊ ရောဂါလက္ခဏာ၊ သံသယ၊ G614 မျိုးစိတ်၊ Positive၊ အသက်ရှူလမ်းကြောင်း၊ အသက်အရွယ်မရေး၊ နှာခေါင်းစည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အဖြစ်များသော အစာအိမ်အူလမ်းကြောင်းပြဿနာများ

အဖြစ်များသော အစာအိမ်အူလမ်းကြောင်းပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
သင့်အရေပြားနဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက် (၆) ချက်

သင့်အရေပြားနဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက် (၆) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 1 min read
ကလေး အစာမကြေဖြစ်နေလား ဘယ်လိုသိနိုင်မလဲ ..ဘယ်လိုကာကွယ်ကြမလဲ

ကလေး အစာမကြေဖြစ်နေလား ဘယ်လိုသိနိုင်မလဲ ..ဘယ်လိုကာကွယ်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 18, 2020 . 2 mins read
သိထားဖို့ လိုမယ့် ခွေးရူးပြန် ရောဂါပိုးအကြောင်း

သိထားဖို့ လိုမယ့် ခွေးရူးပြန် ရောဂါပိုးအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 10, 2020 . 2 mins read