သဘာဝအတိုင်း အသားအရေ လှပကျန်းမာဖို့ ဘာတွေက ကူညီပေးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
Share now

အရေပြားလေးကျန်းမာနေရင်၊ ကိုယ့်ရဲ့ အသားအရေလေး ကြည်လင်လှပနေရင် သိသာထင်ရှားတဲ့ အလှတရားတစ်ခုကို ပိုင်ဆိုင်ထားခြင်းလို့ မှတ်ယူကြတယ်။

တကယ်လည်းဟုတ်တယ်လေ။ အရေပြားဟာ ခန္ဓာကိုယ်မှာ အကြီးမားဆုံး အစိတ်အပိုင်းလို့ ဆိုကြတယ်မဟုတ်လား။ ဒီတော့ ကိုယ့်ရဲ့ အရေပြားလေး ကျန်းမာလှပနေရင် မြင်သူတိုင်း နှစ်လိုသဘောကျတဲ့ ဆွဲဆောင်မှုတစ်မျိုးကို ပိုင်ဆိုင်ရတာပဲပေါ့။

လူတိုင်းရဲ့ အရေပြားဟာ ညီညွတ်မျှတတဲ့ ဟန်ချက်တစ်ခုရှိနေဖို့ လိုအပ်တယ်လို့ အလှအပရေးရာ ကျွမ်းကျင်သူတွေက ဆိုကြတယ်။ မျှတလုံလောက်တဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းထားနိုင်ဖို့ပေါ့။ ဒီလိုအာဟာရဓာတ်တွေ လုံလောက်ပြည့်ဝနေမှ ပြင်ပကနေလာမယ့် အန္တရာယ်တွေကနေ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ကာကွယ်နိုင်စွမ်းနဲ့ ကြည်လင်လှပတဲ့ အသားအရည်ကိုပိုင်ဆိုင်နိုင်စွမ်းရှိနေမှာလေ။

ကြည်လင်လှပတဲ့ အသားအရေနဲ့ ကျန်းမာတဲ့ အရေပြားကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ခန္ဓာကိုယ်မှာ မဖြစ်မနေ ဖြည့်တင်းပေးရမယ့် အာဟာရဓာတ်တွေရှိနေပါတယ်။

အရေပြားလှပကျန်းမာဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကတော့

အဆီဆိုလို့ “ဟင်” ခနဲ ဖြစ်မသွားပါနဲ့ဦး။ အဆီတိုင်းက လူကို ဒုက္ခဖြစ်စေတာမဟုတ်ပါဘူး။ ကျန်းမာစေတဲ့ အဆီလည်း ရှိပါသေးတယ်။ အထူးသဖြင့် ကောင်းမွန်တဲ့အဆီတွေဟာ အရေပြားကြည်လင်တောက်ပဖို့နဲ့ အမည်းစက်တွေကင်းဖို့၊ ပျော့ပြောင်းနူးညံ့ဖို့၊ အရေပြားမခြောက်သွေ့ဖို့ ပံ့ပိုးပေးပါတယ်။ သဘာဝအတိုင်း Glow ချင်တယ်ဆိုရင် Omega-3s နဲ့ omega-6s တို့လို ကောင်းမွန်တဲ့ အဆီတွေပါဝင်တဲ့ သံလွင်ဆီတို့၊ အစေ့အဆံတို့၊ ထောပတ်သီး၊ ဆယ်လ်မွန်၊ ဆာဒင်း၊ မက်ကရီယယ်တို့လို့ငါးမျိုးတွေကို မှီဝဲပေးဖို့ လိုအပ်ပါတယ်။

အရေပြား ခိုင်မာအားကောင်းစေဖို့ ပရိုတိန်းဓာတ်လိုအပ်ပါတယ်။ ပရိုတိန်းမျိုးနွယ်ဝင် အမိုင်နိုအက်ဆစ်၊ ကော်လာဂျန်နဲ့ ကီရာတင်တို့လည်း လိုအပ်ပါတယ်။ ဒီပရိုတိန်းတွေက အိုမင်းရင့်ရော်မှုနဲ့ အရေးကြောင်းထတာတွေကို တားဆီးပေးပါတယ်။ နောက်ပြီး အမိုင်နိုအက်ဆစ်က နေရောင်ခြည်က ရောက်လာမယ့် ခရမ်းလွန်ရောင်ခြည်နဲ့ ဆေးလိပ်ငွေ့က ဓာတ်တုပစ္စည်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ပရိုတိန်းကို အသား၊ ပဲနဲ့ နို့တွေကနေ ရရှိနိုင်ပါတယ်။

  • ဗီတာမင် A

ဗီတာမင် A ဟာ အရေပြားရဲ့ အပေါ်ယံလွှာအတွက်ရော အောက်ခံလွှာအတွက်ပါ အထူးလိုအပ်ပါတယ်။ အဓိကအားဖြင့် နေရောင်ကြောင့် အရေပြားပျက်စီးမှုတွေကို ကာကွယ်ပေးတာပါ။ နောက်ပြီး ထိခိုက်နာကျင်မှုတွေကို လျောကျစေနိုင်သလို ဦးရေပြားကိုလည်း ကျန်းမာစေပါတယ်။ လိမ္မော်သီး၊ မုန်လာဥနီနဲ့ ဂေါ်ဖီထုပ်တွေမှာ ဗီတာမင် A ကြွယ်ဝစွာပါရှိပါတယ်။

  • ဗီတာမင် C

ဗီတာမင် C ဟာ အစွမ်းထက်လှတဲ့ Antioxidant တစ်မျိုးပါ။ အရေပြားကင်ဆာကို ကာကွယ်ရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်နေတဲ့ အာဟာရဓာတ်လည်းဖြစ်ပါတယ်။ ဗီတာမင် C ဓာတ်ချို့တဲ့ရင် ထိခိုက်ရှနာတွေ အလွယ်တကူဖြစ်တတ်ပြီး သွားဖုံးသွေးယိုစီးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဗီတာမင်စီကို လိမ္မော်၊ သံပုရာမျိုးနွယ်ဝင် သစ်သီးတွေကနေ ရရှိနိုင်သလို ငရုပ်ကောင်း၊ သင်္ဘောသီး၊ ကီဝီသီး၊ ဘရိုကိုလီ၊ ဟင်းနုနယ်နဲ့ ကညွတ်တွေကလည်း ရနိုင်ပါတယ်။

  • ဗီတာမင် E

သူလည်း Antioxidant တစ်မျိုးပါပဲ။ ဗီတာမင် E က နေရောင်ခြည်ကနေ စွမ်းအင်ကို စုပ်ယူပေးနိုင်တဲ့ သတ္တိရှိသလို အရေပြားပျက်ဆီးတာနဲ့ အရေးကြောင်းထတာတွေကို တားဆီးပေးနိုင်ပါတယ်။ ဗီတာမင် C နဲ့ ပေါင်းစပ်ပြီး စဲလ်တွေ ပိုမိုခိုင်မာလာအောင်လည်း အထောက်အကူပြုပါတယ်။ ဗီတာမင် E ကို ဟင်းရွက်ဆီတွေ၊ အဆေ့အစံတွေ၊ ဟင်းနုနယ်၊ ကညွတ်နဲ့ အစိမ်းရောင်ရှိတဲ့ အရွက်တွေကို မှီဝဲစားသုံးခြင်းဖြင့် ရနိုင်ပါတယ်။

  • Zinc

Zinc လို့ ခေါ်တဲ့ သွပ်ဓာတ်ကိုတော့ အရေပြားရဲ့ အောက်ဘက်အလွှာက ပိုမိုလိုအပ်ပါတယ်။ Zinc ဟာ ထိခိုက်ဒဏ်ရာတွေကို အလျှင်အမြန်ကျက်စေရာမှာ အရေးပါတဲ့ သက်စောင့်ဓာတ်တစ်မျိုးဖြစ်သလို Eczema လို ယားနာရောဂါတွေမဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

  • Selenium

ဆီလီနီယံကတော့ Antioxidants တွေ အရေပြားကို နေရောင်ခြည်ဒါဏ်ကနေ ကာကွယ်ပေးနိုင်ဖို့ နောက်ကွယ်ကနေ ကူညီပေးတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဆီလီနီယံဓာတ်လုံလောက်မျှတရင် အရေပြားကင်ဆာဖြစ်နိုင်ချေ နည်းပါးမှာဖြစ်ပါတယ်။ ဆီလီနီယံကိုတော့ အဆေ့အစံတွေ၊ မှိုတွေ၊ ပုဇွန်ဆိတ်၊ သိုးသား၊ ကဏန်း၊ ကမာ၊ ဂျုံ၊ ပင်လယ်ငါးတွေနဲ့ အမဲသားတို့လိုအရာတွေကနေ ရရှိနိုင်ပါတယ်။

  • ရေဓာတ်

အဓိက အကျဆုံးလို့တောင် ဆိုလို့ရပါတယ်။ ရေဓာတ်ဟာ အသားအရည်လှပဖို့အတွက်ရော ကျန်းမာဖို့အတွက်ပါ အရေးကြီးပါတယ်။ အရေးကြောင်းမထဖို့၊ အသားအရည်တင်းရင်းဖို့၊ အဆိပ်အတောက်ကင်းဖို့၊ ကြည်လင်ဖို့၊ စသဖြင့် အမျိုးမျိုး အကျိုးပြုတဲ့အရာပါ။ တစ်နေ့ကို ရေ ၈ ခွက်ထက်မနည်းသောက်ပေးရင် သင့်ရဲ့ အရေပြားသာမက ခန္တာကိုယ်ပါ အကျိုးကျေးဇူးကောင်းတွေ ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး

မိုးဦးကာလ ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး ပရိုတင်း အမျှင်ဓာတ် ကိုယ်ခံအား အစားအစာ အာဟာရဓာတ် ကြက်သွန်နီ ငရုတ်သီးစိမ်း ဟင်းလျာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပါးစပ်ထဲက တံထွေး ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲ။

တံထွေး အလှအပ ခန္ဓာကိုယ် ကျန်းမာရေး အကျိုးကျေးဇူး ကျန်းမာရေး ခံတွင်း အရေပြား အနာကျက် ခံတွင်းသန့် ဘက်တီးရီးယား သွားနဲ့ခံတွင်း အက်ဆစ်တွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကျားလိင်အင်္ဂါမှာ ဝဲခြောက်ယားနာ ဖြစ်နေခဲ့ရင်

လိင်အင်္ဂါ ဝဲခြောက် ယားနာ အရေပြား ကျန်းမာရေး တစ်ကိုယ်ရေသန့်ရှင်းမှု အဝတ်အစား လိင်ဆက်ဆံခြင်း ကပ်ပါး ယားယံခြင်း အနာ ပေါင်ခြံ တင်ပါး အမျိုးသား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ရေအေးနဲ့ ရေချိုးမလား၊ ရေနွေးနဲ့ပဲ ချိုးမလား

ရေပူ ရေနွေး ရေအေး ရေချိုးခြင်း ချွေးပေါက် အညစ်အကြေး ကြွက်သား အအေးမိဖျားနာ အရေပြား ယားယံခြင်း လေ့ကျင့်ခန်း သွေးတိုး ညောင်းညာကိုက်ခဲ ပေါ့ပါးလန်းဆန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ

တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 3 ဖတ်ရန် ကြာချိန်
မကြာခဏ ခေါင်းကိုက်တတ်သူ တစ်ယောက်အတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းများ

မကြာခဏ ခေါင်းကိုက်တတ်သူ တစ်ယောက်အတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
ဘော်ဒီ တက်လာအောင် ဘာတွေ စားရမလဲ

ဘော်ဒီ တက်လာအောင် ဘာတွေ စားရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 3 ဖတ်ရန် ကြာချိန်
ဗီတာမင် B က ခန္ဓာကိုယ်အတွက် ဘာတွေများ လုပ်ပေးလဲ။

ဗီတာမင် B က ခန္ဓာကိုယ်အတွက် ဘာတွေများ လုပ်ပေးလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်