backup og meta

လေဆာဖြင့် အသားအရေ ပြန်လည်ပြုပြင်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 31/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဆာဖြင့် အသားအရေ ပြန်လည်ပြုပြင်ခြင်း

    လေဆာဖြင့် အသားအရေ ပြန်လည်ပြုပြင်ခြင်း နဲ့ပတ်သက်ပြီး ဒီအချက်လေးတွေ သိပြီးပြီလား။ အသားအရေ ထိန်းသိမ်းခြင်းသည် မိန်းကလေးများ တွင်သာမက ယောက်ျားလေးများ အတွက်လည်း အရေးကြီးပါသည်။ အထူးသဖြင့် အသားအရေ တွန့်သူများ အမာရွတ်ရှိသူများသည် အသားအရေ ချောမွေ့စေရန် ပို၍ နုပျိုစေရန် ကုသမှု ရယူကြပါသည်။

    လေဆာဖြင့် အသားအရေ ပြန်လည်ပြုပြင်ခြင်း

    တိုးတက်လာသော နည်းပညာကြောင့် လေဆာဖြင့် ကုသခြင်းသည် အမာရွတ် ဖျောက်ရန် အသုံးပြုရာတွင် အလွန်ပင် ကျော်ကြားလာပါသည်။ အဆီပြန်သူများ ချွေးပေါက် ကျယ်သူများလည်း ကုသမှု ခံယူနိုင်ပါသည်။ ကုသရန်ရွေးချယ်ရန် နည်းလမ်းအမျိုးမျိုး ရှိပါသည်။ ဆရာဝန်နှင့် တိုင်ပင်၍ အကောင်းဆုံး နည်းလမ်းကို ရွေးချယ်ပါ။

    လေဆာဖြင့် ကုသခြင်းသည် ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်သနည်း။

    လေဆာဖြင့် ကုသခြင်းသည် အမာရွတ်များ အသားတွန့်ခြင်းများ အသားအရေ မညီညာခြင်းများအတွက် ကော်လဂျင်ဓါတ် ဖြည့်ဆည်းပေး၍ ကုသပေးပါသည်။ လေဆာ အမျိုးအစားများစွာ ရှိပါသည်။ လေဆာဖြင့် ကုသခြင်းဖြင့် အသားအရေ နုပျိုပြီး ချောမွေ့စေပါသည်။

    အဓိကသုံးသော လေဆာအမျိုးအစား နှစ်မျိုးရှိပါသည်။

    • ဖောက်ထွင်းလေဆာ – ဝက်ခြံနှင့် အမာရွတ် အသက်ကြီးခြင်းကြောင့် ဖြစ်ပေါ်လာသော အရေပြား တွန့်ခြင်းများအတွက် အသုံးပြုပါသည်။ အသုံးပြုသော ပါဝင်ပစ္စည်းများမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ER ဓါတ်များ ဖြစ်ပါသည်။ ယခုနည်းလမ်းမှာ ပျောက်ကင်းချိန်ပို၍ ကြာနိုင်ပါသည်။

    • မဖောက်ထွင်းလေဆာ – ယခုနည်းလမ်းမှာ မိမိအသားအရေရှိ ကော်လဂျင်ဓါတ်များ ဖြစ်ပေါ်မှုကို အားပေးပြီး အသားအရေကို ပိုမို တင်းရင်းစေပါသည်။ ယခုနည်းလမ်းမှာ Q လေဆာ ကာဗွန်ဒိုင်အောက်ဆိုဒ် လေဆာတို့ကို အသုံးပြုပါသည်။

    လေဆာနှင့် အသားအရေ ပြုပြင်ခြင်း၏ ဘေးထွက်ဆိုးကျိုးများမှာ အဘယ်နည်း။

    ထိုနည်းလမ်းမှာ အရေပြား ပါးသွားစေနိုင်သောကြောင့် ကုသမှုခံယူပြီး အသားအရေ ထိန်းသိမ်းခြင်းများ ပြုလုပ်ရပါမည်။ ဖြစ်လေ့ရှိသော အရေပြား ဓါတ်မတည့်မှုများမှာ

    • ယားခြင်း၊ ရောင်ခြင်း၊ နီခြင်း

    လေဆာဖြင့် ကုသမှု ခံယူပြီးပါက အသားအရေ ယားယံခြင်း၊ ရောင်ခြင်း၊ နီခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ ထိုဖြစ်စဉ်များသည် အကြာကြီး မဖြစ်ပေါ်တတ်သော်လည်း ပြင်းထန်လျှင် အချိန်ကြာနိုင်ပါသည်။ ယခင်ရှိခဲ့သော အရောပြား ရောဂါများကြောင့်လည်း နီရဲခြင်းများ ဖြစ်ပေါ်တတ်ပါသည်။

    • ဝက်ခြံများ

    လိမ်းဆေးထူထူ လိမ်းခြင်း မျက်နှာကို ပတ်တီးစည်းထားခြင်းတို့သည် မိမိ အခြေအနေများကို ပိုမို ဆိုးရွားစေသည့်အပြင် အဖုကလေးများလည်း ဖြစ်ပေါ်နိုင်ပါသည်။

    • ရောဂါပိုးမွှားများ

    လေဆာဖြင့် ကုသခြင်းသည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုရောဂါများ ဖြစ်ပေါ်စေနိုင်ပါသည်။

    • အသားအရေ အရောင်ပြောင်းလဲခြင်း

    ထိုကုထုံးသည် ရောင်ခြယ်ဓါတ်များခြင်း နည်းခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

    အမာရွတ်ကျန်ခြင်း

    ထိုကုထုံးသည် အမာရွတ် ကျန်နိုင်ပါသည်။

    လေဆာကုသခြင်းကို မည်သို့ ပြင်ဆင်မလဲ။

    မိမိသည် အသားညိုလျှင် ဓါတ်မတည့်ခြင်းများ ရှိလျှင် ယခင် မီးလောင်ဒဏ်ရာများ ရှိလျှင် ယခင် အမာရွတ်ရှိလျှင် ရောင်ခြည်နှင့် ထိတွေ့ဖူးလျှင် ယခုနည်းလမ်းသုံးရန် သင့်၊ မသင့် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ ယခင် ပါးစပ်တွင် အနာရှိလျှင် အဖုများရှိလျှင် ဆရာဝန်ကို ကြိုတင်၍ အသိပေးထားသင့်ပါသည်။

    ယခုနည်းလမ်းကို မသုံးမီ ဆရာဝန်သည် အရေပြား ထိန်းသိမ်းရေး နည်းလမ်းများ အရင်ပေးပါလိမ့်မည်။ ဓါတုဗေဒပစ္စည်းများနှင့် ချေးချွတ်ခြင်း သည်လည်း အသားအရောင်ကို ပြောင်းလဲနိုင်ပါသည်။ နေရောင်ကာကွယ်သည့် လိမ်းဆေးများ လိမ်းထားသင့်ပါသည်။

    လေဆာဖြင့် ပြုပြင်ပြီး ဘယ်လိုရလဒ်မျိုးများ ရရှိနိုင်မည်နည်း။

    ထိုနည်းလမ်းကို အရေပြား ဆရာဝန်နှင့် ပလတ်စတစ် ဆာဂျင်များမှ ပြုလုပ်ပေးနိုင်ပါသည်။ ဆေးရုံတက်စရာ မလိုပါ။ တစ်ထိုင်တည်း ပြုလုပ်နိုင်ပါသည်။ အရေပြားကု ဆေးခန်းများတွင် ထိုနည်းလမ်းများ ပြုလုပ်နိုင်ပါသည်။ ဝက်ခြံ ကုသမှုအပြင် မျက်လုံး၊ ပါးစပ်၊ နဖူး နားတစ်ဝိုက် အရေတွန့်ခြင်းတို့လည်း ကုသနိုင်ပါသည်။ ကုသရမည့် နေရာသေးလျှင် ထုံဆေးနှင့် ကုပေးပါမည်။

    မျက်နှာ တစ်ခုလုံးဆိုလျှင် မေ့ဆေးနှင့် ကုသပေးပါသည်။ မျက်နှာ၏ တစ်စိတ်တစ်ပိုင်းသာ ကုသမည်ဆိုပါက နာရီဝက်မှ ၄၅ မိနစ်အထိကြာနိုင်ပါသည်။ မျက်နှာ တစ်ခုလုံး ပြုလုပ်မည်ဆိုပါက ၂ နာရီခန့် ကြာမြင့်နိုင်ပါသည်။

    ကုသမှုယူပြီးလျှင် ဆရာဝန်က ပတ်တီးစည်းပေးပါမည်။ ၂၄ နာရီအတွင်း ထိုနေရာကို တစ်နေ့ ၄ ကြိမ်မှ ၅ ကြိမ် အထိ သန့်ရှင်းရေး လုပ်ပေးရပါမည်။ ထို့နောက် အဆီတစ်မျိုး လိမ်း၍ အနာဖေးဖြစ်ခြင်းမှ ကာကွယ်နိုင်ပါသည်။ ကုသမှု ခံယူပြီး ရောင်ခြင်းသည် ပုံမှန်ဖြစ်စဉ် ဖြစ်ပါသည်။ အရောင်သက်သာစေရန် ဆရာဝန်က အရောင်ကျဆေး ပေးပါလိမ့်မည်။ ခေါင်းအုံးတစ်လုံး ပိုခု၍ အိပ်ခြင်းဖြင့်လည်း အရောင်သက်သာစေပါသည်။

    လေဆာဖြင့် ကုသခြင်းသည် အသားအရေ အရောင်အသွေး ကောင်းစေရန် ပြုလုပ်သော နာမည်ကျော်ကြားသည့် နည်းလမ်းတစ်မျိုး ဖြစ်ပါသည်။ ဝက်ခြံ အမာရွတ်ရှိခြင်းကြောင့် စိတ်ဝေဒနာများ မခံစားရတော့ပါ။ ထိုကုသမှုမျိုးသည် မိမိအတွက် အဆင်ပြေ၊ မပြေ ဆရာဝန်နှင့် တိုင်ပင်ပါ။

    ရေးသားသူ− Dr Zin Thu Thu Win

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 31/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement