နောက်ကျောနဲ့ပခုံးမှာ ပေါက်တဲ့ဝက်ခြံတွေသက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ဝက်ခြံလို့ဆိုလိုက်ရင် မျက်နှာပေါ်မှာပေါက်တဲ့ ဝက်ခြံတွေကို အရင်ဆုံးပြေးမြင်မယ်ထင်ပါတယ်။ တကယ်ကတော့ ဝက်ခြံဆိုတာက မျက်နှာပေါ်မှာတင်မဟုတ်ပါဘူး။ ခန္ဓါကိုယ်ကချွေးပေါက်ရှိတဲ့နေရာတိုင်းမှာပေါက်နိုင်တာပါ။ ဒီတစ်ခေါက်တော့မျက်နှာပေါ်မှာမဟုတ်ဘဲနောက်ကျောနဲ့ပခုံးမှာပေါက်တဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်နေသူတွေအတွက် သက်သာစေမယ့် နည်းလမ်းလေးတွေပြောပြပေးပါရစေနော်။

နောက်ကျော နဲ့ ပခုံးမှာပေါက်တဲ့ ဝက်ခြံတွေကို ဘယ်လိုသက်သာအောင်လုပ်မလဲ……………..

ပခုံးနဲ့နောက်ကျောမှာပေါက်တဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီနည်းလမ်းတွေက အဆင်ပြေဆုံးဖြစ်မှာပါ။

Tea Tree Oil

Tea tree oil ၇ စက်စာကို အုန်းဆီ ၁ စက်နဲ့ရောစပ်ပြီး ညအိပ်ရာမဝင်ခင်မှာကျောမှာလူးအိပ်လိုက်ပါ။ မနက်နိုးတဲ့အခါရေချိုးချလိုက်ပါ။ ဒါကလည်း ပခုံးနဲ့နောက်ကျောကဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။

ရှားစောင်းလက်ပပ်

ဝက်ခြံဖြစ်တဲ့နေရာကို ရှားစောင်းလက်ပပ်ဂျယ်လီသားနဲ့ပွတ်ပေးပြီး မိနစ် ၃၀လောက်ထားလို့ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါ။

သံပရာရည်

သံပရာသီးကိုအရည်ညှစ်ပြီး ဂွမ်းစလေးနဲ့တို့ပြီး ဝက်ခြံဖြစ်တဲ့နေရာတွေမှာ လိမ်းပေးပါ။ မိနစ် ၃၀လောက်ထားပြီးရေဆေးချလိုက်ပါ။

ပန်းသီးရှာလကာရည်

ရေတစ်ခွက်စာကို ပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ရောစပ်လိုက်ပါ။ ဂွမ်းစလေးနဲ့ တို့ပြီး ဝက်ခြံတွေပေါ်မှာလိမ်းပေးပါ။ မိနစ် ၂၀ ကနေ နာရီဝက်လောက်ထားပြီးရေဆေးချလိုက်ပါ။

အုန်းဆီ

အုန်းဆီစစ်စစ်ကို လက်ဖဝါးမှာပွတ်လို့ဝက်ခြံဖြစ်တဲ့နေရာတွေမှာလူးပေးပါ။ ညင်ညင်သာသာလေးနှိပ်နယ်ပေးပါ။ မိနစ် ၂၀လောက်ထားပြီးရေချိုးချလိုက်ပါ။

ဒိန်ချဉ်

ဒိန်ချဉ်ကို ဝက်ခြံတွေပေါ်မှာလိမ်းပေးပါ။ပြီးရင် မိနစ် ၂၀လောက်ထားပြီးရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။

လက်ဖက်စိမ်းရေနွေးကြမ်း

လက်ဖက်စိမ်းရေနွေးကြမ်းကို ဂွမ်းစလေးနဲ့တို့ပြီး ဝက်ခြံတွေအပေါ်မှာ လိမ်းပေးပါ။ ဒီလိုလုပ်ပေးတာက ဘက်တီးရီးယားကို နှိမ်နှင်းပေးပြီး ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။

ကဲ…ပခုံးနဲ့နောက်ကျောကဝက်ခြံတွေကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရိုးနဲ့ကြွက်သားတွေအတွက် ဒါတွေစားပါ

အသက်အရွယ် အရိုး အရိုးနဲ့ကြွက်သား အာဟာရဓာတ် ကယ်လ်ဆီယမ် ပရိုတင်း အစားအစာတွေ ဒိန်ချဉ် နွားနို့ အရိုးနဲ့သွားတွေ အဆီထုတ်ထားတဲ့နို့ ဆယ်လ်မွန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Prebiotic နဲ့ Probiotic ဘာကွာလဲ

Prebiotic Probiotic သားသမီး မေမေတို့ ဘာကွာလဲ အနာဂတ် အစာအိမ်နဲ့အူလမ်းကြောင်း အသက်ရှူလမ်းကြောင်းပြဿနာတွေ ကလေးရဲ့ဦးနှောက် အမျှင်ဓာတ်များတဲ့အစားအစာတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

အရိုးနဲ့ကြွက်သားတွေကို အားဖြည့်ပေးမယ့် စားသောက်မှုပုံစံ

ဗီတာမင် သတ္တုဓာတ် အစားအသောက် ကိုယ်အလေးချိန် ခန္ဓာကိုယ် အရိုး ကြွက်သား ကျန်းမာရေးနဲ့ ညီညွတ်အောင် အစားအစာ အဆီထုတ်နို့ ကယ်လ်ဆီယမ် အစာခြေစနစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အစားအစာများထဲမှာ ခိုအောင်းနေနိုင်သော ကပ်ပါးပိုးနှင့် ဘက်တီးရီးယားများ

ဘက်တီးရီးယား အစားအစာ ရောဂါပိုးကူးစက်ခြင်း ကပ်ပါးပိုး တုတ်ကောင် တစ်ကိုယ်ရေသန့်ရှင်းရေး အသီးအနှံများ သန်လုံးကောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

Skin care တိုင်း ဝက်ခြံကင်းသလား........

Skin care တိုင်း ဝက်ခြံကင်းသလား……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020
ညအိပ်တဲ့အခါ ဆံပင်ကို စည်းသင့်၊ မစည်းသင့်

ညအိပ်တဲ့အခါ ဆံပင်ကို စည်းသင့်၊ မစည်းသင့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020
Hidradenitis suppurativa ( HS ) ပြည်တည်နာ တစ်မျိုး

Hidradenitis suppurativa ( HS ) ပြည်တည်နာ တစ်မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
အမျိုးသားတိုင်း ကျင့်သုံးသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ

အမျိုးသားတိုင်း ကျင့်သုံးသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020