သကြားညိုနှင့် အသားအရေထိန်းသိမ်းခြင်း လျှို့ဝှက်ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ကျွန်တော်တို့မြန်မာပြည်မှာတော့ သကြားညိုကို အသုံးပြုတာ ရှားပါတယ်။ သူက အချိုဓါတ်အရသာ ပေးစွမ်းပေမယ့် သကြားအဖြူလိုမျိုး ဆီးချိုေရာဂါဖြစ်စေတဲ့အထိတော့ ဒုက္ခမပေးပါဘူး။ ဟင်းချက်တဲ့နေရာမှာရော၊ မုန့်ဖုတ်တဲ့နေရာမှာပါ အသုံးပြုလို့ရတဲ့ သကြားညိုဟာ အသားအရေထိန်းသိမ်းတဲ့ နေရာမှာလည်း သုံးလို့ရနိုင်တယ်ဆိုရင် စိတ်ဝင်စားကြမလား ပျိုမေတို့ရေ။

သကြားညိုနှင့် အသားအရေထိန်းသိမ်းခြင်းရဲ့ ကောင်းကျိုးများ

၁။ အရေပြားအပေါ်ယံက ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ခြစ်ထုတ်တဲ့နေရာမှာ သကြားညိုကို အသုံးပြုနိုင်ပါတယ်။ နူးညံ့အိစက်တဲ့ အထိအတွေ့လေးနဲ့ အစိုဓါတ်ပါထိန်းပေးလို့ မျက်နှာကြေးချွတ်ြပီးသွားရင်တောင် အသားအရေကို ခြောက်သွားတာမျိုး မဖြစ်စေဘဲ အေးမြစိုပြေစေပါတယ်။

၂။ ချွေးပေါက်ထဲမှတစ်ဆင့် အရေပြားအောက်အလွှာတွေအထိ အစိုဓါတ်နဲ့ ရေဓါတ်ကို ဖြည့်ပေးလို့ အသားအရေမွဲခြောက်နေတာမျိုး မရှိဘဲ ကြည်ကြည်လေးနဲ့ သန့်နေစေပါတယ်။

၃။ အမြဲတမ်း အသုံးပြုပေးမယ်ဆိုရင် နဂိုအသားအရေထက် ဝင်းမွတ်တောက်ပလာပြီး နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးတဲ့ဒဏ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

၄။ ဝက်ခြံ၊ အဖုအပိမ့်၊ အမာရွတ်တွေကိုလည်း သက်သာပျောက်ကင်းစေတယ်။ ဘက်တီးရီးယားပိုးကိုလည်း သေစေလို့ အရေပြားပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

၅။ ခန္ဓါကိုယ်ရဲ့ မယ်လနင်ထုတ်လုပ်နှုန်းကို ထိန်းညှိပေးလို့ အသားမည်းသွားတာ၊ မွဲခြောက်ခြောက်နဲ့ ကြမ်းနေတာ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာ၊ အရေးအကြောင်းထင်တာတွေကို ကာကွယ်ပေးပါတယ်။

၆။ ဘယ်လိုအသားအရေမျိုးအတွက် မဆို အဆင်ပြေစေပြီး အရမ်းလည်း မကြမ်းတာမို့ သုံးပြီးတာနဲ့ အသားအရေပွန်းပဲ့မှာ၊ ဓါတ်မတည့်ဖြစ်မှာကို ပူစရာမလိုပါဘူး။

ဒါဆိုရင် သကြားညိုကို ဘယ်လိုအသုံးပြုမလဲ။

၁။ ပျားရည်နဲ့ သကြားညိုကို ဆတူရောစပ်ပြီး သမအောင် မွှေပေးပါ။ လာဗင်ဒါ သို့မဟုတ် စံပါယ်ပန်းအဆီအနှစ် နည်းနည်းလောက် ထပ်ရောပြီးရင် ရလာတဲ့ အနှစ်ကို မျက်နှာ၊ လည်ပင်းနေရာအနှံ့ကို သုတ်လိမ်းပြီး သကြားတွေ အရေပြားပေါ်မှာ အရည်ပျော်သွားတဲ့အထိ နှိပ်နယ်ပေးပါ။ ၅မိနစ်လောက်ထားပြီးသွားရင် ရေကျက်နွေးနဲ့ ပြောင်စင်အောင် ဆေးလိုက်ပါ။

၂။ သကြားညိုထဲကို အုန်းဆီလိုသလောက်ထည့်ပြီး သမအောင်မွှေပေးပါ။ စေးပျစ်ပျစ် အနှစ်မျိုးရလာပြီဆိုရင် အရေပြားအနှံ့ကို သေချာပွတ်လိမ်းပေးပါ။ ဝက်ခြံ၊ အဖုအပိမ့်တွေရှိရင်တော့ ဖြည်းဖြည်းချင်း စက်ဝိုင်းပုံသဏ္ဍာန် ပွတ်ပေးရပါမယ်။ ပြီးသွားပြီဆိုရင် ရေကျက်နွေးနဲ့ ပြန်ဆေးချလိုက်ပါ။ အုန်းဆီအစား သံလွင်ဆီ၊ အော်လ်မွန်စေ့အဆီကို အသုံးပြုလို့လည်း ရပါတယ်။

၃။ အသားအရေအတွက် နတ်ဆေးတစ်ပါးလို့ခေါ်တဲ့ ရှားစောင်းလက်ပပ်မှရတဲ့ အနှစ်ကို သကြားညိုရောပြီး အသုံးပြုလို့လည်း အဆင်ပြေပါတယ်။ ဒီလိုမှမဟုတ်ဘဲ ပျားရည်၊ နွားနို့၊ သံပရာရည်နဲ့လည်း ရောမွှေပြီး လိမ်းလို့အဆင်ပြေပါတယ်။

ဒီနည်းလမ်းတွေကို တစ်ပတ် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက်လုပ်ပေးရုံနဲ့ လုံလောက်ပါတယ်။ နေ့တိုင်းလိုလို လုပ်တာထက် နှစ်ရက်ခြား တစ်ခါလောက် လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒီကိုယ်တိုင်လုပ် Scrub လေးတွေ အသုံးပြုပြီးသွားရင် အသားအရေကို အစိုဓါတ်ထိန်းခရင်မ်နဲ့ ပြန်လိမ်းပေးနိုင်ရင်တော့ အချိန်တိုအတွင်း သိသာတဲ့ရလဒ်ကောင်းကို ပိုင်ဆိုင်ရမှာပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘော်ဒီရော၊ အသားအရေပါလှစေဖို့ လေ့ကျင့်ခန်းမှန်မှန်လုပ်ကြစို့

ခန္ဓာကိုယ် skincare အသားအရေလှပခြင်း အသားအရေ အရေးအကြောင်း လေ့ကျင့်ခန်း ဝက်ခြံ ကော်လာဂျင် ဆံပင်သန်စွမ်း အလှအပထိန်းသိမ်းခြင်း စိတ်ဖိစီးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Yee Mon Lwin

နှာခေါင်းတဝိုက် ယားယံနေတဲ့ ဆားဝက်ခြံတွေကို ၁၀ မိနစ်နဲ့ ဖယ်ရှားကြမယ်

ဆားဝက်ခြံ ဝက်ခြံပြဿနာ နှာခေါင်း မျက်နှာအသားအရေ အသားအရေထိန်းသိမ်းခြင်း ဝက်ခြံပျောက်ကင်းခြင်း ကုသနည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

အသားအရေထိန်းပစ္စည်းတွေနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့အယူအဆများ

skincare အသားအရေထိန်းပစ္စည်း မှားယွင်းတဲ့အယူအဆ အသားအရေ အရေးအကြောင်း Sunscreen ချွေးပေါက် မိတ်ကပ် အလှအပ အဆီပြန်အသားအရေ အသားဖြူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Yee Mon Lwin

စားပြီးသား ငှက်ပျောခွံက ဘယ်လိုအသုံးဝင်သလဲ

ငှက်ပျောသီး ငှက်ပျောခွံ အသီးအနှံ အသားအရေ အသုံးဝင်ပုံ သဘာဝအသီးအနှံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

လည်ပင်း အသားအရေ အရောင်မညစ်စေဖို့ နည်းလမ်းကောင်း (၈) ခု

လည်ပင်း အသားအရေ အရောင်မညစ်စေဖို့ နည်းလမ်းကောင်း (၈) ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 11, 2020
အမျိုးသား တွေရဲ့ မျက်နှာအဆီပြန်ခြင်း ပြဿနာ ဒီလိုဖြေရှင်းပါ

အမျိုးသား တွေရဲ့ မျက်နှာအဆီပြန်ခြင်း ပြဿနာ ဒီလိုဖြေရှင်းပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 10, 2020
ခရီး မှာ အသားအရေ ဂရုစိုက်ဖို့ မသိမဖြစ်အချက်လေးတွေ

ခရီး မှာ အသားအရေ ဂရုစိုက်ဖို့ မသိမဖြစ်အချက်လေးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 21, 2020
မျက်နှာပေါင်းတင်ဖို့ Sheet Mask သုံးမယ်ဆိုရင် ဒါတွေသိထားပေးပါ

မျက်နှာပေါင်းတင်ဖို့ Sheet Mask သုံးမယ်ဆိုရင် ဒါတွေသိထားပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 19, 2019