ဝမ်းဗိုက်ရဲ့ ချက်က နံနေတယ်ဆိုရင် ဒါတွေကို စစ်ကြည့်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 11, 2020 . 2 mins read
Share now

ဝမ်းဗိုက်အောက်နား ဆီးစပ်မရောက်ခင်လေးမှာ ချက်ရှိတာကို အားလုံးလည်း သိကြမှာပါ။ ကလေးမွေးပြီးတဲ့အခါ မိခင်နဲ့ ချိတ်ဆက်ထားတဲ့ ချက်ကြိုးကို ဖြတ်ထုတ်ပစ်လိုက်ရပြီး ထိုနေရာမှာ ချက်အဖြစ် ကျန်နေခဲ့ပါတယ်။

ပုံမှန်အားဖြင့်တော့ ချက်ဟာ အနံ့ဆိုးတွေ မထွက်တတ်သလို ထွက်လာခဲ့ရင်လည်း နှာခေါင်းနဲ့ အလွန်ဝေးတဲ့နေရာမှာ ရှိနေတဲ့အတွက် တော်ရုံအနံ့မျိုးလောက်နဲ့တော့ သိနိုင်မှာမဟုတ်ပါဘူး။ အကယ်လို့ ကိုယ့်နှာခေါင်းထဲမှာ အနံ့တစ်ခုခု အမြဲရနေလို့ ချက်ကထွက်လာတယ်လို့ သံသယရှိရင် ဒီအချက်တွေကို သေချာစစ်ကြည့်သင့်ပါတယ်။

ဘာတွေကို အရင်ဆုံးစစ်မလဲ။

• ပုံမှန်မဟုတ်သော ပြည်ကဲ့သို့ အရည်များ စိမ့်ထွက်နေခြင်း (အဖြူရောင်၊ အဝါရောင်၊ စိမ်းဖန့်ဖန့်အရောင်)
• ရောင်ရမ်းပြီး နီရဲနေခြင်း
ယားယံနေခြင်း
• နာကျင်မှုရှိခြင်း
• ပိုးကောင် တစ်ကောင်ကောင် ဖြတ်သွားနေသလို ခံစားရခြင်း
ဝမ်းဗိုက်မှာ အကျိတ်လုံးလို စမ်းမိခြင်း
• အဖျားတက်ခြင်း စတဲ့ လက္ခဏာတွေကို စစ်ဆေးကြည့်ပါ။

ဘာကြောင့် ချက်ကနေ အနံ့ဆိုးထွက်နိုင်တာလဲ။

၁။ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်း

ပုံမှန်အားဖြင့် ဒီအချက်ကြောင့် ဝမ်းဗိုက်ချက်ကနေ အနံ့ဆိုးထွက်လာတာ အဖြစ်များပါတယ်။ ရေချိုးတိုင်း ဝမ်းဗိုက်ချက်အတွင်းကို သန့်ရှင်းရေးလုပ်ဖို့ မေ့သွားရင်းကနေ ကြာလာတဲ့အခါ ချေးညှော်နဲ့ အညစ်အကြေးများ ပိတ်မိပြီး ရောဂါပိုးပွားများလာတတ်ပါတယ်။ ချက်ပေါက်က အတွင်းထဲထိ ချိုင့်ဝင်နေတဲ့သူတွေဆိုရင် ချေးပိတ်မိဖို့ အခွင့်အလမ်းပိုများပါတယ်။

ချေးညှော်များ ပိတ်မိတဲ့နေရာမှာ ဘက်တီးရီးယားများ ခိုအောင်းနေတဲ့အတွက် ဒီနေရာကနေ အနံ့ဆိုးအပြင် တခြား အရေပြားဆိုင်ရာ ရောဂါများ၊ ချက်ပိုးဝင်ခြင်း၊ ပြည်များယိုစိမ့်ထွက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

၂။ ရောဂါပိုးဝင်ခြင်း

ကန်ဒီဒါ (Candida) လို့ ခေါ်တဲ့ မှိုပိုးတစ်မျိုးဟာ ခန္ဓာကိုယ်ရဲ့ အရေပြားချင်းထိတွေ့မှုများပြီး စိုစွတ်တဲ့၊ ပူနွေးတဲ့၊ အလင်းနဲ့ ထိတွေ့မှုနည်းတဲ့ နေရာအစိတ်အပိုင်းတွေမှာ ပွားများလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် လိင်အင်္ဂါနဲ့ ချိုင်းကြားမှာ မှိုရောဂါစွဲကပ်တာ အဖြစ်များပေမယ့် ချက်ကိုလည်း လုံးဝသန့်ရှင်းရေး မလုပ်ဘူးဆိုရင်တော့ ဒီမှိုပိုး ဝင်ရောက်ကူးစက်ခံရနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်များတဲ့ ဆီးချိုရောဂါရှင်တွေ၊ ကိုယ်ခံအားနည်းနေသူတွေ၊ လတ်တလော ဝမ်းဗိုက်ကို ခွဲစိတ်ကုသမှု ခံယူထားသူတွေမှာ ဒီပြဿနာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အဓိက ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်တဲ့ပြဿနာမို့ အနံ့ဆိုးအပြင် ပြည်အရည်တွေပါ စိမ့်ထွက်ပြီး ချက်ပတ်ပတ်လည်မှာ နီရဲရောင်ရမ်းနေတတ်ပါတယ်။

၃။ အကျိတ်ဖြစ်နေခြင်း

Epidermoid cyst လို အရေပြားရဲ့ အပေါ်ယံလွှာမှာ ဖြစ်တည်သော အကျိတ်၊ Pilar Cyst ကဲ့သို့ ဆံသားမွေးညှင်းပေါက်နားတွင် ဖြစ်တည်သော အကျိတ်၊ ဆဘေးရှပ်စ် ဂလန်း (Sebaceous Glands) မှာ ဖြစ်တည်သော အကျိတ်တွေကြောင့်လည်း ချက်ကနေ အနံ့ဆိုးထွက်နိုင်ပါတယ်။

ဒီအရေပြားအကျိတ်များ ရှိနေတဲ့အခါ ချက်ပတ်လည်ကို စမ်းကြည့်လိုက်ရင် အဖုလုံးလို ခံစားရနိုင်ပါတယ်။ များသောအားဖြင့် ချက်မှာဖြစ်သော အကျိတ်များ ကြီးလာပြီးပေါက်သွားတဲ့အခါ အနာထဲသို့ ရောဂါပိုးဝင်ပြီး အနံ့ဆိုးထွက်သလို အနာကနေ ထွက်လာတဲ့ပြည်အရည်တွေကြောင့်လည်း အနံ့ဆိုးထွက်နိုင်ပါတယ်။

ဘယ်လို ကုသမှုခံယူမလဲ။

၁။ တစ်ကိုယ်ရေသန့်ရှင်းမှုကြောင့် ဖြစ်သော ပြဿနာအတွက် ဆရာဝန်ပြစရာမလိုပါဘူး။ အဓိက ချက်ပတ်လည်ကို နေ့စဉ် ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးမယ်ဆိုရင် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အနံ့ဆိုးများ ပျောက်သွားနိုင်ပါတယ်။ အဓိက လုပ်ပေးဖို့ လိုအပ်တာတွေကတော့

• အဝတ်သန့်သန့် တစ်ထည်ကို ဆပ်ပြာနည်းနည်းစွတ်ပါ။
• လက်ညှိုးထိပ်တွင် အဝတ်ပတ်ထားပြီး ချက်အတွင်းထဲသို့ ပွတ်သုတ်ပေးပါ။
• အထဲထိ ထိုးထည့်တာမျိုး၊ ကုတ်ခြစ်တာမျိုး မလုပ်ပါနဲ့။
• ပြီးသွားတဲ့အခါ ရေနဲ့ သေချာပြောင်စင်အောင် ဆေးကြောပါ။
• ရေချိုးပြီးသွားရင် ရေခြောက်အောင် သုတ်ပြီးမှ အဝတ်အစားဝတ်ပါ။
• မလိုအပ်ဘဲ ချက်နေရာကို လက်နဲ့ထိကိုင်တာ၊ ပွတ်တာမျိုးကို ရှောင်ပါ။

၂။ ရောဂါပိုးဝင်တဲ့ ပြဿနာမှာ အရင်ဆုံး အပေါ်မှာ ပြထားခဲ့တဲ့နည်းလမ်းအတိုင်း ချက်ကို နေ့စဉ်သန့်ရှင်းရေး ပြုလုပ်ပါ။ ချက်နေရာကို ခြောက်သွေ့နေအောင် ထားပေးပါ။ ကျပ်လွန်းတဲ့ အဝတ်တွေကို ဝတ်တာ ရှောင်ပါ။ တစ်ပတ်လောက်နဲ့ မသက်သာတဲ့အခါ ဆရာဝန်နဲ့ သေချာပြသပြီး ညွှန်းပေးလိုက်တဲ့ လိမ်းဆေးကို သေချာလိမ်းပါ။

၃။ ရိုးရိုးဖြစ်တဲ့ အကျိတ်အတွက် ထူးထူးခြားခြား ကုသမှုခံယူစရာမလိုပါဘူး။ ဒီအကျိတ်က ပေါက်ပြီး ရောဂါပိုးဝင်သွားတဲ့အခါမျိုး၊ ခန္ဓာကိုယ်ထဲ ဖြစ်နေတဲ့ အကျိတ်ကြောင့် အလွန်စိုးရိမ်ပူပန်နေရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆရာဝန်အနေနဲ့ အကျိတ်ကို ဖယ်ရှားပေးဖို့ ဆေးထိုးတာ၊ ဆေးထိုးအပ်ဖြင့် စုပ်ယူတာ၊ အကျိတ်တစ်ခုလုံးကို ခွဲစိတ်ဖယ်ရှားတာမျိုး လုပ်ပေးနိုင်ပါတယ်။

ချက်နေရာနဲ့ ပတ်သက်ပြီး လူတော်တော်များများက နေ့စဉ်သန့်ရှင်းရေးလုပ်ဖို့ မေ့တတ်ကြပါတယ်။ တကယ်တော့ အရေပြားဆိုတာ အမြဲတမ်း ချွေးထွက်ပြီး ဆဲလ်အသေတွေနဲ့ စုနေတဲ့အတွက် ရေကို ပုံမှန်ချိုးပေးဖို့လိုအပ်သလို အမြဲတမ်း သန့်ရှင်းအောင် ထားတတ်ဖို့လည်း အလွန်အရေးကြီးပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီဆိုရင် သေချာတာကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

မျက်ရည်ယိုဗုံး တွေကို chloroacetophenone (CN) နဲ့chlorobenzylidene malononitrile (CS) တို့ အပါအဝင် အမျိုးမျိုးသော ဒြပ်ပေါင်းတွေနဲ့ ပြုလုပ်ထားတာပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘရာ Size မှားနေပြီလား

အမျိုးသမီးတွေအတွက် အတွင်းခံအဝတ်တွေရဲ့ ပါဝင်ပတ်သက်မှုက အရမ်းအေရေးပါလှပါတယ်။ တစ်ခါတစ်လေမှာ ဘရာ Size မှားနေပြီလား လို့ တွေးမိလာချိန်တွေ ရှိလာပါလိမ့်မယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read